တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်/သွင်းကုန် ကုန်သွယ်နိုင်မှုအခြေအနေ

Wed, 05/24/2023 - 13:09 -- DotBorderdep

    တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ပို့ကုန်အပိုင်းတွင် ယခင်အပတ်ထက် သစ်ခေါက် (၁၅.၈) တန်၊ (၀.၀၀၅)ဒေါ်လာသန်း၊ ပလပ်စတစ် ဘူးခွံအဟောင်း (၂၄)တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်း နှင့် ဘူးခွံအဟောင်း (၂၈) တန်၊ (၀.၀၀၃) ဒေါ်လာသန်း လျော့နည်းတင်ပို့ခဲ့သော်လည်း ပြောင်း (၈၆၀.၅၄၉)တန်၊ (၀.၂၅၉) ဒေါ်လာသန်း၊ ရာဘာစေး (၂၀)တန်၊ (၀.၀၂၀)ဒေါ်လာသန်း၊ ဇီးသီးစေ့ (၁၄)တန်၊ (၀.၀၁၁)ဒေါ်လာသန်း၊ ပုဇွန်ဖွဲ (၈၅)တန်၊ (၀.၀၃၉)ဒေါ်လာသန်း၊ ကြေးနီ(copper) (၂၂၉) တန်၊ (၀.၀၇၆)ဒေါ်လာသန်းနှင့် ကတ္ထူစက္ကူအဟောင်း (၆၄)တန်၊ တန်ဖိုး (၀.၀၀၇) ဒေါ်လာသန်း ပိုမိုတင်ပို့ခဲ့သောကြောင့် ပို့ကုန်တန်ဖိုး ပိုမိုရခြင်းဖြစ်သည်။ ငွေလဲနှုန်းအနေဖြင့် ကျပ်တစ်သိန်း လျှင် ဘတ်(၁၁၇၀)ဖြစ်သည်။

     တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် သွင်းကုန်ပိုင်းတွင် ယခင်အပတ်ထက် ဘိလပ်မြေ၊ လယ်ထွန်စက်များ၊  တွင်းထွက်(သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ၊ ပလပ်စတစ်ကုန်ကြမ်း ပစ္စည်းများ၊ သွပ်ပြားနှင့် အားကစားပစ္စည်းများ ပိုမိုတင်သွင်းခဲ့သော်လည်း စက်နှင့်စက်ပစ္စည်းများ၊ လျှပ်စစ်ဓါတ်ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ၊ သံနှင့် သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ ရေနံထွက်ပစ္စည်းများ၊ လုပ်ငန်းသုံးသီးနှံဆီများ၊ ဓါတုဗေဒပစ္စည်းများ၊ သုတ်ဆေး၊ ပေါ်လစ်များ၊ သံနှင့် သံမဏိပစ္စည်းများ၊ သတ္ထုကုန်ကြမ်းပစ္စည်းများ၊ တာယာနှင့် ကျွတ်များ၊ ချည်ထည်များ၊ အလှကုန်ပစ္စည်းမျိုးစုံ၊  မီးဖိုချောင်သုံးပစ္စည်းများနှင့် အခြားပစ္စည်းများ လေျာ့နည်းတင်သွင်းခဲ့ခြင်း ကြောင့် သွင်းကုန်တန်ဖိုး လျော့နည်းရခြင်းဖြစ်သည်။

Border Trade News

Pages