ထိုင်းအစားအစာဈေးကွက်များတွင်ကျော်ကြားနေသည့်မြန်မာ့ရှပ်(ခေါ်)ဂုံး

Mon, 11/21/2022 - 09:39 -- DotBorderdep

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်

 

          ထိုင်းနိုင်ငံတစ်နိုင်ငံလုံးနီးပါးသည် ပင်လယ်စာကို နှစ်ခြိုက်စွာ စားသုံးကြသည့်အလျှောက် မြန်မာ နိုင်ငံမှ ထွက်ရှိသည့် (live Clam) ဂုံး ဒေသအခေါ် ဂုံးကောင်များကိုလည်း များစွာစားသုံးကြပါသည်။ ထိုင်းနိုင်ငံ တစ်နိုင်ငံလုံးနီးပါးအပြင် ထိုင်းနိုင်ငံအတွင်းသို့ လာရောက်လည်ပတ်ကြသည့် ကမ္ဘာအရပ်ရပ်မှ နိုင်ငံခြားခရီးသွားဧည့်သည်များမှလဲ နှစ်ခြိုက်စွာစားသုံးကြပါသည်။ ဂုံးကောင်မှာစားရလွယ်ကူပြီး ချက်ပြုတ်၍သော်လည်းကောင်း၊ ပြုတ်ပြီး ဒုတ်ထိုးကင်၍သော်လည်းကောင်း နှစ်ခြိုက်စွာစားသုံးကြပါသည်။ ထို့အတွက် ကြောင့် ထိုင်းနိုင်ငံတွင် ဂုံးကောင်များအား နှစ်ခြိုက်စွာစားသုံးကြသဖြင့် ဈေးကွက်လိုအပ်ချက် မြင့်မား လျက်ရှိနေကြောင်း သိရှိရသည်။

          မောတောင်နယ်စပ်ကုန်သွယ်ရေးမှတဆင့် တနင်္သာရီဒေသထွက် ဂုံးကောင်များ တဖက်နိုင်ငံသို့ နေ့စဉ်တင်ပို့နေရပြီး လက်ရှိပေါက်စျေးအနေဖြင့် ဂုံးကောင် 1 Kg လျှင် (၉၁.၉၄) ဘတ်ဈေးရရှိပါသည်။ နေ့စဉ် ကမာကောင် (၅၀၀) Kg မှ (၁၀၀၀) Kg ထိ တင်ဆောင်ထားသည့် (၄) ဘီးကားများ (၁၀) စီး ကျော် တင်ပို့ နေရကြောင်းတွေ့ရှိရသည်။ ပင်လယ်စာများထဲတွင် ဈေးနှုန်းမြှင့်မားစွာရရှိနေသည့် ဂုံးကောင်အား ပိုမိုကြိုးစားတင်ပို့သင့်ပါသည်။

 

Border Trade News

Pages