ကန်ပိုက်တီကုန်သွယ်ရေးစခန်း၏ ဇန်နဝါရီလ ကုန်သွယ်မှုလျာထားချက်အပေါ် ဆောင်ရွက်နိုင်မှုအ​ြေခအနေ

Tue, 01/24/2023 - 03:38 -- DotBorderdep

    ကန်ပိုက်တီကုန်သွယ်ရေးစခန်း၏ ဇန်နဝါရီလ (၂၁) ရက်နေ့အထိ ပို့ကုန်မှ (၇.၂၀၉) ဒေါ်လာသန်းနှင့် သွင်းကုန်မှ (၁.၂၄၂) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၈.၄၅၁) ဒေါ်လာသန်းရရှိခဲ့သည်။ဇန်နဝါရီလကုန်သွယ်မှုလျာထားချက် (၂၀.၀၀) ဒေါ်လာသန်းအပေါ် (၄၂%)သာဆောင်ရွက်နိုင်ခဲ့သည်။

   ယခုရက်ပိုင်းသည် တစ်ဖက်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နှစ်သစ်ကူးရက်ဖြစ်သဖြင့် ကုန်သည်လုပ်ငန်းရှင်များမှ ဇန်နဝါရီ (၂၀) ရက်နေ့မှစပြီး ပို့ကုန်ကားများ တစ်ဖက်နိုင်ငံသို့ တင်ပို့မှုမရှိသော်လည်း၊ တစ်ဖက်နိုင်ငံမှ ဝင်ရောက်ပြီး သွင်းကုန်လက်ကျန်ကားများ တင်သွင်းလျက်ရှိသည်။

   ကန်ပိုက်တီကုန်သွယ်ရေးစခန်း၏ အဓိကကုန်သွယ်မှုတန်ဖိုးမြင့်တက်ရရှိရေးမှာ မိမိတို့ဒေသထွက် ပို့ကုန်များ တစ်ဖက်နိုင်ငံသို့တင်ပို့ခြင်းမှ ရရှိနေခြင်းကြောင့်ဖြစ်ပြီး ယခုရာသီသည် တစ်သျှူးငှက်ပျော ထွက်ရှိလာသည့်ကာလဖြစ်သဖြင့် တရုတ်နှစ်သစ်ကူးကာလ ကျော်လွန်ပါက တစ်သျှူးငှက်ပျောတင်ပို့မှုတိုးတက်လာနိုင် သည်။

Border Trade News

Pages