တာချီလိတ်ဒေသကုန်သွယ်မှု

Tue, 02/07/2023 - 04:19 -- DotBorderdep

       တာချီလိတ်ကုန်သွယ်ရေးစခန်းမှ လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် လိမ္မော်သီး၊ ကော်ဖီစေ့ နှင့် လက်ဖက်ခြောက်များကိုလည်းကောင်း၊ ရေထွက်ပစ္စည်းများဖြစ်သည့် ပုစွန်ဖွဲနှင့် ကတ္ထူစက္ကူ အဟောင်းများ၊ ပလပ်စတစ်ဘူးခွံအဟောင်းများကို တင်ပို့လျက်ရှိပါသည်။ အများ ဆုံးပို့ကုန် အနေဖြင့် ပြောင်းများအားတစ်ဖက်ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ရရှိရေး အတွက် Form D အကျိုးခံစားခွင့်ဖြင့် တင်ပို့လျှက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလပထမပတ်တွင် ပြောင်း တန်ချိန် (၁၆၅)တန်၊ တန်ဖိုး (၁၇၃၃၇၇၈) ဘတ်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ငွေလဲနှုန်းအနေဖြင့် ယခုအပတ်တွင် ကျပ်ငွေ (၁)သိန်း လျှင် (၁၁၅၅) ဘတ် ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရ ပါသည်။

     တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း များနှင့်လူသုံးကုန်ပစ္စည်းများအား တင်သွင်းလျက်ရှိပါသည်။ အများဆုံးသွင်းကုန်အနေဖြင့် ဒေသ တွင်းသုံးစွဲရန် လိုအပ်သောဘိလပ်မြေနှင့် စက်သုံးဆီတို့ကိုအများဆုံးတင်သွင်းပါသည်။ ဘိလပ် မြေ၊ လယ်ယာထွန်စက်၊ သွပ်ပြား၊ ဆပ်ပြာ၊ အားကစားပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် အခြားပစ္စည်းများ ပိုမိုတင်သွင်းခဲ့သောကြောင့် ကုန်သွယ်မှုအနေဖြင့် သွင်းကုန်တန်ဖိုးပိုမိုခဲ့ခြင်း ဖြစ်ပါသည်။ ငွေလဲနှုန်းအနေဖြင့် ယခုအပတ်တွင် ကျပ်ငွေ(၁)သိန်းလျှင် (၁၁၅၅)ဘတ် ဖြစ်ပေါ်ခဲ့ ကြောင်းသိရှိရပါသည်။

Border Trade News

Pages