ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ကာလတူထက် ကုန်သွယ်မှုပမာဏ ပိုမိုဆောင်ရွက်

Tue, 01/24/2023 - 03:33 -- DotBorderdep

        ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းအနေဖြင့် ယခုသီတင်းပတ် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့မှ (၂၀)ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၉.၆၂၄)ဒေါ်လာသန်း၊ သွင်းကုန် (၆.၄၅၁) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏအနေဖြင့် (၁၆.၀၇၅) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး ယာဉ်စီးရေအနေဖြင့် ပို့ကုန်ယာဉ် (၁၉၇၈)စီး၊ သွင်းကုန်ယာဉ် (၇၀၅)စီး ဆောင်ရွက်နိုင်ခဲ့သည်။

          အဓိကပို့ကုန်ဖြစ်သည့် ဆန်ကွဲ၊ ပြောင်း၊ ပဲလွန်းဖြူ၊ ပဲတီစိမ်း၊  ပဲယင်း၊ မြေပဲဆံ၊  နှမ်းနက်၊ နှမ်းဖြူ၊ ချင်း(စို)၊ ဝါ၊ ကြံတင်ပို့မှုပိုမိုခဲ့သောကြောင့် ပို့ကုန်ပိုင်းတွင် ယခင်သီတင်းပတ်ထက် (၃.၉၂၃)ဒေါ်လာသန်း ပိုမိုခဲ့ သည်။ သွင်းကုန်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းအုပ်စု ပိုမိုခဲ့ပြီး လုပ်ငန်းသုံးကုန်ကြမ်းအုပ်စုနှင့် လူသုံး  အုပ်စုတွင် လျော့နည်းခဲ့ခြင်းကြောင့် ယခင်သီတင်းပတ်ထက် (၂.၆၃၉) ဒေါ်လာသန်း လျော့နည်းခဲ့သော်လည်း ကုန်သွယ်မှုပမာဏအနေဖြင့် (၁.၂၈၄) ဒေါ်လာသန်း ပိုမိုခဲ့ သည်။

          ယခင်နှစ်ကာလတူ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၁၄)ရက်နေ့မှ (၂၀)ရက်နေ့အထိ လုပ်ငန်းဆောင် ရွက်မှုမှာပို့ကုန် (၃.၁၅၈) ဒေါ်လာသန်း၊ သွင်းကုန် (၀.၈၉၂) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏအနေဖြင့် (၄.၀၅၀) ဒေါ်လာသန်းဖြစ်၍ ယခင်နှစ်ကာလတူအပေါ် ပို့ကုန်(၆.၄၆၆)‌ ဒေါ်လာသန်း ပိုမိုခဲ့ပြီး သွင်းကုန် တွင်(၅.၅၅၉) ဒေါ်လာသန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် (၁၂.၀၂၅) ဒေါ်လာသန်း ပိုမို ဆောင်ရွက်နိုင်ခဲ့သည်။

          ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါကပို့ကုန်ပိုင်းတွင် ဆန်ကွဲ၊ ပဲလွန်းဖြူ၊ ပြောင်း၊ ပဲယင်း၊ မြေပဲဆံ၊ နှမ်းညို၊ နှမ်းဖြူ၊ နှမ်းနက်၊ နှံစားပြောင်း၊ ကြံ၊ ချင်း(အစို)၊ ဝါ၊ ရော်ဘာတို့ ပိုမိုတင်ပို့နိုင်ခဲ့ပြီးသွင်းကုန်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုအုပ်စု၊ လုပ်ငန်းသုံးပစ္စည်းအုပ်စုနှင့် လူသုံးကုန်အုပ်စုတို့တွင်ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏ ပိုမိုခဲ့သည်။

                                                                                                                                                                   ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း

Border Trade News

Pages