ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ် ၊ မေလ (၁၃) ရက် နေ့မှ (၁၉) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှု ယခင်နှစ် ကာလတူထက် ပိုမိုဆောင်ရွက်နိုင်

Wed, 05/24/2023 - 12:51 -- DotBorderdep

          ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းအနေဖြင့် ယခုတစ်ပတ် ၂၀၂၃ ခုနှစ်၊ မေလ (၁၃) ရက်နေ့မှ (၁၉) ရက်နေ့အတွင်းလုပ်ငန်းဆောင်ရွက်မှုမှာပို့ကုန်ဆောင်ရွက်မှုပို့ကုန် (၄.၄၅၉) ဒေါ်လာသန်းနှင့် သွင်းကုန်ဆောင်ရွက်မှု(၁၅.၆၁၀)ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏအနေဖြင့် (၂၀.၀၆၉)ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပြီးယာဉ်စီးရေအနေဖြင့် ပို့ကုန် (၂၈၈)စီး၊ သွင်းကုန် (၁၁၂၁)စီးဆောင်ရွက်နိုင်ခဲ့သည်။

          ယခင်တစ်ပတ် ၂၀၂၃ ခုနှစ်၊ မေလ (၆) ရက်နေ့မှ (၁၂)ရက်နေ့အတွင်း ပို့ကုန်ဆောင်ရွက်မှု (၃.၆၈၁)ဒေါ်လာသန်းနှင့် သွင်းကုန်ဆောင်ရွက်မှု (၁၅.၆၂၅) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏအနေဖြင့် (၁၉.၃၀၆) ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့သည်။

          အဓိကပို့ကုန်ဖြစ်သည့် ပြောင်း၊ ပဲတီစိမ်း၊ စွန်တာနီပဲ၊ ပဲယင်း၊ မြေပဲဆံ၊ နှံစားပြောင်း၊ ရာဘာကြမ်း၊ ငရုတ်သီး(အစို/ခြောက်)၊ ရာဘာတို့ တင်ပို့မှုပိုမိုခဲ့သောကြောင့် ယခင်အပတ်ထက် (၀.၇၇၈)ဒေါ်လာသန်းပိုမိုခဲ့၍ သွင်းကုန်ပိုင်းတွင်ရင်းနှီးမြှုပ်နှံမှုကုန်ကြမ်းအုပ်စုတွင် ပိုမိုခဲ့သော်လည်းလုပ်ငန်းသုံးကုန်ကြမ်းအုပ်စုနှင့် လူသုံးကုန်ပစ္စည်းအုပ်စုတို့ လျောနည်းခဲ့ခြင်းကြောင့် ယခင်အပတ်ထက် (၀.၀၁၅) ဒေါ်လာသန်းလျော့နည်းခဲ့သော်လည်းကုန်သွယ်မှုပမာဏအနေဖြင့် (၀.၇၆၃) ပိုမိုခဲ့ကြောင်း သိရသည်။  

                                                                                                                                          

         

                                                                                                  ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း

Border Trade News

Pages