စစ်တွေကုန်သွယ်ရေးစခန်း၏ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့၏ ဒီဇင်ဘာလအတွင်း ကုန်သွယ်မှု အခြေအနေအား နှိုင်းယှဉ်သုံးသပ်

Thu, 01/12/2023 - 03:24 -- DotBorderdep

၂၀၂၃ ခုနှစ် ၊ဇန်နဝါရီလ ၁၂ ရက်

စစ်တွေကုန်သွယ်ရေးစခန်းတွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင်  ပို့ကုန် (၁.၁၈၃) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၁၅) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၁၉၈) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၂.၈၇၇) ဒေါ်လာသန်း၊ သွင်းကုန် (၃.၉၆၆) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၆.၈၄၃) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ပို့ကုန်တင်ပို့နိုင်မှုသည် မနှစ်ကကာလတူထက် (၁.၆၉၄) ဒေါ်လာသန်း လျော့နည်း ရခြင်းမှာ ယခုနှစ်ဒီဇင်ဘာလတွင် လယ်ယာထွက်အုပ်စုနှင့် ရေထွက်အုပ်စုတို့ တင်ပို့မှု လျော့နည်း ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း တွေ့ရှိရပါသည်။

          ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ သွင်းကုန်တင်သွင်းနိုင်မှု အခြေအနေများအား နှိုင်းယှဉ်ရာတွင် ယခင်နှစ် ကာလတူထက် အမှန်တင်သွင်းမှု (၃.၉၅၁) ဒေါ်လာသန်း လျော့နည်းခဲ့ပါသည်။ ယင်းသို့ လျော့နည်းခဲ့ခြင်းမှာ ယခင်နှစ် ဒီဇင်ဘာလတွင် MOGE မှ တင်သွင်းသော ရေနံတွင်းသုံးပစ္စည်များ  ပိုမိုခဲ့ခြင်းကြောင့် ဖြစ်ပါသည်။

          ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ နှင့် အနီးစပ်ဆုံးကာလ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ၏ အမှန် ပို့ကုန် (၁.၃၁၆) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၉၇) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၄၁၃) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

          ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ နှင့် အနီးစပ်ဆုံးကာလ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ တို့၏ အမှန်တင်ပို့၊ နှိုင်းယှဉ်ရာတွင် အနီးစပ်ဆုံးကာလထက် ပို့ကုန်ပိုင်းတွင် (၀.၁၃၃) ဒေါ်လာသန်း လျော့နည်းခဲ့ ပါသည်။

          ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် အနီးစပ်ဆုံးနိုဝင်ဘာ ကာလထက် သွင်းကုန်ပိုင်းတွင် (၀.၀၈၂) ဒေါ်လာသန်း ပိုမိုခဲ့ပါသည်။

          ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ကုန်သွယ်မှုပမာဏလျာထားချက်မှာ (၇.၀၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၇.၇၃၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၄.၇၃၀) ဖြစ်ပြီး ဒီဇင်ဘာလ (အမှန် ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၁.၁၈၃) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၁၅) ဒေါ်လာသန်း၊ ကုန်သွယ်မှု ပမာဏ (၁.၁၉၈) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ အမှန်တင်ပို့၊ တင်သွင်းဆောင်ရွက်နိုင်မှု အား အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ရာတွင် ပို့ကုန်ပိုင်းတွင် (၀.၁၃၃) ဒေါ်လာသန်း လျော့နည်းခဲ့ပြီး သွင်းကုန်ပိုင်းတွင် (၀.၀၈၂) ဒေါ်လာသန်း လျော့နည်းခဲ့ခြင်းကြောင့် အနီးစပ်ဆုံးကာလထက် ကုန်သွယ်မှုပမာဏ (၀.၂၁၅) ဒေါ်လာသန်းလျော့နည်းခဲ့ပါသည်။ ကုန်သွယ်မှုလွယ်ကူ လျင်မြန်ချော မွေ့စေပြီး ကုန်သွယ်မှုပမာဏများ တိုးတက်လာစေရေးအတွက် သက်ဆိုင်ရာ OSS အဖွဲ့ဝင်ဌာနများ၊ အခြားဆက်စပ်ဌာနများ၊ ကုန်သည်အသင်းတာဝန်ရှိသူများနှင့် ကုန်သည်လုပ်ငန်းရှင်များ၊ ကိုယ်စား လှယ်များအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျှက်ရှိပါကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။

 

Border Trade News

Pages