ကန်ပိုက်တီကုန်သွယ်ရေးစခန်း၏ ငွေကြေးစျေးနှုန်းပြောင်းလဲစည်းကြပ်ကောက်ခံမှုအ​ြေခအနေ

Thu, 12/01/2022 - 07:54 -- DotBorderdep

ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှတစ်ဆင့် တရုတ်နိုင်ငံသို့တင်ပို့လျှက်ရှိသော ပို့ကုန်ငှက်ပျောများအား ယခင်ကမြန်မာကျပ်ငွေကြေးတန်ဘိုးသတ်မှတ်ပြီး အခွန်စည်းကြပ်ကောက်ခံခဲ့သည်။ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပြုနေသည့် နယ်စပ်ဒေသများတွင်ကုန်သွယ်မှုပြုလုပ်ရာ၌ ယွမ်/ကျပ် တိုက်ရိုက် အသုံးပြုပေးချေမှုအား မြန်မာနိုင်ငံဗဟိုဘဏ်မှ ဆောင်ရွက်ခွင့်ပြုခဲ့သည့်အတွက် ပို့ကုန်ငှက်ပျောအား မြန်မာကျပ်ငွေဖြင့် စည်းကြပ်ကောက်ခံခြင်းအစား ဈေးနှုန်းတန်ဖိုး ပြောင်းလဲမှုမရှိဘဲ ၂၈-၁၁-၂၀၂၂ ရက်နေ့မှစ၍ ( 1Kg=2.36 ယွမ်) တရုတ်ငွေဈေးနှုန်းဖြင့် ပြောင်းလဲစည်းကြပ် ဆောင်ရွက်လာခဲ့ကြောင်းသိရှိရသည်။

Border Trade News

Pages