ဧရာဝတီတိုင်းဒေသကြီးအတွင်း နိုင်ငံတော်အရန်ဆန်နွေစပါးများ ဆက်လက်ဝယ်ယူမည်

Wed, 05/09/2012 - 06:10 -- Anonymous (not verified)

နိုင်ငံတော်အရန်ဆန်ထားရှိရေး ကြီးကြပ်မှုကော်မတီအစည်းအဝေးကို ဧပြီ ၄ ရက် နေ့လယ်ပိုင်းတွင် RUMFCCI ရှိ MIRA အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် နိုင်ငံတော်အရန်ဆန် နွေစပါးများ ဆက်လက်ဝယ်ယူမည်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က စီစစ်ထောက်ခံသည့်နေရာများ တွင် စာချုပ်ချုပ်ဆို ဝယ်ယူပေးမည့်သူမရှိပါက နိုင်ငံတော်အရန်ဆန်ထားရှိရေး ကော်မတီက တောင်သူလယ်သမားများထံမှ တိုက်ရိုက် ဝယ်ယူမည်ဖြစ်ကြောင်းသိရသည်။