ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်းတင်သွင်းမှု အ​ြေခအနေ နှင့် (၃၁-၅-၂၀၂၃) ရက်နေ့ ကျပ်/ဘတ် ငွေလဲနှုန်းနှင့် စက်သုံးဆီစျေးနှုန်း

Thu, 06/01/2023 - 08:33 -- DotBorderdep

                   ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်း ဖြစ်သည်။

          ၂၀၂၃ ခုနှစ်၊ မေလ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၃၂)၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၄၀) သန်း၊ သွင်းကုန်တန်ချိန် ( ၄၉ )၊ ( - ) U၊ (-) BBL၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၃၁) သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၀ ဒသမ ၀၇၁ သန်း ဖြစ်သည်။ အများဆုံး တင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်း (၁၀)မျိုးမှာ ပလာတူး၊ ပလာလန်း၊ ခွေးလျှာ၊ ဘောင်ဂျေး၊ ငါးပုလွေ၊ ပုစွန်ချော၊ ကင်းမွန်၊ ပသွပ်၊ ပါကင်ငါး၊ ကုလားကုတ် တို့ဖြစ်ပြီး၊ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း(၁၀)မျိုးမှာ ကားမှုတ်ဆေး၊ ရေချိုးဆပ်ပြာ၊ သဲစက္ကူ၊ အမွှေးရည်၊ ရှူဆေး၊ စတီးဝါယာကြိုး၊ ပလပ်စတစ်ခြင်း တို့ဖြစ်ပြီး ငါးသယ်လှေ    ကုန် (၁) တန်ရေယာဉ်ခ (ကုန်ကျစ်) ၂၁၀၀ဝိ/- ကျပ် ရှိကြောင်းသိရှိရပါသည် ။

ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံ ငွေပေးချေမှုကိစ္စရပ်များကို သက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA  တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။ (၃၁-၅-၂၀၂၃) ရက်နေ့ ပြင်ပ ငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် (၁၁၇၂) ဘတ် ၊ (၁) ဘတ်လျှင် မြန်မာငွေ (၈၅.၃) ကျပ်ခန့်ဖြင့် တည်ငြိမ်လျက်ရှိသည်။ စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၀၈၀၀)ကျပ်၊ ဒီဇယ် ၁ ဂါလံ လျှင် (၁၀၃၅၀) ကျပ်ခန့်ဖြင့် တည်ငြိမ်လျက်ရှိသည်။

Border Trade News

Pages