Auto/ Non Auto လိုင်စင်စနစ်

Fri, 11/28/2014 - 16:23 -- admin

၂၀၁၂ခုနှစ်၊ ဇွန်လ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်သော Automatic Licensing , Non Automatic Licensing ညှိနှိုင်း အစည်းအဝေး၏ သဘောတူညီချက် အရ ကုန်သည် လုပ်ငန်းရှင်များ လွယ်ကူ လျှင်မြန် ချောမွေ့စွာ ကုန်ပစ္စည်းတင်ပို့၊ တင်သွင်းနိုင်ရေး အတွက် သတ်မှတ် အမယ်များအား စခန်းအလိုက် လိုင်စင်ပေးနိုင်ရေး ရွေးချယ် ဆောင်ရွက်ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေး စခန်း အသီးသီးမှ ပူးတွဲပါ ပို့ကုန်၊ သွင်းကုန် ပစ္စည်းများအား LC/TT စနစ်အရ လည်းကောင်း၊ နှစ်နိုင်ငံသုံး ငွေကြေးအရ လည်းကောင်း၊ ငွေကြေးဆိုင်ရာ ဘဏ်လုပ်ထုံးလုပ်နည်းနှင့် အညီ တင်ပို့/ တင်သွင်း ခွင့်ပြုသွားရန် ညွှန်ကြားခဲ့ပါသည်။

မှတ်ချက်။ ။ (၁) နယ်စခန်းများမှ ကျပ်ငွေ၊ တစ်ဖက်နိုင်ငံသုံး ငွေကြေးတို့ဖြင့် တိုက်ရိုက်ခွင့်ပြုနိုင်သော Border လိုင်စင်များကို ရုံးချုပ်တွင် LC/TT စနစ်ဖြင့် ခွင့်ပြုသော Normal လိုင်စင် အဖြစ်လည်း လျှောက်ထားနိုင်ပါသည်။

မှတ်ချက်။ ။ (၂) တရုတ်၊ ထိုင်း၊ အိန္ဒိယနယ်စပ်များ အတွက် ကျပ်၊ ယွမ်၊ ဘတ်၊ ရူပီး ဒေသုံး ငွေကြေးများဖြင့် ခွင့်ပြုပါမည်။

မှတ်ချက်။ ။ (၃) ဘင်္ဂလားဒေ့ရှ် နယ်စပ်အတွက် ကျပ်ငွေဖြင့်သာ ခွင့်ပြုပါမည်။