ASEAN နှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများဌာနခွဲ၏ လုပ်ငန်းတာဝန်များ

Thu, 12/11/2014 - 15:12 -- dotadmin

ASEAN နှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများဌာနခွဲ လုပ်ငန်းတာဝန်များ

၁။   အာဆီယံစီးပွားရေးအသိုက်အဝန်း(AEC)တွင် မိမိဝန်ကြီးဌာနနှင့် သက်ဆိုင်သောကိစ္စရပ်များကို ဝန်ကြီးဌာနအတွင်းတွင်လည်းကောင်း၊ သက်ဆိုင်ရာပြင်ပဌာနများနှင့်လည်းကောင်း၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် လည်းကောင်း ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ခြင်း။

၂။ အာဆီယံလွတ်လပ်သောကုန်သွယ်မှုဒေသ(AFTA)တွင် မိမိဝန်ကြီးဌာနနှင့်သက်ဆိုင်သောကိစ္စရပ်များကို ဝန်ကြီးဌာနအတွင်းတွင်လည်းကောင်း၊ သက်ဆိုင်ရာပြင်ပဌာနများနှင့်လည်းကောင်း၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် လည်းကောင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း။

၃။      အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသဆိုင်ရာ စေ့စပ်ညှိနှိုင်းဆွေးနွေးပွဲများတွင် ဝန်ကြီးဌာနကိုယ်စား တက်ရောက်ပါဝင်ဆွေးနွေးခြင်း။

၄။      အာဆီယံစီးပွားရေး အသိုက်အဝန်းနှင့် အာဆီယံလွတ်လပ်သောကုန်သွယ်မှုဒေသဆိုင်ရာ အသိပညာပေး လုပ်ငန်းများ၊ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း။

၅။      အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့်လည်းကောင်း၊  အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် လည်းကောင်း၊ အာဆီယံ ရေးရာများ ဝန်ကြီးဌာနကိုယ်စား ဆက်ဆံဆောင်ရွက်ခြင်း။

၆။      အာဆီယံနှင့်  ဆွေးနွေးဖက်နိုင်ငံများဖြစ်သော တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ သြစတေးလျ၊ နယူးဇီလန် တို့နှင့် တိုးချဲ့ဆောင်ရွက်သည့်   လွတ်လပ်သောကုန်သွယ်မှုဒေသများတွင် မိမိဝန်ကြီး ဌာနနှင့်သက်ဆိုင်သော ကိစ္စရပ်များကို ဝန်ကြီး ဌာန အတွင်းတွင်လည်းကောင်း သက်ဆိုင်ရာပြင်ပဌာနများနှင့် လည်းကောင်း၊ ပုဂ္ဂလိက အသင်းအဖွဲ့များနှင့်လည်းကောင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်း။

၇။      အာဆီယံနှင့်ပူးပေါင်း၍ လွတ်လပ်သောကုန်သွယ်မှုဒေသများ ထူထောင်ရန် အခြားနိုင်ငံသစ်များနှင့် ဆက်လက် တိုးချဲ့ဆွေးနွေးညှိနှိုုင်းလျှက်ရှိသော လွတ်လပ်သောကုန်သွယ်မှုစာချုပ်များတွင် မိမိဝန်ကြီးဌာနနှင့် သက်ဆိုင် သောကိစ္စရပ်များကို ဝန်ကြီးဌာန အတွင်းတွင် လည်းကောင်း၊   သက်ဆိုင်ရာပြင်ပဌာနများနှင့် လည်းကောင်း၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း။

၈။      လွတ်လပ်သောကုန်သွယ်မှုစာချုပ်ဆိုင်ရာစေ့စပ်ညှိနှိုင်းဆွေးနွေးပွဲများတွင်ဝန်ကြီးဌာနကိုယ်စား တက်ရောက်ပါဝင်ဆွေးနွေးခြင်း။

၉။      လွတ်လပ်သော ကုန်သွယ်မှုစာချုပ်များဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ သင်တန်းများ၊ အလုပ်ရုံ    ဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း။

၁၀။    လွတ်လပ်သော ကုန်သွယ်မှုစာချုပ်အဖွဲ့ဝင်နိုင်ငံများမှ အဖွဲ့အစည်းများ၊ ရုံးအဖွဲ့များနှင့် ဝန်ကြီးဌာန ကိုယ်စား ဆက်ဆံပူးပေါင်းဆောင်ရွက်ခြင်း။

၁၁။   အာဆီယံအပါအဝင် အာဆီယံနှင့်ပူးပေါင်းဆောင်ရွက်သည့် လွတ်လပ်သော ကုန်သွယ်မှုဒေသများမှအပ ကျန် ဒေသဆိုင်ရာအဖွဲ့အစည်းများတွင် မိမိဝန်ကြီးဌာနနှင့် သက်ဆိုင်သောကိစ္စရပ်များကို   ဝန်ကြီးဌာနအတွင်းတွင် လည်းကောင်း၊ သက်ဆိုင်ရာပြင်ပဌာနများနှင့် လည်းကောင်း၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် လည်းကောင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း။

၁၂။  ဆက်လက်တိုးချဲ့ ဆွေးနွေးညှိနှိုင်းလျှက်ရှိသော ကျန်ဒေသဆိုင်ရာအဖွဲ့အစည်းများတွင် မိမိဝန်ကြီဌာနနှင့် သက်ဆိုင်သောကိစ္စရပ်များကို ဝန်ကြီးဌာနအတွင်းတွင်လည်းကောင်း၊ သက်ဆိုင်ရာပြင်ပဌာနများနှင့် လည်းကောင်း၊ ပုဂ္ဂလိက အသင်းအဖွဲ့ များနှင့် လည်းကောင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း။

၁၃။    ဒေသဆိုင်ရာအဖွဲ့အစည်းများဆိုင်ရာ   စေ့စပ်ညှိနှိုင်းဆွေးနွေးပွဲများတွင်   ဝန်ကြီးဌာနကိုယ်စား တက်ရောက် ပါဝင်ဆွေးနွေးခြင်း။

၁၄။    ဒေသဆိုင်ရာအဖွဲ့အစည်းများဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း။

၁၅။    ဒေသဆိုင်ရာ အဖွဲ့အစည်းများ၏ အဖွဲ့ဝင်နိုင်ငံများမှ အဖွဲ့အစည်းများ၊ ရုံးအဖွဲ့များနှင့် ဝန်ကြီးဌာနကိုယ်စား ဆက်ဆံပူးပေါင်းဆောင်ရွက်ခြင်း။