ထိုင်းစျေးကွက်တွင် ရောင်းအားကောင်းနေသည့်မြန်မာ့ငှက်ပျော

Tue, 12/06/2022 - 03:53 -- DotBorderdep

တနင်္သာရီတိုင်းသည် မြေမျက်နှာသွင်ပြင် ပထဝီအနေအထားအရ ပင်လယ်သမုဒ္ဒရာကြီးနှစ်ခုကြား တွင် တည်ရှိနေသည့်အတွက် မိုးများပြီး ပူးနွေးစိုစွတ်သည့် ရာသီဥတုရှိပါသည်။ ၎င်းဒေသတွင် ရော်ဘာ၊ သီဟိုဠ်၊ ကွမ်းသီး၊ ငှက်ပျော၊ သင်္ဘောသီးနှင့် ဆီအုန်းပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိပါသည်။ အဆိုပါ သီးပင်စားပင်များအနက် ရခိုင်ငှက်ပျောသီးမှာ စိုက်ပျိုးရလွယ်ကူပြီး အသီးဖြစ်ထွန်းမှု အားကောင်းသည့် သီးပင်ဖြစ်သည်။

          ထိုင်းနိုင်ငံပြည်သူများသည် ငှက်ပျောသီးကို အစိမ်း(သို့)အမှည့် ကြော်စားကြပြီး၊ အစိမ်းကို ကြော်ပါက အကြွပ်ကြော်၍ သကြား၊ ပျားရည်နှင့် လည်းစားကြသည်။ ယခုရက်ပိုင်းတွင် ထိုင်းနိုင်ငံ၌ နှစ်ကုန်ဈေး​ရောင်းပွဲတော်ရှိသဖြင့် စားသောက်ဆိုင်များ၊ သစ်သီးဆိုင်နှင့် အအေးဆိုင်များတွင် ငှက်ပျောသီး လိုအပ်ချက်များမြင့်မားနေသည့်အတွက် ဈေးကွက်လိုအပ်ချက်အရ မြန်မာ့ငှက်ပျောသီးမှာလည်း အရောင်းအဝယ် ပိုမိုအားကောင်းလာသည်။

Border Trade News

Pages