အာဆီယံ

Tue, 11/22/2011 - 07:17 -- Anonymous (not verified)

အရှေ့တောင်အာရှနိုင်ငံများအသင်း 

(Association of South East Asia Nations-ASEAN)

 

နောက်ခံသမိုင်း

၁။       ၁၉၄၅ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားခဲ့သော်လည်း အရှေ့အုပ်စု နှင့် အနောက်အုပ်စုတို့ သည် ဝါဒရေးရာယှဉ်ပြိုင်မှုကြောင့် စစ်အေးကာလပေါ်ပေါက်ခဲ့သည်။ စစ်အေးကာလတွင် အာရှတိုက်၌ အမေရိကန် ဦးဆောင်သည့် အနောက်အုပ်စုသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ဝန်းရံသည့် မဟာဗျူဟာကျင့် သုံးပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများတွင် စစ်စခန်းများချကာ ယင်းနိုင်ငံများနှင့် မဟာမိတ်စာချုပ်များ ချုပ်ဆိုခဲ့ပါသည်။ ၁၉၅၀-၅၁ ၌ ကိုရီးယားနိုင်ငံတွင် ဒေသဆိုင်ရာစစ်ကြီးဖြစ်ပွားပြီး တောင်- မြောက်ကိုရီးယားနိုင်ငံ အဖြစ် ကွဲထွက်သွားခဲ့ပါသည်။ ယင်းကာလတွင် အရှေ့တောင်အာရှကုန်သွယ်ရေးစာချုပ် အဖွဲ့ (SEATO) ဟူသော စစ်မဟာမိတ်စာချုပ်ကို အိမ်နီးချင်းနိုင်ငံများက အမေရိကန်နိုင်ငံနှင့်ချုပ်ဆိုခဲ့ကြပါသည်။

၂။       ထိုစဉ်အခါက မြန်မာနိုင်ငံသည် အရှေ့အနောက်အုပ်စု ဝါဒယှဉ်ပြိုင်မှုတွင် ပါဝင်ပတ်သက်ခြင်းမရှိဘဲ ကြားနေရေးမူဝါဒကို ကျင့်သုံးခဲ့ပါသည်။ ထို့အပြင် ၁၉၅၄ ခုနှစ်တွင် တရုတ်၊ အိန္ဒိယ နှင့် မြန်မာတို့ ပူးပေါင်း၍ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ရပ်ကို ချမှတ်ခဲ့ပါသည်။ ၁၉၅၅ ခုနှစ် ဘန်ဒေါင်းမြို့၌ ပြုလုပ်သည့် အာရှ-အာဖရိက ကွန်ဖရင့်တွင် အမြုတေခဲ့သည့် ဘက်မလိုက်လှုပ်ရှားမှု၏ အခြေခံမူများသည် အဆိုပါမူကြီး (၅) ရပ်ပေါ်တွင် အခြေခံပါသည်။

၃။       ၁၉၆၀ တွင် ဗီယက်နမ်နိုင်ငံ၌ ဒေသဆိုင်ရာစစ်ပွဲများ ကူးစက်ခဲ့ပါသည်။ ထိုအချိန်တွင် အင်ဒိုနီးရှားနှင့် မလေးရှားတို့သည် မလေးရှားနိုင်ငံထူထောင်မှုကြောင့် ထိပ်တိုက်ရင်ဆိုင်မှု ပေါ်ပေါက်ခဲ့သကဲ့သို့ မလေးရှားနှင့် ဖိ လစ်ပိုင်နိုင်ငံအကြားတွင်လည်း ဆားဗားနယ်မြေ အငြင်းပွားမှု ပေါ်ပေါက်ခဲ့ပါသည်။ ယင်းပြဿနာများကြောင့် အရှေ့တောင်အာရှနိုင်ငံများအကြားဆက်ဆံရေး ပိုမိုဆိုးဝါးခြင်း မဖြစ်ပေါ်စေရေးအတွက် ဒေသဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်ကြရန် ကြိုးပမ်းခဲ့ကြရာ အာဆီယံမပေါ်ပေါက်မီ အရှေ့တောင်အာရှအသင်း (Association of Southeast Asia) နှင့် မာဖီလင်ဒို (Maphilindo) ဟုခေါ်သည့် မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံများအဖွဲ့ စသည်တို့ကို တည်ထောင်ခဲ့ကြသော်လည်း ရေရှည်တည်တံ့ခိုင်မြဲခြင်းမရှိခဲ့ပါ။

၄။       ထိုစဉ်က ဒေသအတွင်း နိုင်ငံအချင်းချင်းအကြား ပေါ်ပေါက်ခဲ့သော ထိပ်တိုက်ရင်ဆိုင်မှု ပြဿနာတွင် ထိုင်းနိုင်ငံ ပါဝင်မှုမရှိခဲ့သော်လည်း အခြေအနေ ဆိုးဝါးလာပြီး စစ်ပွဲဖြစ်ပွားလာပါက ထိုင်းနိုင်ငံပါ စစ်မက် ဘေးဒဏ် လွတ်ကင်းနိုင်မည် မဟုတ်သည့်အပြင် ဒေသပြင်ပမှနိုင်ငံများအနေဖြင့် ဒေသပြဿနာများတွင် ပါဝင် လာပါက အခြေအနေ ပိုမိုရှုပ်ထွေးနိုင်သည့် အလားအလာများ ရှိနေပါသည်။ ထို့ကြောင့်ဒေသတွင်းပြဿနာများ ပြေလည်မှုရရှိရန် အချင်းချင်းညှိနှိုင်းအဖြေရှာရေးအတွက် ထိုစဉ်က ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ သာနတ်ကိုမန်းက ကွာလာလမ်ပူ၊ ဂျာကာတာ နှင့် မနီလာမြို့တော်များသို့ သွားရောက်ကာ ဆွေးနွေးအဖြေရှာရေး အတွက် ဘန်ကောက်မြို့တွင်တွေ့ဆုံကြရန် ကမ်းလှမ်းခဲ့ပါသည်။ ထိပ်တိုက်ရင်ဆိုင်လျှက်ရှိကြသည့် ပြဿနာများ အဖြေရရှိရေးအတွက် မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးများသည် ဘန်ကောက်မြို့တွင် တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ ပြဿနာများ ပြေလည်မှုအတွက် သဘောတူညီမှုရခဲ့ပြီး အရှေ့တောင်အာရှ အဖွဲ့ (ASA) မအောင်မြင်ခဲ့သည်ကို သုံးသပ်ပြီး ဒေသနိုင်ငံအချင်းချင်း နိုင်ငံရေးနှင့်စစ်ရေးမှအပ ယဉ်ကျေးမှု၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် ဒေသအဖွဲ့အစည်းအသစ် ထူထောင်ရန်လိုကြောင်း ကမ်းလှမ်းဆွေးနွေးညှိနှိုင်းရာမှ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ နှင့် ထိုင်း နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများသည် ၁၉၆၇ ခုနှစ်၊ သြဂုတ်လတွင် ဒေသအဖွဲ့အစည်း အသစ်တည်ထောင်ရန် တွေ့ဆုံဆွေးနွေးညှိနှိုင်းသည့်အဆင့်သို့ ရောက်ရှိခဲ့ပါသည်။ ၁၉၆၇ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့တွင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ နှင့် ထိုင်းနိုင်ငံတို့သည် ဘန်ကောက်မြိ့ု၌ အရှေ့တောင်အာရှနိုင်ငံများအသင်း (Association of South East Asian Nations – ASEAN) ကို ဖွဲ့စည်း တည်ထောင်ခဲ့ကြပါသည်။

၅။       အာဆီယံဖွဲ့စည်းတည်ထောင်စဉ်ကပင် မြန်မာနိုင်ငံကို အာဆီယံအဖွဲ့အစည်းသို့ ဝင်ရောက်ရန် ဖိတ်ခေါ် ခဲ့ပါသည်။ သို့သော် စစ်အေးကာလဖြစ်နေခြင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ထိုင်း နှင့် ဖိလစ်ပိုင်နိုင်ငံတို့ တွင် နိုင်ငံခြားစစ်စခန်းများရှိနေခြင်း၊ မြန်မာနိုင်ငံအနေဖြင့် တိကျသော ကြားနေရေးနှင့် ဘက်မလိုက်ဝါဒကို တိကျစွာ လိုက်နာကျင့်သုံးနေခြင်းတို့ကြောင့် အာဆီယံသို့ ဝင်ရောက်ခြင်း မပြုခဲ့ပါ။ အာဆီယံအဖွဲ့အနေဖြင့် စတင်တည်ထောင်စဉ်ကပင် အရှေ့တောင်အာရှနိုင်ငံ အားလုံးပါဝင်ရန် ရည်မှန်းချက်ရှိသဖြင့် မြန်မာနိုင်ငံကို အဖွဲ့ ဝင်အဖြစ်ပါဝင်ရန် အလျဉ်းသင့်သလို တိုက်တွန်းခဲ့ပါသည်။

၆။       ၁၉၈၄ ခုနှစ်တွင် ဘရူနိုင်းနိုင်ငံသည် လွတ်လပ်ရေးရရှိပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လာခဲ့ပါ သည်။ စစ်အေးကာလလွန်မြောက်ပြီးနောက် ၁၉၉၅ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံသည်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပါသည်။ ၁၉၉၂ ခုနှစ်၊ ဇူလိုင်လတွင် လာအိုနိုင်ငံဝ ၁၉၉၅ ခုနှစ်၊ ဇူလိုင်လတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ၁၉၉၆ ခုနှစ်တွင် မြန်မာနိုင်ငံတို့သည် လေ့လာသူနိုင်ငံအသီးသီးတို့ ဖြစ်လာခဲ့ပြီး ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် လာအိုနှင့် မြန်မာနိုင်ငံတို့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပါသည်။ ၁၉၉၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံသည်လည်း အာဆီယံအဖွဲ့ဝင် ဖြစ်လာခဲ့သဖြင့် အာဆီယံအဖွဲ့ တွင် အရှေ့တောင်အာရှနိုင်ငံ (၁၀)နိုင်ငံစလုံး ပါဝင်ခဲ့ပြီး ဖြစ်ပါသည်။

 

ရည်ရွယ်ချက်

၇။       ကမ္ဘာ့ကုလသမဂ္ဂ၏မူအရ တရားမျှတရေး၊ ဥပဒေများနှင့်အညီ အရှေ့တောင်အာရှ ဒေသအတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုရရှိရေးကို မြှင့်တင်ရန်အတွက် အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ နည်းပညာ၊ ပညာရေးနယ်ပယ်များ ပူးပေါင်းဆောင်ရွက်ရန်။

၈။       ထို့ကြောင့် လွတ်လပ်၍ ငြိမ်းချမ်းသည့် သယံဇာတပြည့်စုံသောဘဝသို့ ရောက်ရှိရန် ဆန္ဒတစ်ရပ်အနေ ဖြင့် အရှေ့တောင်အာရှနိုင်ငံများရှိ လူထုတစ်ရပ်လုံးနှင့် သားစဉ်မြေးဆက် အကျိုးခံစားနိုင်ရေး ပူးပေါင်း ဆောင်ရွက်ကြမည် ဖြစ်ပါသည်။

 

အရေးပါသောသဘောတူညီမှုများ

၉။       အာဆီယံအသင်းကြီးသည် ယခုအခါတွင် တည်ထောင်ခဲ့သည်မှာ နှစ်(၄၀)ပြည့်မြောက်ပြီးဖြစ်ပါသည်။ ဤသို့နှစ်ပေါင်း(၄၀)ကြာ တည်တံ့နိုင်ခဲ့ခြင်းမှာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူပေါင်းဆောင်ရွက်ခြင်း၊ တစ်ဦး ပြည်တွင်းရေးကို တစ်ဦးက ဝင်ရောက်စွက်ဖက်မှုမပြုခြင်း၊ အငြင်းပွား ခြိမ်းခြောက်ခြင်းကို ရှောင်ကြဉ်ခြင်း နှင့် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကြောင့် ဖြစ်ပါသည်။ ဤသို့ သော ကောင်းမြတ်သည့် မူဝါဒများချမှတ်နိုင်ရန် အရေးပါသော အောက်ဖော်ပြပါ နိုင်ငံရေးဆိုင်ရာ သဘောတူညီ မှုများ အတည်ပြု သဘောတူညီခဲ့ကြပါသည်-

          (က)    အာဆီယံကြေငြာစာတမ်း (ASEAN Declaration, Bangkok 1967)

          ( ခ )   ငြိမ်းချမ်းရေး၊ လွတ်လပ်မှုနှင့် ကြားနေရေးဇုန်ဆိုင်ရာ ကြေငြာစာတမ်း (Zone of Peace, Freedom and Neutrality Declaration, Kuala Lumpur, 27 November 1971)

          ( ဂ )   အာဆီယံသဘောတူညီမှုကြေငြာစာတမ်း (ဘာလီ)၊ (Declaration of ASEAN concord, Bali,

                    27 February 1976)

         (ဃ)    အရှေ့တောင်အာရှငြိမ်းချမ်းရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးစာချုပ် (Treaty of Amity and Cooperation in Southeast Asia, Bali, 27 February 1976)

          ( င )   တောင်တရုတ်ပင်လယ် အာဆီယံကြေငြာစာတမ်း (ASEAN Declaration on the South

                   China Sea, Manila, 22 July 1992)

          ( စ )   အရှေ့တောင်အာရှ၊ နျူကလီးယား လက်နက်ကင်းမဲ့ဇုန်စာချုပ် (Treaty on the Southeast Asia Nuclear Weapon-Free Zone, Bangkok, 15 December 1997)

          (ဆ)    အာဆီယံရည်မှန်းချက် ၂၀၂၀ (ASEAN Vision 2020, Kuala Lumpur15 December 1997)

          ( ဇ )   အာဆီယံသဘောတူညီမှုအမှတ် (၂) ကြေငြာစာတမ်း (Declaration of ASEAN concord II,

                   Bali, 7 October 2003)

အာဆီယံဆိုင်ရာအစည်းအဝေးများ

၁၀။     အာဆီယံအဖွဲ့ကြီး ရေရှည်တည်တံ့နိုင်စေခဲ့သော အဓိကအချက်များမှာ အာဆီယံဆိုင်ရာအစည်းအဝေး များမှ သဘောတူမှုရရှိပြီး စုပေါင်းအကောင်အထည်ဖော်ကြသောကြောင့် ဖြစ်ပါသည်။ ထိုကဲ့သို့သော ကောင်း မြတ်သည့် အခြေခံများကို ရရှိစေခဲ့သော အာဆီယံအစည်းအဝေးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

          (က)    အာဆီယံထိပ်သီးညီလာခံ (ASEAN Summit)

          ( ခ )   အာဆီယံထိပ်သီးအဆင့် အလွတ်သဘောအစည်းအဝေး (ASEAN Informal Summit)

          ( ဂ )   အာဆီယံ + ဂျပန်၊ ကိုရီးယား၊ တရုတ် ဆွေးနွေးဖက်နိုင်ငံများ (ASEAN + 3)

          (ဃ)    အာဆီယံဝန်ကြီးအဆင့်အစည်းအဝေး (ASEAN Ministerial Meeting - AMM)

          ( င )   အာဆီယံအမြဲတမ်းကော်မတီအစည်းအဝေး (ASEAN Standing Committee - ASC)

         ( စ )   အာဆီယံစီးပွားရေးဝန်ကြီးအဆင့်အစည်းအဝေး (ASEAN Economic Ministers Meeting-AEM)

        (ဆ)    အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိကြီးများ အစည်းအဝေး (ASEAN Senior Economic Officials Meeting – SEOM)

          ( ဇ )   အာဆီယံဒေသဆိုင်ရာ ဆွေးနွေးပွဲ (ASEAN Regional Forum - ARF)    

 

အာဆီယံထိပ်သီးညီလာခံ

၁၁။     အာဆီယံထိပ်သီးညီလာခံသည် အာဆီယံ၏ အမြင့်ဆုံးအာဏာပိုင်အစည်းအဝေးဖြစ်ပါသည်။ ဒေသ အတွင်းလုံခြုံရေးပြဿနာများရှုပ်ထွေးနေသဖြင့် ထိပ်သီးအစည်းအဝေးကိုပုံမှန်ကျင်းပနိုင်ခြင်းမရှိဘဲ အလျဉ်းသင့် သလိုကျင်းပခဲ့ပါသည်။ အာဆီယံနိုင်ငံများအတွင်းညှိနှိုင်းမှုကို နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးဖြစ်သည့် အာဆီယံဝန်ကြီးအဆင့်အစည်းအဝေး (AMM) နှင့် အာဆီယံအမြဲတမ်းကော်မတီအစည်းအဝေးများကို အောက်ပါအတိုင်းကျင်းပခဲ့ကြပါသည် -

(က)    ပထမအကြိမ်အာဆီယံထိပ်သီးညီလာခံ။               ပထမအကြိမ်အာဆီယံထိပ်သီးညီလာခံကို အာဆီယံ ဖွဲ့စည်းတည်ထောင်ပြီး(၉) နှစ်အကြာ ၁၉၇၆ ခုနှစ်၊ ဖေဖော်ဝါရီ်လ ၂၃ ရက်မှ ၂၄ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းညီလာခံက ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးစာချူပ် (Treaty of Amity and Cooperation – TAC) နှင့် အာဆီယံကွန်းကော့ (ASEAN Concord) ကြေငြာချက်တို့ကို လက်မှတ်ရေးထိုးထုတ် ပြန်ခဲ့ပါသည်။ အတွင်းရေးမှူးချုပ်ရုံးဖွဲ့စည်းတည်ထောင်ရန်လည်း ဆုံးဖြတ်ခဲ့ပါသည်။ ချစ်ကြည် ရေးပူးပေါင်းဆောင်ရွက်ရေးစာချုပ် - TAC ၏ အနှစ်သာရမှာ ဒေသတွင်းနိုင်ငံများအချင်းချင်း ငြိမ်းချမ်းစွာဆက်ဆံနေထိုင်ရန်၊ တစ်ဦး၏ပြည်တွင်းရေးကိုတစ်ဦးကဝင်ရောက်စွက်ဖက်ခြင်းမပြု ရန်၊ အငြင်းပွားမှုများကိုငြိမ်းချမ်းစွာဖြေရှင်းရန်၊ လက်နှက်အင်အားအသုံးပြုခြိမ်းခြောက်ခြင်းမှ ရှောင်ကြည်ရန်တို့ဖြစ်ပါသည်။ ဤစာချုပ်သည် ရှိရင်းစွဲအဖွဲ့ဝင်နိုင်ငံများသာမက ဝါဒရေးရာတူ ညီမှုမရှိသော အရှေ့တောင်အာရှနိုင်ငံများပါအဖွဲ့ဝင်အဖြစ်ပါဝင်လာရေးကို ရည်ရွယ်ပါသည်။ အာဆီယံကွန်းကော့မှာ စီးပွားရေး၊ ကုန်သွယ်ရေးနှင့်အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက် သွားရန် ရည်ရွယ်ချက်ချမှတ်ခြင်းဖြစ်ပါသည်။

(ခ)     ဒုတိယအကြိမ်အာဆီယံထိပ်သီးညီလာခံ။      မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၁၉၉၇ ခုနှစ်၊ သြဂုတ်လ ၄ ရက်မှ ၅ ရက်နေ့အထိကျင်းပခဲ့ပါသည်။ ယင်းညီလာခံမှအာဆီယံစီၤးပွာရေးဝန်ကြီး များအစည်းအဝေးကျင်းပပြုလုပ်ခြင်းအားဖြင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက် ရန် သတ်မှတ်ပေးခဲ့ပါသည်။

(ဂ)     တတိယအကြိမ်အာဆီယံထိပ်သီးညီလာခံ။    ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ၁၉၈၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိကျင်းပခဲ့ပါသည်။ ယင်းညီလာခံတွင်စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုများကို အလေးထားဆွေးနွေးခဲ့ကြပြီး အာဆီယံလုပ်ငန်းစဉ်အတွက် မနီလာ ကြေငြာချက်ကို ထုတ်ပြန်ခဲ့ပါသည်။ ထို့ပြင်ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးစာချုပ် TAC ကို ဒေသပြင်ပရှိနိုင်ငံများပါဝင်ချုပ်ဆိုနိုင်ရန် အခြေပြစာချုပ် (Protocol) ပြဌာန်းခဲ့ပါသည်။

(ဃ)    စတုတ္ထအကြိမ်အာဆီယံထိပ်သီးညီလာခံ။      စင်္ကာပူနိုင်ငံတွင် ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက် နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပခဲ့ပါသည်။ ယင်းညီလာခံတွင် စင်္ကာပူကြေငြာချက်ကို ထုတ်ပြန် ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်မှုဘောင် (Framework Agreement on Economic Cooperation) ကိုချမှတ်ခဲ့ပါသည်။ အာဆီယံလွတ်လပ်သောကုန်သွယ်မှုဒေသ (ASEAN Free Trade Area- AFTA) ထူထောင်ရန်လည်းဆုံးဖြတ်ခဲ့ပါသည်။ အတွင်းရေးမှူးချူပ်ရုံးတိုးချဲ့ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ပြီး အတွင်းရေးမှုူးချုပ်ကို ၁၉၉၂  ခုနှစ်၊ ဇူလိုင် လမှစတင်၍ ဝန်ကြီးအဆင့်သတ်မှတ်ခဲ့ပါသည်။ ထိပ်သီးညီလာခံကို (၃) နှစ်တစ်ကြိမ်ပုံမှန်ကျင်းပရန်နှင့် ထိပ်သီးညီလာခံများအကြား အာဆီယံထိပ်သီးအလွတ်သဘော အစည်းအဝေးကိုကျင်းပရန်ဆုံးဖြတ်ခဲ့ပါသည်။

(င)     ပဉ္စမအကြိမ်အာဆီယံထိပ်သီးညီလာခံ။        ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၁၉၉၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိကျင်းပခဲ့ပါသည်။ အရှေ့တောင်အာရှဒေသ နျူးကလီးယားလက်နက်ကင်းမဲ့ဇုန် ထူထောင်ရေးစာချူပ်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။

(စ)     ဆဌမအကြိမ်အာဆီယံညီလာခံ။       ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ၁၉၉၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိကျင်းပခဲ့ပါသည်။ ညီလာခံတွင် အကောင်အထည်ဖော်ဆောင်ရွက် ရေးအတွက် ASEAN Vision 2020 ကို ဟနွိုင်းရှေ့လုပ်ငန်းစီမံချက် ( Hanoi Plan of Action – HPA-1999-2004) နှင့် statement  of Bold Measures တို့ကို ထုတ်ပြန်ခဲ့ပါသည်။ ညီလာခံ  အပြီးတွင် အာဆီယံ+၃ ထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့ပါသည်။

(ဆ)    သတ္တမအကြိမ်အာဆီယံထိပ်သီးညီလာခံ။      ဘရု့နိုင်းနိုင်ငံ၊ ဘန်ဒါဆရီ ဘီဂါဝန်မြို့တွင် ၂၀၀၁ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့မှ ၆ ရက်နေ့အထိကျင်းပခဲ့ပါသည်။ တစ်ဆက်တည်း အာဆီယံ + ၃ ထိပ်သီးအစည်းအဝေး၊ အာဆီယံ+၁ ထိပ်သီးအစည်းအဝေးတို့ကိုကျင်းပခဲ့ပါသည်။ ညီလာခံ မှ အကြမ်းဖက်မှုတိုက်ဖျက်ရေးကြေညာစာတမ်းနှင့်ကိုယ်ခံစွမ်းအားကျဆင်းမှု ပူးပေါင်း တိုက်ဖျက်ရေး အာဆီယံကြေငြာစာတမ်းတို့ကိုအတည်ပြုခဲ့ကြပါသည်။

(ဇ)     အဌမအကြိမ်အာဆီယံထိပ်သီးညီလာခံ။       ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ၂၀၀၂ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့မှ ၅ ရက်နေ့အထိကျင်းပခဲ့ပါသည်။ တစ်ဆက်တည်းအာဆီယံ+၃၊ အာဆီယံ+၁ ထိပ်သီးအစည်းအဝေးများအပြင် ပထမအကြိမ်အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်း အဝေးနှင့်မဟာမဲခေါင်မြစ်ဝှမ်းဒေသ ထိပ်သီးအစည်းဝေးတို့ကိုလည်းကျင်းပခဲ့ပါသည်။

(ဈ)     နဝမအကြိမ်အာဆီယံထိပ်သီးညီလာခံ။        အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့၌ ၂၀၀၃ ခုနှစ်၊ အောက် တိုဘာလ ၇ ရက်နေ့မှ ၈ ရက်နေ့အထိကျင်းပခဲ့ပါသည်။ ညီလာခံတွင် အာဆီယံကွန်းကော့ (၂)၊ (ဘာလီကွန်းကော့(၂)) ကို လက်မှတ်ရေးထိုးအတည်ပြုခဲ့ပါသည်။ ၁၉၇၆ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော ဘာလီကွန်းကော့(၁) သည် အာဆီယံအခြေခံလိုအပ်ချက်များပါရှိ သော သဘောတူညီချက်ဖြစ်ပြီး ဘာလီကွန်းကော့(၂) သည် အာဆီယံလုံခြုံရေးအသိုက်အဝန်း၊ စီးပွားရေးအသိုက်အဝန်နှင့်လူမှုရေးအသိုက်အဝန်းစသည့် အဓိကမဏ္ဍိင် (၃) ရပ်အပေါ်အခြေခံ ထားသော အာဆီယံအနာဂတ်အတွက် မျော်မှန်းရေးဆွဲခဲ့သည့် သဘောတူူညီချက်စာတမ်းဖြစ် ပါသည်။

(ည)    ဒသမအကြိမ်အာဆီယံထိပ်သီးညီလာခံ။       လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် ၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိကျင်းပခဲ့ပါသည်။ ညီလာခံ၌ ASEAN- Vision 2020 အပေါ် ဒုတိယ (၆) နှစ်အတွက် အကောင်အထည်ဖော်မှုအဖြစ် Vientiane Action Plan – VAP 2004-2010 ကိုလက်မှတ်ရေးထိုးခဲ့ပါသည်။

(ဋ)     ၁၁ ကြိမ်မြောက်အာဆီယံထိပ်သီးညီလာခံ။             မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပခဲ့ပါသည်။

အာဆီယံထိပ်သီးအလွတ်သဘောအစည်းအဝေးများ

၁၂။     အာဆီယံအဖွဲ့အတွက်အရေးပါသော အခြားအစည်းအဝေးတစ်ခုမှာ အာဆီယံထိပ်သီးအဆင့်အလွတ် သဘောအစည်းအဝေးများဖြစ်ပါသည်။ အောက်ပါအတိုင်းကျင်းပခဲ့ပါသည် -

          (က)    ပထမအကြိမ်အာဆီယံထိပ်သီးအလွတ်သဘောအစည်းအဝေး။

အင်ဒိုနှးရှားနိုင်ငံ၊ ဂျကာတာမြို့၌ ၁၉၉၆ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါ သည်။ ယင်းအစည်းအဝေးတွင် ကမ္ဘောဒီးယား၊ လာအိုနှင့်မြန်မာနိုင်ငံတို့မှ နိုင်ငံတော်အကြီး အကဲခေါင်းဆောင်များလေ့လာသူအဖြစ်တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးမှ ကမ္ဘောဒီးယား ၊ လာအိုနှင့်မြန်မာနိုင်ငံတို့ကို အဖွဲ့ဝင်အဖြစ်အမြန်ဆုံးလက်ခံသွားရန်နှင့် (၃) နိုင်ငံစလုံး တစ်ချိန်တည်းဝင်ခွင့်ပေးသွားရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါသည်။

(ခ)     ဒုတိယအကြိမ်အာဆီယံထိပ်သီးအလွတ်သဘောအစည်းအဝေး။     

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၁၉၉၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့ပါသည်။ အစည်းအဝေး၌ အာဆီယံခေါင်းဆောင်အချင်းချင်းဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အာဆီယံခေါင်းဆောင်များနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံ ခေါင်းဆောင်သုံးဦးတို့ သီးခြားစီ ဆွေးနွေးခဲ့ပါသည်။ ထိပ်သီးအစည်းအဝေးတွင် အာဆီယံအားတည်ငြိမ်သော အောင်မြင်ကြွယ်ဝသော၊ ယှဉ်ပြိုင်မှုစွမ်းအားမြင့် မားသော၊ အချိုးညီညီ စီးပွားရေးဖွံ့ဖြိုးတိုးတက်သော၊ ဆင်းရဲနွမ်းပါးမှုနှင့် လူမှုစီးပွားရေးကွာခြားမှုနည်းပါး သော ဒေသကြီးဖြစ်လာရန် သက္ကရာဇ် ၂၀၂၀ အတွက် အာဆီယံ၏ မျှော်မှန်းချက် ASEAN Vision 2020 ကို အာဆီယံခေါင်းဆောင်များ လက်မှတ်ရေးထိုးခဲ့ကြပါသည်။

          ထို့အပြင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးဌာနများက အာဆီယံဖောင်ဒေးရှင်း ထူထောင်သွားရန် နား လည်မှုစာချွန်လွှာ MOU တစ်ရပ်လက်မှတ်ရေးထိုးခဲ့ပါသည်။

 

(ဂ) တတိယအကြိမ်အာဆီယံထိပ်သီးအလွတ်သဘောအစည်းအဝေး

          ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပခဲ့ ပါသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ စီးပွားရေးဝန်ကြီးများအပြင် ဘဏ္ဍာရေးဝန် ကြီးများပါ ပထမဆုံးအကြိမ် ပူးပေါင်းတက်ရောက်ခဲ့ကြပါသည်။ အာဆီယံဒေသအတွင်း သတင်းအချက် အလက် ကော်ပိုရေးရှင်းများ၏ ထိပ်တန်းအရာရှိကြီးများက အာဆီယံခေါင်းဆောင်ကြီးများကို တင်ပြဆွေး နွေးကြပါသည်။ အာဆီယံခေါင်းဆောင်များသည် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံခေါင်းဆောင်များနှင့် တွေ့ ဆုံပြီး ၂၁ ရာစုတွင် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ပါသည်။ အစည်းအဝေး မှ အရှေ့အာရှပူးပေါင်းဆောင်ရွက်ရေး ပူးပေါင်းကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါသည်။

 

(ဃ) စတုတ္ထအကြိမ်အာဆီယံထိပ်သီးအလွတ်သဘောအစည်းအဝေး

          စင်္ကာပူနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ် နိုဝင်ဘာလ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် အာဆီယံမျှော်မှန်းချက် ၂၀၂၀ ကို အကောင်အထည်ဖော်ရန်အတွက် အစီအရင်ခံစာကို တင်ပြခဲ့ပါသည်။ အီး-အာဆီယံ မူဘောင်သဘောတူစာချုပ်ကိုလည်း အာဆီယံခေါင်းဆောင်ကြီးများက လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ အာဆီယံခေါင်းဆောင်ကြီးများအကြား စည်းလုံးညီညွတ်မှု ခိုင်မြဲစေရန်နှင့် ဝေးလံသည့်ဒေသများဖွံ့ဖြိုးစေရန် စင်္ကာပူ-ကူမင်းရထားလမ်းစီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း သဘောတူခဲ့ကြပါသည်။ မဲခေါင်မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရန် တိုက်တွန်းအားပေးဆွေးနွေးခဲ့ပါသည်။ တရုတ်၊ ဂျပန် နှင့် ကိုရီးယားသမ္မတနိုင်ငံတို့က မဲခေါင်မြစ်ဝှမ်းဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများတွင် ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပါသည်။

အာဆီယံကော်မတီအစည်းအဝေး (ASEAN Standing Committee-ASC)

၁၃။     အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးများသည် မူလဖွဲ့စည်းစဉ်က နိုင်ငံခြားရေးဝန်ကြီးများပါဝင်သည့် ဝန်ကြီးအဆင့်အစည်းအဝေးသာရှိခဲ့ရာ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်ကျယ်ဝန်းလာသည်နှင့်အညီ သက်ဆိုင်ရာကဏ္ဍအလိုက်ဝန်ကြီး၏ အစည်းအဝေးတစ်ခုနှင့် တစ်ခုအကြားတွင် အာဆီယံမူဝါဒရေးရာ ကိစ္စများညှိ့နှိုင်းဆွေးနွေးဆောင်ရွက်ရန် အာဆီယံအမြဲတမ်းကော်မတီကို ဖွဲ့စည်းထားပါသည်။ ကော်မတီဥက္ကဌသည် ဝန်ကြီးအဆင့်အာဆီယံအစည်းအဝေးကျင်းပသည့် အိမ်ရှင်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဖြစ်ပြီး အာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံညွှန်ကြားရေးမှူးချုပ်များသည် အဖွဲ့ဝင်များဖြစ်ပါသည်။ အာဆီယံ အမြဲတမ်းကော်မတီ အစည်းအဝေးကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး တစ်ခုနှင့် တစ်ခုအကြား (၄) ကြိမ်မှ (၅) ကြိမ်အထိ ကျင်းပလေ့ရှိပါသည်။

အဆင့်မြင့်အရာရှိများအစည်းအဝေး (Senior Officer Meeting – SOM)

၁၄။     ၁၉၈၇ ခုနှစ်၊ မနီလာထိပ်သီးညီလာခံဆုံးဖြတ်ချက်အရ စတင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးနှင့် လုံခြုံရေး ကစ္စများကို ဆွေးနွေး၍ ဝန်ကြီးအဆင့် အစည်းအဝေးကို တာဝန်ခံတင်ပြရပါသည်။ တစ်နှစ်လျှင် (၃) ကြိမ် မှ (၄) ကြိမ်အထိ ကျင်းပပါသည်။

အဆင့်မြင့်စီးပွားရေးအရာရှိများအစည်းအဝေး (Senior Economic Officials Meeting – SEOM)

၁၅။     စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကိစ္စများဆောင်ရွက်ရန် ၁၉၉၇ ခုနှစ်၊ ကွာလာလမ်ပူမြို့၌ ကျင်းပ သည့် ဒုတိယအကြိမ်ထိပ်သီးညီလာခံမှ ဖွဲ့စည်းတည်ထောင်ပေးသော အစည်းအဝေးဖြစ်သည်။ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို စီးပွားရေးဝန်ကြီးများအား တာဝန်ခံတင်ပြပါသည်။ ထိုအစည်းအဝေးကို အာဆီယံစီးပွားရေးဝန်ကြီးများအစည်းအဝေးမကျင်းပမီ နှစ်လ (သို့) သုံးလလျှင်တစ်ကြိမ်ပြုလုပ်ပါသည်။

၁၆။     အခြားကဏ္ဍများ၏ ဝန်ကြီးအဆင့်အစည်းအဝေးများကို ပံ့ပိုးမှုပြုရန်အတွက် ကဏ္ဍအလိုက် အဆင့် မြင့်အရာရှိများ အစည်းအဝေးကိုလည်း ကျင့်းပလေ့ရှိပါသည်။

အာဆီယံအစည်းအဝေးအဆင့်ဆင့်

၁၇။     အာဆီယံအဖွဲ့အတွင်း အဓိကပြုလုပ်သော အစည်းအဝေးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

          (က) အာဆီယံဝန်ကြီးအဆင့်/နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး

          (ခ) အာဆီယံစီးပွားရေးဝန်ကြီးများအစည်းအဝေး

          (ဂ) အာဆီယံအခြားဝန်ကြီးများအစည်းအဝေး

                   (၁) ဘဏ္ဍာရေးဝန်ကြီးမျာအစည်းအဝေး

                   (၂) စိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးများအစည်းအဝေါ်

                   (၃) စွမ်းအင်ဝန်ကြီးများအစည်းအဝေး

                   (၄) ဖွံ့ဖြိုးမှုစီမံကိန်းဝန်ကြီးများအစည်းအဝေး

                   (၅) ပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေး

                   (၆) ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဝန်ကြီးများအစည်းအဝေး

                   (၇) ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာဝန်ကြီးများအစည်းအဝေး

                   (၈) လူငယ်ရေးရာဝန်ကြီးများ အစည်းအဝေး

                   (၉) ပြည်ထဲရေးဝန်ကြီးများအစည်းအဝေး

                   (၁၀) ပြန်ကြားရေးဝန်ကြီးများအစည်းအဝေး

 

ဗီယန်ကျင်းလုပ်ငန်းအစီအစဉ်တွင် ပါဝင်သော အာဆီယံအသိုင်းအဝန်း (၃) ရပ်ထူထောင်ရေး

၁၈။     အာဆီယံအဖွဲ့ကြီးနှစ် (၄၀) ပြည့်မြောက်ပြီးသည်အထိ သက်တမ်းရှည်ကြာစွာ ရပ်တည်နိုင်သည့် အပြင် ကမ္ဘာအဖွဲ့အစည်းများက လေးစားဂုဏ်ယူရသော အဖွဲ့အစည်းအဖြစ်ရပ်တည်နိုင်ခဲ့ခြင်းမှာ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု၊ လူမှုရေးတို့နှင့် ပတ်သတ်၍ ကောင်းမြတ်သောအစဉ်အလာများချမှတ် စောင့်ထိန်းကျင့်သုံးလေ့ရှိခြင်းကြောင့်ဖြစ်သည်။ ဤသို့သော ကောင်းမြတ်သည့်အစဉ်အလာ များကို ကောင်းမြတ်သောရည်ရွယ်ချက်နှင့် စနစ်တကျချမှတ် ဆောင်ရွက်နိုင်ရန် ဗီယန်ကျင်းလုပ်ငန်းအစီအစဉ် များကို ချမှတ်နိုင်ခဲ့ပါသည်။ ASEAN concord II ၏ ကြေညာချက်အရ အာဆီယံအသိုက်အဝန်း၏ ရည်ရွယ်ချက်အောင်မြင်စေရန် အောက်ဖော်ပြပါ အသိုက်အဝန်း (၃) ရပ်ကို တည်ထောင်ဆောင်ရွက်ကြ ပါသည်-

          (က) အာဆီယံလုံခြုံရေးအသိုက်အဝန်း

              (ASEAN Security Community)

          (ခ) အာဆီယံစီးပွားရေးအသိုက်အဝန်း

             (ASEAN Economic Community)

          (ဂ) အာဆီယံယဉ်ကျေးမှု၊ လူမှုရေးအသိုက်အဝန်း

             (ASEAN Social-cultural Community)

 

နိုင်ငံရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု

၁၉။     နိုင်ငံရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုသည် အာဆီယံစတင်ဖွဲ့စည်းတည်ထောင်သည့် အစောဆုံးနှစ်များကပင် စတင်ခဲ့ပါသည်။ အာဆီယံ၏ အဓိကကျသောစာချုပ်များအနက် (Zone of peace Freedom and Neutrality- ZOPEAN) ကို ၁၉၇၁ ခုနှစ်၊ ကွာလာလမ်ပူကြေညာချက်အရ ထုတ်ပြန်ခဲ့ပြီး အရှေ့တောင်အာရှဒေသ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ် (Treaty of Amity and Cooperation-TAC) ကို ၁၉၇၆ ခုနှစ်တွင် ချုပ်ဆိုနိုင်ခဲ့ပါသည်။ ယင်းစာချုပ်ကို ၁၉၉၂ ခုနှစ်တွင် ကုလသမဂ္ဂက အတည်ပြုခဲ့ပါသည်။ ၁၉၇၆ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် အာဆီယံ ညီညွတ်ရေးကြေညာစာ တမ်း (Declaration of ASEAN Concord) အရ နိုင်ငံရေး၊ လုံခြုံရေးနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ နယ်ပယ် များတွင် အာဆီယံပူးပေါင်းဆောင်ရွက်ရေးမူနှင့် လုပ်ငန်းစဉ်များ ချမှတ်နိုင်ခဲ့ပါသည်။

၂၀။     အာဆီယံ၏နိုင်ငံရေးနှင့် လုံခြုံရေးရည်ရွယ်ချက်များ မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

          (က) အရှေ့တောင်အာရှ နိုင်ငံအားလုံး ၂၀၀၀ ပြည့်နှစ်တွင် အာဆီယံအသင်းဝင်ဖြစ်ရေး၊

          (ခ) လုံခြုံရေးဆိုင်ရာ အာဆီယံဒေသပူူးပေါင်းဆွေးနွေးပွဲများ ဖွံဖြိုးတိုးတက်ရေး၊

          (ဂ) တောင်တရုတ်ပင်လယ်အငြင်းပွားမှုဖြေရှင်းရေး၊

          (ဃ) ချစ်ကြည်ရင်းနှီးရေးစာချုပ်တွင် အာဆီယံအသင်းဝင် မဟုတ်သောနိုင်ငံများ ပါဝင်လက်မှတ်

                   ရေးထိုးရန် အားပေးတိုက်တွန်းရေး၊

          (င) နျူးကလီးယားလက်နက်မဲ့ဇုန်ထူထောင်ရေး၊

          (စ) ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်ဖြစ်မှုမျှတရေး၊

၂၁။     အာဆီယံခေါင်းဆောင်များသည် ဒေသဆိုင်ရာအဖွဲ့အစည်းများပိုမိုကျယ့်ပြန့်လာရန် သဘောတူ ဆောင်ရွက်ခဲ့ကြသည်။ အထူးသဖြင့် မဟာဗျူဟာ အချက်အချာဌာန ပြောင်းလဲရေးကို ထည့်သွင်းစဉ်းစားခဲ့ ကြသည်။

၂၂။     အကြမ်းဖက်ဝါဒဆန့်ကျင်ရေးအာဆီယံ၏အနေအထား(ASEAN’s Stance Against Terrorism) ထိပ်သီးဆွေးနွေးပွဲတွင် အာဆီယံခေါင်းဆောင်များသည် အကြမ်းဖက်မှုဆန့်ကျင်ရေး ပူးပေါင်းလူပ်ရှားမှု အတွက် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက် အောင်မြင်မှုရရှိရေးအတွက် လက်တွေနည်းစနစ်များဖြင့် ဖော်ဆောင်ရမည်ဖြစ် ကြောင်း၊ အာဆီယံဝန်ကြီးများက လမ်းညွှန်ခဲ့သည်။ အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေးဆိုင်ရာ ဝန်ကြီးများအ စည်းအဝေးမှ အကြမ်းဖက်ဆန့်ကျင်ရေးနည်းလမ်းများ ပြဌာန်းခဲ့သည်။ ယင်းတွင် သတင်းဖလှယ်မှု၊ တည်ဆဲ ဥပဒေများအရ တရားဝင်ပူးပေါင်းဆောင်ရွက်မှု၊ လူမှုအဖွဲ့အစည်းဆိုင်ရာ အဆောက်အအုံတည် ဆောက်မှု၊ ပြင်ပဒေသများ ပူးပေါင်းမှုသည်တို့ ပါဝင်သည်။ ဝန်ကြီးများ တွေ့ဆုံဆွေးနွေးပြီးနောက် ၂၀၀၂  ခုနှစ်၊ မေလ ၇ ရက်နေ့တွင် အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည်သတင်းဖလှယ်ရေးနှင့် အကြမ်းဖက်ကျူးကျော်မှုများကိုဆန့်ကျင်သောပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များချမှတ်ရေးတို့အတွက် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။

၂၃။     အာဆီယံဒေသဆိုင်ရာအဖွဲ့အစည်း (ASEAN Regional Forum – ARF)

        အာရှပစိဖိတ်ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများသည် ARF ၏ နိုင်ငံရေးနှင့် လုံခြုံရေးသော့ချက် တစ်ရပ်ဖြစ်ပါသည်။ ၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင်သည်။ ARF အဖွဲ့အစည်းပူးပေါင်းဆောင်ရွက်မှု အဆင့် (၃) ဆင့်ဖြစ်သော တစ်ဦးနှင့် တစ်ဦး ထိတွေ့ပြီး ယုံကြည်မှုတည်ဆောက်ခြင်း (Confidence Building Measures – CBM)၊ အရေးအခင်းတစ်ခုဖြစ်ပေါ်မလာမီ သံတမန်နည်းလမ်းအရ ကြိုတင်ဝင် ရောက်ကာကွယ်ခြင်း (Preventive Diplomacy)၊ ပဋိပက္ခဖြစ်စေမည့်နည်းလမ်းများကို သတိပြုရှောင်ရှား ဖြေရှင်းခြင်း (Conflict Resolution) အတွက် နိုင်ငံအချင်းချင်း ညှိ့နိူင်းတိုင်ပင် ဆွေးနွေးနိုင်ရန် ရည်ရွယ်တည်ထောင်သည်။ အာဆီယံနိုင်ငံများအပြင် ဆွေးနွေးဖက်နိုင်ငံများ (ASEAN Dialogue Partners) များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

          (က) သြစတြေးလျ

( ခ )   ကနေဒါ

( ဂ )   ကိုရီးယားသမ္မတနိုင်ငံ

(ဃ)    ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP)

( င )   ဥရောပ သမဂ္ဂနိုင်ငံများ

( စ )   ဂျပန်

( ဆ )  နယူးဇီလန်

( ဇ )   အမေရိကန် ပြည်ထောင်စု

( ဈ )   အိန္ဒိယ

( ည)   တရုတ်ပြည်သူ့သမ္မတနိုင်ငံ

 

၂၄။     အာဆီယံသည် ARF Network ကို ပိုမိုကျယ်ပြန့်လာစေရန် အားစိုက်ထုတ်သည့်အနေဖြင့် ထူးချွန်ထက် မြတ်သော ပုဂ္ဂိုလ်များကို စာရင်းပြုစုပြီး ARF ၏ အကြံပေးပညာရှင်များအဖြစ် လက်ခံဆောင်ရွက်နိုင်ရန် ကမ်းလှမ်း ခဲ့သည်။ ARF အစည်းအဝေးများတွင် ကူညီအကြံပြုပံ့ပိုးရန် ဖိတ်ခေါ်ခဲ့သည်။ ယခင်က ARF အပေါ် ယုံကြည်မှုတည် ဆောက်နိုင်ရန် ဆွေးနွေးပွဲများကို အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံများမှ သဘာပတိအဖြစ် လက်ခံဆောင်ရွက်စေခဲ့သည်။ ၂၀၀၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့များတွင် နယူးဒေလီ၌လည်းကောင်း၊ ၂၀၁၂ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့ထိ ဟနွိုင်း၌လည်းကောင်း ကျင်းပခဲ့သည်။ ARF သည် ပြီးခဲ့သောလှုပ်ရှားမှုများ၏ အတွေ့အကြုံ ရယူကာ အနာဂါတ်ရည်မှန်းချက်အဖြစ် အဖွဲ့အစည်းပိုမိုကျယ်ပြန့် ကြီးထွားခိုင်မာရန် ကြိုးပမ်းအား ထုတ်လျှက်ရှိသည်။

၂၅။     နိုင်ငံခြားရေးဝန်ကြီးများချစ်ကြည်ရင်းနှီးမှု (Foreign Minister’s Retreat)။        ၂၀၀၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ဖူးခက် (Phuket) ၌ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအလွတ်သဘော ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံ ခဲ့ကြရာ နိုင်ငံတကာနှင့် ဒေသအတွင်းဖွံ့ဖြိုးတိုးတက်မှုအတွက် လျှင်မြန်သောပြောင်းလဲမှုများ တစိုက်မတ်မတ် ဆောင်ရွက်ရန်လိုအပ်နေပြီဖြစ်ကြောင်း လက်ခံခဲ့ကြသည်။ ဝန်ကြီးများသည် အရှေ့တီမောကျွန်းကိစ္စကို အလွတ် သဘောဆွေးနွေးကြသည်။ နိုင်ငံတကာအကြမ်းဖက်မှုလုပ်ရပ်များကို ကန့်ကွက် တိုက်ပွဲဝင်ကြရန် ဆုံးဖြတ်ကြသည်။ တောင်အာရှပင်လယ်အရေးကိစ္စ၊ အာဆီယံအိန္ဒိယ ထိပ်သီးဆွေးနွေးပွဲကျင်းပရေးကိစ္စ၊ အနောက်တောင်ပစိဖိတ် အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ရေးကိစ္စတို့ကို တိုင်ပင်ခဲ့ကြသည်။

၂၆။     အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ် (Treaty of Amity and Cooperation in Southeast Asia)။        ခုနှစ်ကြိမ်မြောက်အာဆီယံဝန်ကြီးများတွေ့ဆုံဆွေးနွေးပွဲကို ၂၀၀၁ ခုနှစ်၊ ဇူလိုင်လတွင် ဟနွိုင်းမြို့၌ ကျင်းပခဲ့ သည်။  ယင်းဆွေးနွေးပွဲတွင် High Council မှ ၁၉၇၆ ခုနှစ်က ချုပ်ဆိုခဲ့သော အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ပါ စည်းမျဉ်းဥပဒေ (၄) ခုကို ချပြခဲ့သည်။ ထိုဥပဒေအရ High Council သည် အငြင်းပွားမှုများကိုဖြေရှင်းရမည်ဖြစ်ပြီး ဒေသတွင်းအေးချမ်းသာယာရေးနှင့် စည်းလုံးညီညွတ်ရေးကို ဖေါ်ဆောင်ပေး ရမည်ဖြစ်သည်။ အာဆီယံသည် အရှေ့တောင်အာရှ မဟုတ်သေ ာနိုင်ငံများနှင့်အရှေ့တောင်အာရှနိုင်ငံများအကြား ချစ်ကြည်မှုကို တည်ဆောက်လျက်ရှိပါသည်။ ထိုနိုင်ငံများက အာဆီယံကို လက်ခံလိုက်လျောနိုင်ရန် ချည်းကပ်နည်းများကို အစီအစဉ်တကျရေးဆွဲခဲ့သည်။ အာဆီယံမှာ အရှေ့တောင်အာရှမဟုတ်သောနိုင်ငံများ၏ ချစ်ကြည်ရင်းနှီးမှုကို ရရှိပြီး ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းတည်ဆောက်နိုင်မည်ဟု ယုံကြည်သည်။ အာဆီယံအထက်အဖွ့ဲအစည်းများတွင် အာဆီယံမဟုတ်သောနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ ပူးပေါင်းပါဝင်၍ အငြင်းပွားမှုပြဿနာများကို ကူညီဖြေရှင်းပေးနိုင်ရန် ရည်ရွယ်လိုလားသည်။

၂၇။     တောင်တရုတ်ပင်လယ် (South China Sea)။       တောင်တရုတ်ပင်လယ်၏အချုပ်အခြာအာဏာပိုင်ခွင့် နှင့်တရားရေးအာဏာစီရင်ပိုင်ခွင့်တို့သည် အာဆီယံဒေသလုံခြုံရေးနှင့် နိုင်ငံရေးအတွက် ပိုမိုဦးစားပေးရမည့် အစီ အစဉ်များဖြစ်သည်။ အာဆီယံဒေသငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို  ထိန်းသိမ်းနိုင်ရန်အလို့ငှာ အာဆီယံကတရုတ် နိုင်ငံကို စေ့စပ်ဆွေးနွေးလျှက် တောင်တရုတ်ပင်လယ်ဆိုင်ရာ ဥပဒေမူကြမ်းရေးဆွဲနိုင်ရေးကို တိုက်တွန်းအားပေး လျှက်ရှိသည်။ အဘက်ဘက်မှ ကတိကဝတ်များကို လိုက်နာကြပြီး တားမြစ်ထိန်းချုပ်မှုများကို လိုက်နာကြမည်ဆို လျှင် တောင်တရုတ်ပင်လယ်အငြင်းပွားမှုများပြေလည်ငြိမ်းချမ်းသွားမည်ဟု အာဆီယံကမျှော်လင့်ယုံကြည်လျှက်ရှိ သည်။

၂၈။     အရှေ့တောင်အာရှနျူးကလီးယားလက်နက်မဲ့ဒေသ (Southeast Asia Nuclei Weapon Free Zone)။ အာဆီယံနိုင်ငံများ၏ အခြေခံတာဝန်တစ်ရပ်မှာ အရှေ့တောင်အာရှနျူးကလီးယားလက်နက်မဲ့ဒေသ ထူထောင်နိုင် ရေးဖြစ်သည်။ အာဆီယံသည် နျူးကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် လျော့ချရေးကို လက်ခံသဘောတူသည်။ အာဆီယံသည် နျူးကလီးယား လက်နက်နိုင်ငံများနှင့် ချဉ်းကပ်ဆွေးနွေးခဲ့ပြီး ချစ်ကြည်ရေးစာချုပ်ချုပ်ဆိုနိုင်ရန် ကြိုးပမ်းခဲ့သည်။ အာဆီယံနှင့် Nuclei Weapon States (NWS) နျူးကလီးယားလက်နက်နိုင်ငံများပထမအကြိမ် တိုက်ရိုက်ဆွေးနွေးပွဲကို ၂၀၀၁ ခုနှစ်၊ မေလ ၁၉ ရက်နေ့တွင် ဟနွိုင်း၌ ကျင်းပခဲ့ပြီး ဒုတိယအကြိမ်ဆွေးနွေးပွဲကို ၂၀၀၂ ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပခဲ့သည်။

 

အာဆီယံ၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု

၂၉။     အာဆီယံအဖွဲ့ကြီးသည် နိုင်ငံရေးနှင့်ဒေသတွင်းလုံခြုံရေး၊ စည်းလုံးညီညွတ်ရေးများသာမက စီးပွားရေးပူး ပေါင်းဆောင်ရွက်ရန် အားထုတ်ခဲ့သည်။ မူလ (၆) နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နောက်ထပ်အဖွဲ့ဝင်နိုင်ငံ များ၏ သယံဇာတအရင်းအမြစ်ကြွယ်ဝမှု၊ လုပ်အားခဈေးချိုမှုများပေါင်းစပ်၍ အာဆီယံထွက်ကုန်အဖြစ် ကမ္ဘာ့ဈေး ကွက် ရရှိရေးအထိ မျှော်လင့်ချက်ထားရှိပါသည်။

၃၀။     အာဆီယံ၏ စီးပွားရေးရည်မှန်းချက်များ။     အာဆီယံ၏စီးပွားရေးရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ် ပါသည် -

          ( က )  ၂၀၀၇ ခုနှစ်တွင် လွတ်လပ်သော အာဆီယံကုန်သွယ်ရေးနယ်မြေထူထောင်ရေး

          ( ခ )   ဒေသခွဲဆိုင်ရာအစီအစဉ်များကို အားပေးထောက်ခံရေး

          ( ဂ )   ဝန်ဆောင်မှုလုပ်ငန်းများ၊ အတတ်ပညာရှင်များ၏ မူပိုင်ခွင့်ကိစ္စရပ်များစေ့စပ်ဆွေးနွေးရေး

          (ဃ)    ပူးတွဲရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး

          ( င )   ပုဂ္ဂလိကကဏ္ဍမှ ပါဝင်ဆောင်ရွက်ရေး

          ( စ )   အငြင်းပွားမှုဖြေရှင်းရေးစနစ်တစ်ရပ်ရေးဆွဲရေး

          ( ဆ )  အပြည်ပြည်ဆိုင်ရာစီးပွားရေးကိစ္စရပ်များတွင် အာဆီယံကပိုမိုတက်ကြွစွာပါဝင်ဆောင်ရွက်ရေး

 

၃၁။     အာဆီယံလွတ်လပ်သောကုန်သွယ်မှုဒေသ (ASEAN Free Trade Area-AFTA)။   ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီ လတွင် စင်္ကာပူနိုင်ငံ၌ကျင်းပခဲ့သော (၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှ ထွက်ပေါ်လာသည့် “စင်္ကာပူကြေညာချက် ၁၉၉၂” အရ အာဆီယံလွတ်လပ်သောကုန်သွယ်မှုဒေသ- AFTA ကို တည်ထောင်ရန် သဘောတူညီခဲ့ကြသည်။ AFTA ၏ အဓိကရည်ရွယ်ချက်မှာ ကမ္ဘာ့ဈေးကွက်အတွင်း အာဆီယံအဖွဲ့၏ ပူးပေါင်းထုတ် လုပ်မှု၊ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ယှဉ်ပြိုင်နိုင်မှုစွမ်းအား ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပါသည်။ စင်္ကာပူကြေငြာ ချက်အရ အာဆီယံဒေသအတွင်း ပူးပေါင်းဆောင်ရွက်မှုတိုးတက်ရန် လွတ်လပ်သောကုန်သွယ်မှုဒေသ AFTAကို အကောက်ခွန်အထူးလျော့ချရေးအစီအစဉ် Common Effective Preferential Tariff- CEPT ဖြင့် ၁၉၉၃ ခုနှစ်မှစ၍ ၁၅ နှစ်အတွင်းအကောင်အထည်ဖော်ဆောင်ရွက်ရန်တို့ဖြစ်ပါသည်။ AFTAကို သက္ကရာဇ် ၂၀၀၈ ခုနှစ်တွင် အကောင်အထည်ဖော်ရန်ဖြစ်သော်လည်း ၁၉၉၄ ခုနှစ်၊ စက်တင်ဘာလတွင် ထိုင်းနိုင်ငံ၌ကျင်းပခဲ့သည့် အာဆီယံ စီးပွားရေးဝန်ကြီးများ၏ အစည်းအဝေးမှ သဘောတူဆုံးဖြတ်ချက်အရ အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ တည်ထောင်ရန် အချိန်ကာလကို သက္ကရာဇ် ၂၀၀၃ သို့ ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။ သို့ဖြစ်၍ ၂၀၀၃ ခုနှစ်မှစ၍ အာဆီယံဒေသအတွင်း ကုန်သွယ်မှုတွင်ပါဝင်သည့် ကုန်ပစ္စည်းများအတွက် အကောက်ခွန်နှုန်းကို ဝ% မှ ၅%သို့ လျော့ချရန်ဖြစ်ပါသည်။ လာအိုနှင့် မြန်မာနိုင်ငံအတွက် ၂၀၀၅ ခုနှစ်နှင့် ကမ္ဘောဒီးယားအတွက် ၂၀၀၇ အဖြစ် ရည်ရွယ်ခဲ့ပါသည်။ အာဆီယံအကောက်ခွန်အထူးလျော့ချရေး (Common Effective Preferential Tariff- CEPT) ယန္တရား၏ ရည်ရွယ်ချက်မှာ AFTA ၏ ရည်မှန်းချက်ဖြစ်သော အာဆီယံအဖွဲ့ဝင်နိုင်ငံများ အခြားသွင်းကုန်ဆိုင်ရာ အကောက်ခွန်များလျော့ချရေးနှင့် အရေအတွက်ကန့်သတ်မှုလျော့ချရေး၊ အကောက်ခွန်မဟုတ်သော ကုန်သွယ်မှု ဆိုင်ရာအတားအဆီးများ Non- Tariff Barriers လျော့ချရေးတို့အတွက် ဆောင်ရွက်ရန်ဖြစ်ပါသည်။ CEPT Scheme အရ အကောက်ခွန်နှုန်းထားများ လျော့ချမည့်ကုန်ပစ္စည်းအုပ်စုများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

( က )  ထည်သွင်းစာရင်း (Inclusion List-IL)။     AFTA အကောင်အထည်ဖော်ချိန်တွင် အကောက်ခွန် နှုန်းထား ဝ% မှ ၅%သို့ လျော့ချသွားရန် ကုန်ပစ္စည်းများစာရင်းဖြစ်ပါသည်။ အာဆီယံအဖွဲ့ဝင်ဖြစ် သည်နှင့်တစ်ပြိုင်နက် အကောက်ခွန်နှုန်းထားများလျော့ချရမည့် ကုန်ပစ္စည်းစာရင်း၊ တစ်နည်းအား ဖြင့် လက်တလောထည့်သွင်းပါဝင်မည့် ကုန်ပစ္စည်းများစာရင်းဖြစ်ပါသည်။

( ခ )   ယာယီဖယ်ထားသည့်စာရင်း (Temporary Exclusion List- TEL)။        အာဆီယံအဖွဲ့ဝင်နိုင်ငံအသီး သီး၏ ချက်ချင်းလျော့ချပေးနိုင်ခြင်းမရှိသေးသော အကောက်ခွန်နှုန်းထားများအရ ယာယီကာကွယ် ထားသောကုန်ပစ္စည်းများစာရင်းဖြစ်ပါသည်။ သတ်မှတ်ထားသည့်အချိန်မှစ၍ ထည့်သွင်းစာရင်းထဲ သို့ ပြောင်းရွေ့သွားရမည်ဖြစ်ပြီး အကောက်ခွန်နှုန်းထား လျော့ချရမည့် ကုန်ပစ္စည်းများစာရင်းဖြစ် ပါသည်။

( ဂ )   အရေးကြီးစာရင်း (Sensitive List- SL)မိမိနိုင်ငံအတွက်အဓိကအရေးကြီးပြီး အကောက်ခွန်လျော့ချပေးခြင်းကို အချိန်ယူအကာအကွယ်ပေးလိုသော ပစ္စည်းများစာရင်းဖြစ်ပါသည်။ အဆိုပါ စာရင်းတွင် မပြုပြင်ရသေးသော လယ်ယာထွက်ကုန်ပစ္စည်းများပါဝင်ပြီး အကောက်ခွန်လျော့ပေါ့ ပေးမှုအတွက် ခွင့်ပြုချိန်ပိုမိုပေးထားပါသည်။ သတ်မှတ်ချိန်ရောက်ရှိမှ ထည့်သွင်းစာရင်းသို့ ပြောင်း ရွေ့ပြီးအကောက်ခွန်နှုန်းများလျော့ချရမည့် ကုန်ပစ္စည်းများစာရင်းဖြစ်ပါသည်။ (TEL စာရင်းထက် အချိန်ပို၍ ရပါသည်။)

(ဃ)    အထွေထွေကင်းလွတ်ခွင့်ပြုစာရင်း (General Exception List-GEL)။               အကောက်ခွန်လျော့ ချမှုမှ အမြဲတမ်းကင်းလွတ်ခွင့်ပြုထားသည့် ကုန်ပစ္စည်းများစာရင်းဖြစ်ပါသည်။ တစ်နည်းအားဖြင့် အကောက်ခွန်နှုန်းလျော့ချပေးရန်လုံးဝမလိုသည့် ပစ္စည်းများဖြစ်ပါသည်။

၃၂။     အာဆီယံပေါင်းစည်းရေးဆိုင်ရာ အထူးအခွင့်အရေးပေးမှုအစီအစဉ် (ASEAN Integration System of Preference-AISP)။  အာဆီယံ၏မူလအဖွဲ့ဝင် (၅)နိုင်ငံမှ အဖွဲ့ဝင်သစ် (၄)နိုင်ငံ (CLMV) သို့ အကောက်ခွန်ဆိုင် ရာအထူးအခွင့်အရေးပေးခြင်း (AISP)ကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် အဆိုပါ CLMV နိုင်ငံများသည် မူလအာဆီယံ နိုင်ငံများနှင့်တစ်သားတည်း ပေါင်းစည်းပါဝင်ရေး မြန်ဆန်စေမည့် အစီအစဉ်ဖြစ်ပါသည်။ ထိုအစီအစဉ်အရ CLMV နိုင်ငံများမှ တင်ပို့သော ကုန်ပစ္စည်းအမယ်များအပေါ် အာဆီယံ၏ မူလအဖွဲ့ဝင်နိုင်ငံ (၅)နိုင်ငံမှ အကောက်ခွန်နှုန်း များကို ဝ% မှ ၅%အထိလျော့ချပေးသည့် အစီအစဉ်ဖြစ်ပါသည်။ ဤအစီအစဉ်အရ CLMV နိုင်ငံများအနေဖြင့် အခွင့်အရေးရယူလိုသည့် ကုန်ပစ္စည်းမယ်များကို အဆိုပါ (၅)နိုင်ငံသို့ အကြောင်းကြားရပါမည်။ အဆိုပါ AISP အစီအစဉ်ကို ၂၀၀၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ပြီး၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ရပ်ဆိုင်းမည် ဖြစ်ပါသည်။ အဆိုပါ အစီအစဉ်အရ နှစ်နိုင်ငံချင်းညှိနှိုင်းဆောင်ရွက်သွားရန်နှင့် တစ်ဖက်သတ် အခွင့်အရေး ပေးသည့် မူတို့ကို ကျင့်သုံးသွားမည်ဖြစ်ပါသည်။ AISP အစီအစဉ်အရ အကောက်ခွန်အခွင့်အရေးပေးသည့်မူကို ခံစားခွင့်ရရန်အတွက် CEPT Form-D လျှောက်ထားသည့် လုပ်ထုံးလုပ်နည်းများအတိုင်း ဖြစ်ပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ASIP Certificate ထုတ်ပေးလျက်ရှိပါသည်။ AISP အခွင့်အရေးပေးသည့် ပစ္စည်းအရေအတွက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

          ( က )  ထိုင်းနိုင်ငံ                  ၆၈၂    မျိုး

          ( ခ )   မလေးရှားနိုင်ငံ            ၂၉၅    မျိုး

          ( ဂ )   အင်ဒိုနီးရှားနိုင်ငံ          ၁၇၈    မျိုး

          (ဃ)    ဖိလစ်ပိုင်နိုင်ငံ             ၂၀၆    မျိုး

          ( င )   ဘရူနိုင်းနိုင်ငံ              ၂၀၄    မျိုး

( စ )   စင်္ကာပူနိုင်ငံမှာမူလကတည်းက အကောက်ခွန်နှုန်းထား ဝ%ဖြစ်၍ AISP အခွင့်အရေးပေးရန် မလို ပါ။

၃၃။     AISP အခွင့်အရေးကို ခံစားခွင့်ရရှိရန် မြန်မာနိုင်ငံမှတင်ပို့သော ကုန်ပစ္စည်းများသည် လယ်ယာထွက်ကုန် ပစ္စည်းများဖြစ်ပါက အောက်ပါပင်ရင်းဒေသ သတ်မှတ်ချက်များ၊ လိုအပ်ချက်များနှင့် ကိုက်ညီရပါမည် -

          ( က )  မြန်မာနိုင်ငံမှ ကုန်ကြမ်းများကိုသာ အသုံးပြု၍ ထုတ်လုပ်ခြင်း၊ (သို့မဟုတ်)

( ခ )   ပြည်ပသွင်းကုန်၊ ကုန်ကြမ်းပါဝင်ထုတ်လုပ်သော ကုန်ပစ္စည်းဖြစ်ပါက မြန်မာနိုင်ငံမှ ကုန်ကြမ်းပါဝင် ထုတ်လုပ်မှုတန်ဖိုးသည် FOB တန်ဖိုး၏ ၆၀% အောက် မလျော့နည်းစေရပါ။ (သို့မဟုတ်)

( ဂ )   ပြည်ပသွင်းကုန် ကုန်ကြမ်းပါဝင်ထုတ်လုပ်သော ကုန်ပစ္စည်းဖြစ်ပြီး တင်သွင်းမှုခံရမည့်နိုင်ငံ (ဥပမာ- ထိုင်းနိုင်ငံ)မှ ကုန်ကြမ်းဖြင့် ပါဝင်ထုတ်လုပ်ခြင်းဖြစ်လျှင် မြန်မာနှင့် (ထိုင်းနိုင်ငံ) ပေါင်းစပ် ထုတ်လုပ်မှုတန်ဖိုးသည် FOB တန်ဖိုး၏ ၆၀% အောက် မလျော့နည်းစေရပါ။

၃၄။     လယ်ယာထွက်ကုန်မဟုတ်သော အခြားပစ္စည်းများဖြစ်လျှင် အောက်ပါပင်ရင်းဒေသ သတ်မှတ်ချက်များ၊ လိုအပ်ချက်များနှင့်ကိုက်ညီရပါမည် -

          ( က )  မြန်မာနိုင်ငံမှ ကုန်ကြမ်းများကိုသာ အသုံးပြု၍ ထုတ်လုပ်ခြင်းဖြစ်ရပါမည်၊ (သို့မဟုတ်)

( ခ )   ပြည်ပသွင်းကုန်၊ ကုန်ကြမ်းပါဝင်ထုတ်လုပ်သော ကုန်ပစ္စည်းဖြစ်ပါက မြန်မာနိုင်ငံမှ ကုန်ကြမ်းပါဝင် ထုတ်လုပ်မှုတန်ဖိုးသည် FOB တန်ဖိုး၏ ၄၀% အောက် မလျော့နည်းစေရပါ။ (သို့မဟုတ်)

( ဂ )   ပြည်ပသွင်းကုန် ကုန်ကြမ်းပါဝင်ထုတ်လုပ်သော ကုန်ပစ္စည်းဖြစ်ပြီး တင်သွင်းမှုခံရမည့်နိုင်ငံ (ဥပမာ- ထိုင်းနိုင်ငံ)မှ ကုန်ကြမ်းဖြင့် ပါဝင်ထုတ်လုပ်ခြင်းဖြစ်လျှင် မြန်မာနှင့် (ထိုင်းနိုင်ငံ) ပေါင်းစပ် ထုတ်လုပ်မှုတန်ဖိုးသည် FOB တန်ဖိုး၏ ၄၀% အောက် မလျော့နည်းစေရပါ။ 

၃၅။     အာဆီယံစီးပွားရေးအသိုက်အဝန်း (ASEAN Economic Community)။    အာဆီယံစီးပွားရေးအသိုက် အဝန် (AEC) ကို မူလရည်မှန်းချက်ဖြစ်သော ၂၀၂၀ခုနှစ်အစား ၂၀၁၅ ခုနှစ်တွင် ထူထောင်ရန် ၁၂ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံမှ သဘောတူကြေညာခဲ့ပါသည်။ အာဆီယံစီးပွားရေးအဝန်းအဝိုင်းပုံစံ (AEC Blueprint) ကို ၂၀၀၇ ခုနှစ်တွင် အာဆီယံစီးပွားရေးဝန်ကြီးများမှ သဘောတူအတည်ပြုခဲ့ပါသည်။

၃၆။     အေအီးစီ၏ သွင်ပြင်လက္ခဏာများ (Characteristics and Elements of AEC) မှာ အောက်ပါအတိုင်းဖြစ် ပါသည် -

          ( က )  တစ်ခုတည်းသော ဈေးကွက်နှင့်ထုတ်လုပ်မှုအခြေခံဒေသ

Single Market and Production Base

          ( ခ )   ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားသော စီးပွားရေးဒေသ

                   Highly Competitive Economic Region

          ( ဂ )   စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမျှတသောဒေသ

                   Equitable Economic Development

          (ဃ)    ကမ္ဘာ့စီးပွားရေးတွင် အပြည့်အဝပေါင်းစည်းပါဝင်သောဒေသ

                    Fully Integrated into the Global Economy

၃၇။     တစ်ခုတည်းသော ဈေးကွက်နှင့်ထုတ်လုပ်မှုအခြေခံဒေသ ဖြစ်ပေါ်လာစေရန်အတွက် အခြေခံအချက်များ မှာ -

          ( က )  ကုန်စည်များလွတ်လပ်စွာစီးဆင်းစေနိုင်ခြင်း

                   (Free Flow of Goods)

          ( ခ )   ဝန်ဆောင်မှုများလွတ်လပ်စွာစီးဆင်းစေနိုင်ခြင်း

                   (Free Flow of Service)

          ( ဂ )   ရင်းနှီးမြှုပ်နှံမှုများလွတ်လပ်စွာစီးဆင်းစေနိုင်ခြင်း

                   (Free Flow of Investment)

          (ဃ)    ငွေကြေးအရင်းအနှီးများပိုမို လွတ်လပ်စွာ စီးဆင်းစေနိုင်ခြင်း

                   (Free Flow of Capital)

          ( င )   ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာ ပြောင်းရွှေ့စေနိုင်ခြင်း

                   (Free Flow of Skilled Labour)

၃၈။     ကုန်စည်များလွတ်လပ်စွာစီးဆင်းစေနိုင်ခြင်း (Free Flow of Goods) အတွက် အောက်ပါတို့ကို ဆောင်ရွက် ရပါသည် -

          ( က )  အကောက်ခွန်များဖယ်ရှားခြင်း

                   (၁) အဖွဲ့ဝင်ဟောင်း (၆)နိုင်ငံ- ၂၀၁၀ ခုနှစ်

                        (Bru; Indo; Malay; Phil; Sin; Thai)

                   (၂) အဖွဲ့ဝင်အသစ် (၄)နိုင်ငံ - ၂၀၁၅ ခုနှစ်

                        (Cam; Lao; Myan; Vie)

          ( ခ )   အကောက်ခွန်မဟုတ်သော ကုန်သွယ်မှုအတားအဆီများ ဖယ်ရှားပေးခြင်း

                   (၁) အဖွဲ့ဝင်ဟောင်း (၅)နိုင်ငံ- ၂၀၁၀ ခုနှစ်

                        (Bru; Indo; Malay; Phil; Sin; Thai)

                   (၂) ဖိလစ်ပိုင်နိုင်ငံ        -        ၂၀၁၂ ခုနှစ်

                   (၃) အဖွဲ့ဝင်သစ် (၄)နိုင်ငံ  - ၂၀၁၅ ခုနှစ်

                        (Cam; Lao; Myan; Viet)

          ( ဂ )   အကောက်ခွန်ပေါင်းစည်းမှု

                   (၁) အကောက်ခွန်လုပ်ထုံးလုပ်နည်းများ လွယ်ကူမှုရှိပြီး တပြေးညီဖြစ်စေရေး

                   (၂) ASEAN Single Window စနစ်ကို

                        (ကက) အဖွဲ့ဝင်ဟောင်း (၆)နိုင်ငံ -၂၀၀၈ ခုနှစ်

                        (ခ ခ)   အဖွဲ့ဝင်အသစ် (၄)နိုင်ငံ - ၂၀၁၂ ခုနှစ်တွင် နောက်ဆုံးထား၍ ကျင့်သုံးရန်

                        (ဂ ဂ)   စံချိန်စံညွှန်းနှင့်နည်းပညာဆိုင်ရာ စည်းမျဉ်းများတူညီမှုရှိစေရေး၊ သတ်မှတ် ကဏ္ဍ များအတွက်အပြန်အလှန်အသိအမှတ်ပြုရေး၊ ဓါတ်ခွဲစမ်းသပ်စစ်ဆေးမှုများ စွမ်းဆောင်ရည်မြှင့်တင်ရေးတို့ကိုပါ ဆောင်                          ရွက်ရန်။

၃၉။     ဝန်ဆောင်မှုများ လွတ်လပ်စွာစီးဆင်းစေနိုင်ခြင်း (Free Flow of Service) အတွက် အောက်ပါတို့ကို ဆောင်ရွက်ရပါမည် -

          ( က )  ဦးစားပေးဝန်ဆောင်မှုကဏ္ဍ (၄)ခုဖြစ်သည့် လေကြောင်းပို့ဆောင်ရေး၊ အီး-အာဆီယံ၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ခရီးသွားကဏ္ဍတို့တွင် ရှိသည့်ကန့်သတ်ချက်များကို ၂၀၁၀ ခုနှစ်၊ ကုန်စည်ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍ (Logistics Sectors) တွင်ရှိသည့် ကန့်သတ်ချက်များကို ၂၀၁၃ ခုနှစ်တွင် ဖယ်ရှားပေးရန်၊

          ( ခ )   ၂၀၁၅ ခုနှစ်တွင် ဝန်ဆောင်မှုကုန်သွယ်ရေးတွင်ရှိသည့် ကဏ္ဍအားလုံး၏ ကန့်သတ်ချက်များကို ဖယ်ရှားပေးရန်၊ အာဆီယံအနုတ်အိတ်စ် (ASEAN-X) Formula ကို အသုံးပြုရန်။

၄၀။     ရှင်းနှီးမြှုပ်နှံမှုများ လွတ်လပ်စွာစီးဆင်းစေနိုင်ခြင်း (Free Flow of Investment) အောက်ပါအတိုင်း ဆောင် ရွက်ရပါမည် -

          ( က )  ၁၉၉၈ ခုနှစ်၊ အာဆီယံရင်းနှီးမြှုပ်နှံမှုဒေသဘောင် သဘောတူစာချုပ်ကို အောက်ပါအချက်များ အပေါ် အခြေခံ၍ ပြန်လည်ညှိနှိုင်းရေးဆွဲ အကောင်အထည်ဖော်ရန်

          ( ခ )   ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးခြင်း

                   (Investment Protection)

          ( ဂ )   ရင်းနှီးမြှုပ်နှံမှုလွယ်ကူစေခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

                                          (Facilitation and Cooperation)

                                 (ဃ)    ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်းနှင့် ပိုမိုသိရှိလာစေရန် ဆောင်ရွက်ခြင်း

                                             (Promotion and Awareness)

                               ( င )   လွတ်လပ်စွာရင်းနှီးမြှုပ်နှံစေခြင်း

                                        (Liberalisation)

၄၁။     ငွေကြေးအရင်းအနှီးများပိုမို လွတ်လပ်စွာစီးဆင်းစေနိုင်ခြင်း (Free Flow of Capital) အတွက် အောက်ပါအတိုင်းဆောင်ရွက်ရပါမည် -

          ( က )  ဒေသတွင်းအရင်းအနှီးဈေးကွက်ဖွံ့ဖြိုးမှုနှင့်ပေါင်းစည်းမှု တိုးတက်ခိုင်မာစေရေး

          ( ခ )   အရင်းအနှီးပြောင်းရွှေ့မှုပိုမိုခွင့်ပြုရေး

( ဂ )   ငွေပေးငွေလွှဲမှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာကန့်သတ်ချက်များ ဖယ်ရှားပေးရေး (သို့မဟုတ်) လျှော့ပေါ့ပေးရေးတို့ကို ဆောင်ရွက်ရန်ဖြစ်ပါသည်။

၄၂။     ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာပြောင်းရွှေ့စေနိုင်ခြင်း (Free Flow of Skilles Labour)။   နယ်စပ် ဖြတ်ကျော်ကုန်သွယ်မှု၊ ဝန်ဆောင်မှုနှင့်ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်သူများ ကျွမ်းကျင်လုပ်သားများအတွက် ဗီဇာနှင့် အလုပ်လုပ်ကိုင်ခွင့်များထုတ်ပေးရာတွင် လွယ်ကူမှုရှိစေရန်နှင့် အိမ်ရှင်နိုင်ငံ၏ စည်းမျဉ်းဥပဒေများအရ ခွင့်ပြုရန် ဖြစ်ပါသည်။

၄၃။     ဦးစားပေးပေါင်းစည်းမှုပြုလုပ်မည့် ကဏ္ဍများ (Priority Integration Sectors- PIS)။    အာဆီယံ၏ စီးပွား ရေးပေါင်းစည်းမှုအရှိန်အဟုန်မြှင့်တင်ရန်အတွက် ဦးစားပေးကဏ္ဍ (၁၂)ခုကို မြန်မာနိုင်ငံအပါအဝင် ညှိနှိုင်းရေးမှူးနိုင် ငံများ သတ်မှတ်ဆောင်ရွက်လျက်ရှိရာတွင် ဦးစားပေးကဏ္ဍများပေါင်းစည်းမှုကို သတ်မှတ်ကာလအတွင်း အကောင် အထည်ဖော်ရေးနှင့် တိုးတက်မှုရှိစေရေးအတွက် တစ်နှစ်လျှင် နှစ်ကြိမ်သုံးသပ်၍ သက်ဆိုင်ရာလုပ်ငန်းအဖွဲ့အစည်း များ အထူးသဖြင့် ပုဂ္ဂလိကကဏ္ဍနှင့် ပုံမှန်ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် ကဏ္ဍအလိုက် အစိအမံများ ချမှတ်ဆောင်ရွက်ရန်ဖြစ်ပါသည်။

၄၄။     အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ဖြစ်ပေါ်လာရေးအတွက် အထက်ပါလုပ်ငန်းအစီအစဉ်များ အပြင် အောက်ပါပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း၊ အစီအမံများကိုလည်း ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည် -

( က )  စားနပ်ရိက္ခာ၊ လယ်ယာစိုက်ပျိုးရေး၊ သစ်တော (Food, Agriculture and Forestory) ထွက်ကုန် များ ရေရှည်ယှဉ်ပြိုင်နိုင်မှုတိုးမြှင့်ရေး၊

( ခ )   ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားသော စီးပွားရေးဒေသ (Competitive Economic Region) ဖြစ်လာစေရေး၊

( ဂ )   စားသုံးသူများကို အကာအကွယ်ပေးမှု (Consumer Protection) ကျယ်ပြန့်ခိုင်မာမှုရှိစေရေး၊

(ဃ)    အသိဉာဏ်ပစ္စည်းဆိုင်ရာမူပိုင်ခွင့် (Intellectual Property Right-IPR) အစီအစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊

( င )   အခြေခံအဆောက်အအုံဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု (Infrastruture Development) အတွက် ကုန်းလမ်း၊ ပင်လယ် ရေကြောင်းလမ်း၊ လေကြောင်းပို့ဆောင်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင် ရွက်ရေး၊ သတင်းနှင့်ဆက်သွယ်ရေးအခြေခံအဆောက်အအုံနှင့် နည်းပညာခေတ်မီတိုးတက်မှုရှိ စေရေး၊

( စ )   စွမ်းအင်နှင့်သတ္တုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေး၊

( ဆ )  အခြေခံအဆောက်အအုံစီမံကိန်းများအတွက် ငွေကြေးပံ့ပိုးမှု၊ အသေးစားနှင့်အလတ်စားစက်မှုလုပ် ငန်းများ ဖွံ့ဖြိုးတိုးတက်မှု၊ အခွန်နှစ်ထပ်စည်းကြပ်ခြင်း မရှိစေမှု၊ အီလက်ထရောနစ်စနစ်ဖြင့် ကူးသန်းရောင်းဝယ်မှုတို့တွင် ပူးပေါင်းဆောင်ရွက်ရေး၊

( ဇ )   အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံ၏ အသေးစား နှင့် အလတ်စားစက်မှုလုပ်ငန်းများဆိုင်ရာ မူဝါဒပုံစံ (၂၀၀၄-၂၀၁၄) ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်၊

( ဈ )   အာဆီယံအဖွဲ့ဝင်ဟောင်း (၆)နိုင်ငံမှ အာဆီယံပေါင်းစည်းရေး ကနဦးအစီအစဉ် (Initiative for ASEAN Integration- IAI) ကိုဆက်လက်ကူညီထောက်ပံ့ရေး၊

( ည )  အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများဖြစ်သော ကမ္ဘာ့ဘဏ်၊ အေဒီဘီ စသည့်အဖွဲ့အစည်းများနှင့် ဆွေးနွေးဘက်နိုင်ငံများမှ ကူညီထောက်ပံ့မှုများပိုမိုရရှိရေး

၄၅။     ကဏ္ဍအလိုက်ဝန်ကြီးဌာနအဖွဲ့အစည်းများမှ အကောင်အထည်ဖော်၍ အာဆီယံစီးပွားရေးဝန်ကြီးများသည် စီးပွားရေးပေါင်းစည်းမှုအတွက် ဦးဆောင်ပြီး တာဝန်ယူကြီးကြပ်ရန်ဖြစ်ပါသည်။

၄၆။     အာဆီယံစီးပွားရေးအသိုက်အဝန်း ဖေါ်ဆောင်ရေးအတွက် အာဆီယံကို သက္ကရာဇ် ၂၀၂၀တွင် တစ်စုတစ် စည်းတည်းသော ဈေးကွက်နှင့် ထုတ်လုပ်မှုအခြေခံဒေသကြီးဖြစ်လာစေရန်၊ တရားမျှတသော စီးပွားရေးတိုးတက် အောင်မြင်မှုရှိစေရန်နှင့် ဆင်းရဲမွဲတေမှုလျော့ချရန် စသည်တို့ကို ဦးတည်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ယင်းသို့ AEC ကို အောင်မြင်စွာအကောင်အထည်ဖေါ်ရေးအတွက် VAP လုပ်ငန်းအစီအစဉ်အရ အောက်ပါနည်းလမ်းများဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါသည် -

( က )  သက္ကရာဇ် ၂၀၁၀ တွင် (သို့) ၂၀၁၀ ထက်စော၍ ဦးစားပေးကဏ္ဍကြီး (၁၁) ရပ် (11 Priority Sectors) ပေါင်းစည်းရေးကို ဆောင်ရွက်သွားရန်။ အဆိုပါ ကဏ္ဍ (၁၁) ရပ်တွင် ပါဝင်သောကုန်စည်နှင့် ဝန်ဆောင်မှုများကို ပေါင်းစည်း၍ အာဆီယံဒေသထုတ်ကုန် (Made in ASEAN) ပြုလုပ်ရန်။

( ခ )   ကုန်စည်ဝန်ဆောင်မှုနှင့် ကျွမ်းကျင်လုပ်သားများလွတ်လပ်စွာစီးဆင်းမှု၊ သွားလာမှု၏ အဟန့် အတား၊ အတားအဆီးများကို အဖွဲ့ဝင်နိုင်ငံများ၏ ဆောင်ရွက်မှုနှင့်သဘောတူညီမှု အနေအထား အရ ဖယ်ရှားပစ်ရန်နှင့် ၂၀၁၀ ခုနှစ်တွင် အရင်းအနှီးများလွတ်လပ်စွာစီးဆင်းနိုင်ရန်။

( ဂ )   အာဆီယံကို ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အချာဒေသဖြစ်ရေး၊ ကုန်စည်ကုန်သွယ်မှုဆိုင်ရာ ဖြေလျော့မှုများအရှိန်အဟုန်မြှင့်ဆောင်ရွက်ရေး၊ ကုန်သွယ်ရေးနှင့်စီးပွားရေးလုပ်ငန်းများလွယ်ကူ ချောမွေ့စွာဖြင့်တိုးတက်ရေး၊ ကုန်သွယ်မှုစရိတ်များ လျော့ချရေး၊ ဒေသတွင်းဝန်ဆောင်မှု၊ ကုန်သွယ်ရေးကို တိုးတက်စေရေး၊ အာဆီယံ အသေးစားနှင့်အလတ်စားလုပ်ငန်းများ (Small & Medium Enterprises- SMEs) ၏ ယှဉ်ပြိုင်မှု တိုးမြှင့်ရေး၊ အာဆီယံ အငြင်းပွားမှုဖြေရှင်းခြင်းဆိုင် ရာ ကိစ္စရပ်များ ခိုင်မာစေရေးတို့ကို ဆောင်ရွက်ရန်။

(ဃ)    AEC ကို အကောင်အထည်ဖေါ်ဆောင်ရွက်ရာတွင် အောက်ဖေါ်ပြပါကုန်စည်နှင့် ဝန်ဆောင်မှု ဆိုင်ရာကဏ္ဍများပါဝင်ပါသည် -

          (၁)     ပေါင်းစည်းရေးအတွက် ကနဦးဦးစားပေးကဏ္ဍ (၁၁) ရပ်

          (၂)     အာဆီယံရင်းနှီးမြှုပ်နှံမှုဒေသ

          (၃)     ကုန်သွယ်မှု

          (၄)     ဝန်ဆောင်မှု

          (၅)     ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှု

          (၆)     သယ်ယူပို့ဆောင်ရေး

          (၇)     ကြေးနန်းဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ

          (၈)     သိပ္ပံနှင့်နည်းပညာ

          (၉)     စွမ်းအင်

          (၁၀)    အသင်းအဖွဲ့များခိုင်မာစေရေး

          (၁၁)    ဆွေးနွေးဖက်နိုင်ငံများနှင့် စီးပွားရေးဆက်သွယ်ဆောင်ရွက်မှု

( င )   အောက်ဖေါ်ပြပါ ဦးစားပေးကဏ္ဍ (၁၁)ရပ် (11 Priority Sectors) ပါ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု များကို (Made in ASEAN) အဖြစ် သက္ကရာဇ် ၂၀၁၀ တွင် အပြည့်အဝပေါင်းစည်းရေးအတွက် တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ပါသည် -

`        (၁)     Agro-Based Products

          (၂)     Automotive

          ( ၃)    Electronics

          (၄)     Fisheries

          ( ၅)    Rubber-Based Products

          (၆)     Textiles and Apparels

          (၇)     Wood-Based Products

          (၈)     Air-Travel

          (၉)     e-ASEAN

          (၁၀)    Healthcare

          (၁၁)    Tourism

၄၇။     အာဆီယံရင်းနှီးမြှုပ်နှံမှုဒေသ (ASEAN Investment Area- AIA)။        အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်းရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခြေခံသဘောတူစာချုပ်ကို (Framework Agreement of the ASEAN Investment) ကို   ၇-၁၀-၁၉၇၈ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ အာဆီယံစီးပွားရေးဝန်ကြီးများက လက်မှတ်ရေးထိုးခဲ့ကြ ပါသည်။ AIA၏ ရည်ရွယ်ချက်မှာ ဒေသအတွင်း ပိုမိုလွတ်လပ်စွာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်သည့် ဒေသတစ်ခုအဖြစ် ထူထောင်ရန်ဖြစ်ပါသည်။

၄၈။     ဘဏ္ဍာရေးနှင့် ပူးပေါင်းဆောင်ရွက်မှု (Finance Cooperation)။    ကမ္ဘာ့စီးပွားရေးကျဆင်းမှုကြောင့် အာ ဆီယံနိုင်ငံ စီးပွားရေးအကျပ်အတည်းများ ကြုံတွေ့ခဲ့ရပြီးနောက် ၂၀၀၁ ခုနှစ်တွင် ဒေသတွင်းဘဏ္ဍာရေးပူးပေါင်း ဆောင်ရွက်မှုအရ တိုးတက်မှုများထင်ရှားစွာ ဖြစ်ပေါ်လာနိုင်ခဲ့သည်။ အာဆီယံနိုင်ငံများနှင့် တရုတ် ၊ ဂျပန်၊ ကိုးရီးယား သုံးနိုင်ငံတို့ ပေါင်းစည်းမှုသည်လည်း စံနှုန်းများစုစည်းရေးကို အထောက်အကူပြုနိုင်ခဲ့သည်။ အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများ မျက်နှာစုံညီဆွေးနွေးပွဲကို ၂၀၀၂ ခုနှစ်၊ ဧပြီလ ၅-၆ ရက်များတွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ သည်။ ဆွေးနွေးပွဲတွင် ၂၀၀၁ ခုနှစ်က အာဆီယံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအမြင်များကို ရှင်းလင်းသုံးသပ်ကြသည်။ တစ်ကမ္ဘာလုံးဆိုင်ရာ လိုအပ်ချက်နည်းပါးမှုကြောင့် ၂၀၀၀ ပြည့်နှစ်တွင် အာဆီယံစီးပွားရေးတိုးတက်မှု (အထူး သဖြင့် လျှပ်စစ်ကုန်ပစ္စည်းများ) သည် ၅.၅% မှ ၂.၈% ထိ လျော့နည်းသွားခဲ့သည်။ တစ်ကမ္ဘာလုံးငွေကြေး အကြပ်အတည်းကင်းစင်ပြီး ဒေသတွင်းငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ထားနိုင်မည်ဆိုပါက အာဆီယံဗဟိုဘဏ်များ ၌ ငွေကြေးဆိုင်ရာမူဝါဒများ လွယ်ကူချောမွေ့လာစေနိုင်ပြီး ကျယ်ပြန့်သောမိသားစုလိုအပ်ချက်များကို ထောက်ပံ့ ပေးနိုင်မည်ဖြစ်ပါသည်။

၄၉။     ဝန်ဆောင်မှုများ (Trade in Services)။      အာဆီယံသည် စုပေါင်းဝန်ဆောင်မှုလုပ်ငန်းများအတွက်လည်း ဆုံးဖြတ်ချက်များ၊ ကတိဝန်ခံချက်များ ချမှတ်ထားပြီးဖြစ်၍ ယင်းတွင် လေကြောင်းပို့ဆောင်ရေးလုပ်ငန်း အလုပ် အကိုင်ဝန်ဆောင်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ကြေးနန်းဆက်သွယ်ရေးလုပ်ငန်းနှင့် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းတို့ပါဝင်သည်။ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းတွင် ICT ဆက်သွယ်ရေးလုပ်ငန်းများ ဖွဲ့စည်းထားပြီး e-ASEAN ပူးပေါင်းဆောင်ရွက်မှုအတွက်လည်း စီစဉ်ထားရှိပြီးဖြစ်ပါသည်။

၅၀။     အီး-အာဆီယံ (e-ASEAN) ။   e-ASEAN Framework Agreements ကို ၂၄-၁၁-၂၀၀၀ ခုနှစ်တွင် စင်္ကာပူနိုင်ငံ၌လက်မှတ်ရေးထိုးခဲ့ပါသည်။ အာဆီယံဒေသ၏သတင်းအချက်အလက်နည်းပညာ ( Information and Communication Technology) ယှဉ်ပြိုင်မှုဖွံ့ဖြိုးရန်၊ အားဖြည့်ရန်နှင့်မြှင့်တင်ရန် ရည်ရွယ်ပါသည်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား ICT ကွာဟမှုကျဉ်းမြောင်းစေရန် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်မှု မြှင့်တင် ရန်နှင့် ICT ပစ္စည်းများကုန်သွယ်မှု၊ ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအပေါ် ကန့်သတ်ချက်များကို ဖြေလျော့ မြှင့်တင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။

၅၁။     သယ်ယူပို့ဆောင်ရေး (Transport)။  အာဆီယံသယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း သည် နိုင်ငံရေးအခြေအနေနှင့် နိုင်ငံ၏ထောက်ပံ့နိုင်မှုအပေါ် ချင့်ချိန်သုံးသပ်အကောင်အထည်ဖော်ရမည့် လုပ်ငန်း ဖြစ်ပါသည်။ သတ္တမအကြိမ်ထိပ်သီးညီလာခံတွင် စင်္ကာပူ-ကူမင်း မီးရထားဆက်သွယ်ရေးလုပ်ငန်းကို ဦးစားပေး အစီအစဉ်အဖြစ် ထပ်မံအတည်ပြုခဲ့ကြပြီး လမ်းဖောက်လုပ်ရေးဆိုင်ရာ သဘောတူညီချက်များကို သယ်ယူပို့ဆောင် ရေးဝန်ကြီးများထံမှ ခွင့်ပြုချက်များရယူခဲ့သည်။ ၂၀၀၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်တွင် အာဆီယံစီးပွားရေး ဝန်ကြီးများက အာဆီယံရေကြောင်းသယ်ယူပို့ဆောင်ရေးအပိုင်းကဏ္ဍများကို သဘောတူလက်မှတ်ရေးထိုးခဲ့ကြ သည်။ အာဆီယံဒေသတွင်း လေကြောင်းပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းကို ၂၀၀၂ခုနှစ်၊ နှစ်လယ်ပိုင်းတွင်စတင် ခဲ့ရာ အာဆီယံဒေသအတွင်း လေကြောင်းဆက်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် ပထမဆုံးခြေလှမ်း ဖြစ်သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတိုင်းသည် တန်ချိန် ၁၀၀ အထိ ရှိသော လေယာဉ်ကြီးများ ဆင်းသက်နိုင်သည့် လေယာဉ်ကွင်းများတည်ဆောက်ရမည်ဖြစ်သည်။ အာဆီယံခရီးသွားလမ်းမကြီး တည်ဆောက်ရန်အတွက် ဒေသ ဆိုင်ရာလမ်းကြောင်း(၂၈)ခု သတ်မှတ်ထားပြီးဖြစ်သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်းဆိုင်ရာ လေကြောင်းများ အတွက် အသီးသီးစီမံဆောင်ရွက်လျက်ရှိနေပြီးဖြစ်ပါသည်။

၅၂။     အာဆီယံကုန်းလမ်းပို့ဆောင်ရေးသဘောတူညီချက်များ။       ပထမအကြိမ် အာဆီယံ အလွတ်သဘော  ထိပ်သီးအစည်းအဝေး (၃-၁၂-၁၉၉၆ ဂျာကာတာမြို့၊ အင်ဒိုနီးရှား) နှင့် ဒုတိယအကြိမ် အာဆီယံအလွတ်သဘော ထိပ်သီးအစည်းအဝေး (ကွာလာလမ်ပူမြို့၊ မလေးရှား) မှ စတင်ခဲ့ပြီး (၆) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်း အဝေး (၁၆-၁၂-၁၉၉၈၊ ဟနွိုင်းမြို့၊ ဗီယက်နမ်) ၏ Hanoi Plan of Action အရ အောက်ပါသဘောတူညီချက် (၃)ခုကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့ကြပါသည်-

          (က)    ASEAN Framework Agreement on the Facilitation of Goods in Transit-AFAFGIT

(အာဆီယံနိုင်ငံ ဖြတ်သန်းကုန်စည်များပို့ဆောင်ရာတွင် လွယ်ကူချောမွေ့စေရေးမူဘောင်သဘော တူညီချက်)

(ခ)     ASEAN Framework Agreement on the Facilitation of Inter- State Transport- AFAFIST

          (အာဆီယံနိုင်ငံအချင်းချင်း ပို့ဆောင်ရေးလွယ်ကူချောမွေ့စေရေး မူဘောင်သဘောတူညီချက်)

(ဂ)     ASEAN Agreement on Multimodal Transport

          (အာဆီယံဘက်စုံပို့ဆောင်ရေး သဘောတူညီချက်)

၅၃။     အထက်ပါသဘောတူညီချက်(၃)ခုအနက် ပထမ(၂)ခုမှာ ကုန်းလမ်းဖြင့် ကုန်စည်ပို့ဆောင်ခြင်းအတွက် ရေးဆွဲထားပြီး တတိယစာချုပ်မှာ ကုန်း၊ ရေ၊ လေ ချိတ်ဆက်၍ ကုန်စည်ပို့ဆောင်ခြင်းအတွက် ရေးဆွဲထားသော စာချုပ်များဖြစ်ပါသည်။

၅၄။     အာဆီယံနိုင်ငံ ဖြတ်သန်းကုန်စည်များပို့ဆောင်ရာတွင် လွယ်ကူချောမွေ့စေရေး မူဘောင်သဘောတူညီ ချက် - AFAFGITကို အဖွဲ့ဝင်နိုင်ငံများက လက်ခံအတည်ပြုသောကြောင့် သဘောတူစာချုပ်သည် အာဏာသက်ဝင် သော်လည်း လက်တွေ့အကောင်အထည်ဖော်ရာတွင် အသေးစိတ်ညှိနှိုင်းရေးဆွဲသည့် အခြေပြစာချုပ်ငယ် (Protocols) – (၉) ခုကို အဖွဲ့ဝင်နိုင်ငံများ ညှိနှိုင်းသဘောတူလက်ခံအတည်ပြုမှသာ အကောင်အထည်ဖော်နိုင်မည် ဖြစ်ပါသည်။ အခြေပြစာချုပ်များနှင့် တာဝန်ယူဆောင်ရွက်သောဌာနများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)    Protocol-1။     Designation of Transit Transport Router and Facilities (ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း ၈-၂-၀၇ လက်မှတ်ရေးထိုးပြီး)

(ခ)     Protocol-2။     Designation of frontier post (အကောက်ခွန်ဦးစီးဌာန-ညှိနှိုင်းဆဲ)

(ဂ)     Protocol-3။     Types and Quantity of Road (က.ည.န -၁၆-၉-၉၉ လက်မှတ်ရေးထိုးပြီး)

(ဃ)    Protocol-4။     Technical Requirement of Venicle (က.ည.န ၁၆-၉-၉၉ လက်မှတ်ရေးထိုးပြီး)

(င)     Protocol-5။     ASEAN Sheme of compulsory Morter Vehicke Isurance)

(စ)     Protocol-6။     Railway of Border and Interchange Station (မြန်မာ့မီးရထား- ဆိုင်းငံ့)

(ဆ)    Protocol-7။     Customs Transit System (အကောက်ခွန်ဦးစီးဌာန-ညှိနှိုင်းဆဲ)

(ဇ)     Protocol-8။     Sanitary and Phytosnitary Measures (စိုက်ပျိုးရေးစီမံကိန်းဦးစီးဌာန ၂၇-၉-၂၀၀၀ လက်မှတ်ထိုးပြီး)

(ဈ)     Protocol-9။     Dangerous Goods (က.ည.န ၂၀-၉-၂၀၀၂ လက်မှတ်ရေးထိုးပြီး)

၅၅။     အာဆီယံနိုင်ငံအချင်းချင်း ပို့ဆောင်ရေးပို့ဆောင်ရေးလွယ်ကူချောမွေ့စေရေး မူဘောင်သဘောတူညီချက် AFAFIST မှာမူ Goods in Transit အပေါ် အခြေခံ၍ ရေးဆွဲထားသော်လည်း ညှိနှိုင်းမှုမှာ ရပ်ဆိုင်းလျက်ရှိပါသည်။ ယခင်ရေးဆွဲထားချက်များအပေါ် ပြင်ဆင်ချက်များဆောင်ရွက်ပြီး ၂၀၀၃ ခုနှစ်နောက်ဆုံးမူကြမ်းအထိ ဆောင်ရွက် ထားနိုင်ပြီး အကြမ်းအားဖြင့် Protocol (၁၀)ခု ပါဝင်မည်ဖြစ်ပါသည်။ အာဆီယံဘက်စုံပို့ဆောင်ရေး သဘော တူညီချက်ကို (၁၁)ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေး (၁၈-၁၁-၂၀၁၅- ဗီယန်ကျင်းမြို့၊ လာအို) တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံး သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။

 

၅၆။     ကြေးနန်းဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နှင့်နည်းပညာ (Telecommunication and IT)။ ကြေးနန်းဆက်သွယ်ရေးဆိုင်ရာဝန်ကြီးများ ပထမအကြိမ်အစည်းအဝေးကို၂၀၀၁ ခုနှစ်၊ ဇူလိုင်လ ၁၃-၁၄ ရက်များ တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပခဲ့ပြီး၊ ကြေးနန်းဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာပူးပေါင်းဆောင်ရွက်မှုကို သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါသည်။ ထိုပူးပေါင်းဆောင်ရွက်မှုမှ အာဆီယံ သတင်းအချက်အလက်များ အတွင်းကျကျဖွဲ့စည်းမှု (ASEAN Information Infrastructure – All) ကို တည်ထောင်နိုင်ခဲ့ပါသည်။ ဝန်ကြီးများသည် သီးခြားလုပ်ငန်း အဖွဲ့များကို ASEAN Telecommunications Senior Officials Meeting (TELSOM) ၏ လက်အောက်တွင် တည်ထောင်နိုင်ခဲ့သည်။ ယင်းအစည်းအဝေးများသည် အာဆီယံဒေသအတွင်း စွမ်းရည်အဆောက်အအုံ၊ လူမှုအခွင့်အရေး၊ ကုန်သွယ်ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့ရေး အင်တာနက်အသုံးပြုနိုင်ရေးတို့ကို တည်ဆောက်ဆောင်ရွက်နိုင်ရန် ဆွေးနွေးနိုင်ခဲ့ကြသည်။ အာဆီယံကြေးနန်း ဆက်သွယ်မှုထိန်းသိမ်းရေးကောင်စီASEAN Telecommunications Regulators Council (ATRC) သည် နည်းပညာဆိုင်ရာ အကြံပြုချက်များတောင်းခံပြီး အစီအစဉ်နှင့်လှုပ်ရှားမှုအသစ်များ ဆောင်ရွက်တာဝန်ယူခဲ့ပါ သည်။ (ATRC) သည် နည်းပညာဆိုင်ရာ အကြံပြုချက်များ တောင်းခံပြီးအစီအစဉ်နှင့် လှုပ်ရှားမှုအသစ်များ ဆောင်ရွက်ခဲ့ပါသည်။ ATRC သည် အာဆီယံဆွေးနွေးဘက်နိုင်ငံများနှင့် အာဆီယံအဖွဲ့ဝင်သစ်နိုင်ငံများအကြား ဆက်သွယ်ရေးစနစ်တည်ဆောက်ရန် စီစဉ်လျက်ရှိပါသည်။ ATRC သည် Digital Trunk Radio 380-400 Hmz ကို သဘောတူလက်ခံခဲ့ပြီး အာဆီယံလေလှိုင်းအဖြစ် လုံခြုံရေး၊ ဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများတွင် အသုံး ပြုလျက်ရှိပါသည်။

၅၇။     သိပ္ပံနှင့်နည်းပညာ (Science and Technology)။   အာဆီယံသိပ္ပံနှင့် နည်းပညာဝန်ကြီးများသည် အာဆီယံ သိပ္ပံနှင့်နည်းပညာ ကွန်ယက်လှုပ်ရှားမှုအစီအစဉ် ( Action on Science and Technology Implementation Framework) ကို ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလမှစတင်ခဲ့ပြီး ၂၀၀၁ ခုနှစ်မှ ၂၀၀၄ ခုနှစ်အတွင်း ဆောင်ရွက်ရန် ရည်ရွယ်ခဲ့ကြပါသည်။ ဝန်ကြီးများသည် Committee on Science & Technology-COST ၏  အခက်အခဲများကို ဆွေးနွေးခဲ့ကြပြီး ဒေသတွင်းအသက်မွေးဝမ်းကျောင်းပညာရပ်များ တိုးတက်မှုရှိလာအောင် အစီအစဉ်များချမှတ်ခဲ့ ကြသည်။ COST ၏ (၆)ကြိမ်မြောက် သိပ္ပံနှင့်နည်းပညာသီတင်းပတ်ဆွေးနွေးပွဲကို ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါသီရီဘီဂါဝမ် တွင် ၂၀၀၁ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်မှ ၂၁ ရက်နေ့အထိ ကျင်းပခဲ့ပြီး အစီအစဉ်(၉)ရပ် ချမှတ်ဆောင်ရွက် ခဲ့သည်။ အာဆီယံနိုင်ငံအားလုံးမှ သိပ္ပံပညာရှင် ၂၂၀ ခန့်နှင့်သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ အမေရိကန် ပြည်ထောင်စု၊ ဘင်္ဂလားဒေ့ရှ် ၊ အီဂျစ်နှင့် ကူဝိတ်မှ သိပ္ပံပညာရှင်များ ပူးပေါင်းပါဝင်၍ နည်းပညာစာတမ်း (၂၃၃)ခုကို တင်ပြဆွေးနွေးခဲ့သည်။ COST ၏ ဆပ်ကော်မတီအချို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

          (က)    အာဟာရသိပ္ပံနှင့်နည်းပညာ (Food Science and Technology) ဆပ်ကော်မတီ

          (ခ)     ဇီဝနည်းပညာ (Biotechnology) ဆပ်ကော်မတီ

          (ဂ)     အာကာသနည်းပညာ (Space Technology) ကြိုးပမ်းဆောင်ရွက်မှုကော်မတီ

          (ဃ)    ရေကြောင်းသိပ္ပံနှင့်နည်းပညာ (Marine Science and Technology) ဆပ်ကော်မတီ

 

၅၈။     စွမ်းအင်( Energy)။   အာဆီယံစွမ်းအင်ဝန်ကြီးများသည် အာဆီယံနိုင်ငံများအကြား သဘာဝဓါတ်ငွေ့ နှင့် စွမ်းအင်ဆက်သွယ်ရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်နိုင်ရေးကို ဆွေးနွေးခဲ့ကြပါသည်။ စွမ်းအင်ဈေးကွက်၌ ကောင်းမွန်သော အကျိုးဆက်များရရှိလာနိုင်စေရန် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်ရန်လိုအပ်ကြောင်း လက်ခံခဲ့ကြ သည်။ ၂၀၀၂ ခုနှစ်၊ မတ်လတွင် ဥရောပကော်မရှင်နှင့်အာဆီယံအကြား စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် များ ချမှတ်နိုင်ရန် စတင်တွေ့ဆုံဆွေးနွေးခဲ့သည်။ ဥရောပကော်မရှင်မှ ယူရို(၁၈) သန်းထောက်ပံ့မည်ဖြစ်ပါသည်။ အာဆီယံစွမ်းအင်ဗဟိုအဖွဲ့   ACE သည် ၁၉၉၉ မှ ၂၀၀၄ အတွင်း စွမ်းအင်ကွန်ရက်ကို ထောက်ပံ့ဆောင်ရွက် နိုင်မည်ဟု ခန့်မှန်းထားပါသည်။

 

အာဆီယံ၏ ယဉ်ကျေးမှုနှင့် လူမှုရေးအသိုင်းအဝိုင်း

၅၉။     အာဆီယံ၏ ယဉ်ကျေးမှုနှင့်လူမှုရေးရည်ရွယ်ချက်များ။         အောက်ပါအတိုင်းဖြစ်ပါသည်-

           (က)    ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ခေတ်ပြိုင်အနုပညာရပ်များ ကို တိုးမြှင့်အားပေးရေး။

          (ခ)     ပညာရေးနှင့်လေ့ကျင့်သင်တန်းပို့ချမှုများတိုးမြှင့်ရေး။

          (ဂ)     လူမှုရေး၊ မျှတမှုနှင့် လူမှုရေးဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်ရေး။

          (ဃ)    အမျိုးသမီးများအတွက် အခွင့်အလမ်းများတိုးတက်ရရှိရေးနှင် မိသားစုဘဝကျစ်လစ်ခိုင်မာရေး။

          (င)     အေအိုင်ဒီအက်စ်ရောဂါနှင့် မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်မှုများကို ပြင်းပြင်းထန်ထန် ဆောင် ရွက်ရေး

         (စ)     အကျိုးဖြစ်ထွန်းမည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများကို အားပေးရေး။

၆၀။     လူမှုရေးဖွံ့ဖြိုးတိုးတက်မှု (Social Development) ။        အာဆီယံ လူနေမှုဘဝဖူလုံရေးနှင့်ဖွံ့ဖြိုးတိုး တက်ရေးအဆင့်မြင့်ဌာနဆိုင်ရာ ဆွေးနွေးပွဲများသည် အာဆီယံဒေသအတွင်း လူမှုဘဝဖူလုံရေး၊ ကလေးသူငယ်များ အရေး၊ လူဦးရေနှင့် မိသားစုပြသနာများအရေးကို ဦးတည်ဆွေးနွေးလျက်ရှိပါသည်။ အာဆီယံလူမှုရေးနှင့် ဖွံ့ဖြိုး တိုးတက်မှုကော်မတီ (Committee of Social Development-COSD) သည် အဆင့်မြင့်ဌာနဆိုင်ရာဆွေးနွေးပွဲ များတွင် အလုပ်သမားများ၊ လူငယ်များ၊ ကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အားပေးတိုက်တွန်းခဲ့ကြပြီး ဝန်ကြီး အဆင့် အစည်းအဝေးများသို့ တင်ပြပေးခဲ့သည်။ COSD ကို ၁၉၇၈ ခုနှစ်က စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး COSD၏ လုပ်ငန်းများတွင် ပညာရေးသုတေသနပညာပေးသင်တန်းနှင့် ကျန်းမာရေးအာဟာရဆိုင်ရာလုပ်ငန်းများ၊ ကုန်ထုတ် လုပ်မှုလုပ်ငန်းများ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ လူငယ်ရေးရာ၊ အမျိုးသမီးရေးရာ၊ AIDS ရောဂါတိုက်ဖျက်ရေးလုပ်ငန်း များအပြင် ကလေးသူငယ်ဆိုင်ရာ၊ လူဦးရေဆိုင်ရာနှင့် လူမှုဝန်ထမ်းလုပ်ငန်းရပ်ဆိုင်ရာများ ပါဝင်သည်။ လက်ရှိတွင် အောက်ပါလုပ်ငန်းစဉ်(၇)ရပ်ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်-

          (က)    အာဆီယံလူငယ်ရေးရာဆပ်ကော်မတီ (ASY)

          (ခ)     အာဆီယံအမျိုးသမီးများအစီအစဉ် (AWP)

          (ဂ)     အာဆီယံကျန်းမာရေးနှင့် အာဟာရဆိုင်ရာဆပ်ကော်မတီ (ASCH)

          (ဃ)    အာဆီယံပညာရေးဆိုင်ရာဆပ်ကော်မတီ (ASIOE)

          (င)     အာဆီယံအလုပ်သမားရေးရာဆပ်ကော်မတီ (ASCLA)

(စ)     အာဆီယံဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ပညာရှင်များအဖွဲ့ (AEGDM)

(ဆ)    ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေး (ASEAN Task Force on AIDS)

၆၁။     ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုနှင့်ဆင်းရဲမှုပပျောက်ရေး (Rural Development & Poverty Eradicaiton)။ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှုပပျောက်ရေးလေ့လာမှုစီမံချက်ကို ASEAN-UNDP ဒေသဆိုင်ရာ စီမံကိန်း-၆ ( ASP 6 Project) နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ထိုလေ့လာမှုစီမံချက်သည် နိုင်ငံတကာမှပါဝင် ဆောင်ရွက်မှုအခွင့်အလမ်းများကို ရရှိစေနိုင်ခဲ့ပြီး ပြုပြင်ပြောင်းလဲရန်နှင့် အတွေ့အကြုံများဖလှယ်ရန် တန်ဖိုးရှိ သော လုပ်ငန်းခွင်အတွေ့အကြုံများကိုပါ ရရှိစေနိုင်ခဲ့သည်။

၆၂။     ကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှု (Health Development) ။   အာဆီယံ ကျန်းမာရေးဝန်ကြီးများသည် ဗီယန်ကျင်းကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး ဒေသတွင်းကျန်းမာရေးလှုပ်ရှားမှုစီမံချက်များကို ၂၀၀၂ခုနှစ်၊ မတ်လတွင် ချမှတ်ခဲ့ကြသည်။ အဖွဲ့ဝင်နိုင်ငံများသည် ပိုမိုရှုပ်ထွေးလာသော ရောဂါဘယများ၊ ကူးစက်ရောဂါများကို ရင်ဆိုင် ကြုံတွေ့လာခဲ့ဲကြရသည်။ ကျန်းမာရေးဘဝအခြေအနေကိုမြှင့်တင်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် မတော် တဆထိခိုက်မှုများမှကာကွယ်ရေး၊ အရက်သေစာသောက်သုံးမှုနှင့်ဆက်နွယ်သောရော၈ါများ ထိန်းချုပ်ရေး၊ ပတ်ဝန်း ကျင်ကျန်းမာရေး၊ သက်ကြီးရွယ်အိုကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ အာဟာရပျိုးထောင်ရေး၊ ဆေးရွက်ကြီးထိန်းချုပ် ရေး၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ မိခင်နှင့်ကလေးကျန်းမာရေးစသည့်လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။

၆၃။     ကူးစက်ရောဂါတိုက်ဖျက်ရေး (Disease Surveillance)။     အာဆီယံဒေသအတွင်း ကူးစက်ရောဂါတိုက် ဖျက်ရေးဆွေးနွေးမှုများကို အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ၂၀၀၂ ခုနှစ်၊ ဧပြီလ ၂၉ ရက်မှ မေ ၂ ရက်နေ့အထိ  ပြုလုပ်ခဲ့ကြသည်။ ငွေကြေးနှင့်နည်းပညာပံ့ပိုးမှုများကို အမေရိကန်ပြည်ထောင်စုမှ Naval Medical Research Unit 2 (NAMRU-2) မှ ပေးအပ်ခဲ့ပြီး ဒေသတွင်းတိုးတက်ဖွံ့ဖြိုးရေးအကူအညီများကို ပေးအပ်လျက်ရှိပါသည်။  ၁၉၉၇ ခုနှစ်မှ ၂၀၀၂ ခုနှစ်အတွင်း WHO သည် အာဆီယံကူးစက်ရောဂါတိုက်ဖျက်ရေး လှုပ်ရှားမှုအတွက် နည်းပညာနှင့် ငွေကြေးအထောက်အပံ့များ ပေးအပ်ခဲ့ပါသည်။

၆၄။     သက်ကြီးရွယ်အိုစောင့်ရှောက်ရေး (Care for the Elderly) ။        အာဆီယံလုပ်ငန်းအစီအစဉ်များတွင် သက်ကြီး ရွယ်အိုများစောင့်ရှောက်မှုသည်လည်း အရေးပါသော လူမှုရေးလုပ်ငန်တစ်ခုဖြစ်သည်။ သက်ကြီးရွယ်အို စောင့်ရှောက်မှုဆိုင်ရာ အာဆီယံလုပ်ငန်းခွင်အစည်းအဝေးကို ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပခဲ့ပြီး၊ အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့်ဒေသတွင်း NGO အဖွဲ့များ ပူးပေါင်း၍ အစီအစဉ်များဆောင်ရွက်ခဲ့ကြသည်။

၆၅။     ဆေးဝါးလုပ်ငန်း (Pharamaceuticals)။      အာဆီယံနှင့်WHOတို့ ဆက်သွယ်ပြီး ဆေးဝါးအဆင့်အတန်းမြင့် မားရေးနှင့် ဒေသတွင်းစွမ်းရည်ထက်မြက်သူများ လေ့ကျင်ပေးရေးလုပ်ငန်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများကလည်း ကောင်းမွန်သော လေ့ကျင့်မှုများဖြင့် အရည်အသွေးမြင့်မားသော ဆေးဝါးများ ဖော်ထုတ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

၆၆။     HIV/AIDS ကာကွယ်ရေးနှင့်ထိန်းချုပ်ရေး(HIV/AIDS Prevention and Control) ။      သတ္တမ အကြိမ်မြောက်ထိပ်သီးအစည်းအဝေးတွင် HIV/AIDS ကာကွယ်ထိန်းချုပ်ရေးကိစ္စများကို ထည့်သွင်းစဉ်းစားခဲ့ကြသည်။ HIV/AIDSဆိုင်ရာ ဥပဒေကြေညာချက်များထုတ်ပြန်ကြပြီး အာဆီယံလုပ်ငန်းအစီအစဉ် လေးနှစ်စီမံကိန်းအဖြစ် ၂၀၀၂မှ ၂၀၀၅အထိ သတ်မှတ်ခဲ့ပါသည်။ မြန်မာ၊ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် (၆)နိုင်ငံအကြား HIV ကျဆင်းရေးကို ပူးပေါင်းဆောင်ရွက်ရန်သဘောတူညီချက် အစီအစဉ်များရေးဆွဲ၍ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။ အာဆီယံနိုင်ငံအသီးသီးသည် နိုင်ငံတွင်းနှင့် နိုင်ငံတကာ NGO အဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ဆက်သွယ်ရေးလမ်းကြောင်းများမှာ-

          (က)    Asia Pacific Network of People Living with HIV/AIDS (APN+)

          (ခ)     Asia Pacific Network of Sex Workers (APNSW)

          (ဂ)     Coordination of Action Research on AIDS and Mobility (CHARM-Asia)

          (ဃ)    Asia Pacific Council of AIDS Service Organization (APCASO)

          (င)     AIDS Society of Asia Pacific (ASAP) နှင့်

          (စ)     Asian Harm Reduction Network (AHRN) တို့ ဖြစ်ပါသည်။

 

၆၇။     အမျိုးသမီးများနှင့် ကလေးသူူငယ်များ (Woman & Children)။     ၁၉၈၈ ခုနှစ် နိုင်ငံခြားရေးဝန်ကြီးများ၏ အာဆီယံအမျိုးသမီးများတိုးတက်မှုကြေညာစာတမ်း၏ နောက်ဆက်တွဲအဖြစ် အာဆီယံအမျိုုးသမီးများ ကော်မတီသည် ပထမအစီရင်ခံစာကို ၁၉၉၆တွင်ထုတ်ပြန်ခဲ့ပြီး UNDP၏ ထောက်ပံ့မှှုဖြင့် ၂၀၀၁ခုနှစ်တွင် ဒုတိယအကြိမ်ထုတ်ပြန်ခဲ့သည်။ နိုင်ငံတွင်းနှင့် ဒေသဆိုင်ရာအမျိုးသမီးများ၏ တိုးတက်မှုကို အာဆီယံ(၁၀) နိုင်ငံအစိုးရများက လက်ခံကြိုဆိုခဲ့ကြသည်။ ၂၀၀၁ ခုနှစ်တွင် ဒေသဆိုင်ရာလုပ်ငန်းအစီအစဉ်များကို ချမှတ် ဆောင်ရွက်ခဲ့ပြီး အားနည်းသော အမျိုးသမီးများ လေ့ကျင့်ပျိုးထောင်ပညာပေးရေးလုပ်ငန်းကို စတင်ဆောင်ရွက် ခဲ့ရာ UNDP မှ ထောက်ပံ့ကူညီခဲ့သည်။ ကမ္ဘာ့ဘဏ်၏ ပူးပေါင်းဆောင်ရွက်မှုအားဖြင့် ၂၀၀၁ခုနှစ်၊ ဇူလိုင်လတွင် Series of Video Conference ကို ကျင်းပနိုင်ခဲ့သည်။ ရည်ရွယ်ချက်မှာ အမျိုးသမီးများ၏ လူမှုရေး၊ စီးပွားရေး စွမ်းဆောင်မှုအရည်အသွေး မြင့်မားရေးဖြစ်သည်။ အာဆီယံကလေးသူငယ်စောင့်ရှောက်မှုနှင့် ဖွံ့ဖြိုးရေးစီမံချက် ကို အာဆီယံနှင့် UNICEF အရှေ့အာရှနှင့် ပစိဖိတ်ဒေသလုပ်ငန်းဌာနများ ပူးပေါင်းအကောင်အထည်ဖော်လျှက်ရှိ ပါသည်။

၆၈။     လူငယ်ရေးရာ (Youth)။      ၂၀၀၂ ခုနှစ်၊ မေလတွင် ASEAN+3 Leadership Executive Programs ကို စင်္ကာပူတွင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ရည်ရွယ်ချက်မှာ လူငယ်အဖွဲ့အစည်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် သတင်းဆက်သွယ်ရေးနည်းပညာတိုးပွားမှု (Riding the information technology wave for the Youth Organization Development) ဖြစ်သည်။ ထိုအစီအစဉ်ကို အာဆီယံ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားတို့မှ လူငယ်အဖွဲ့အစည်း ၄၀ တို့၏ ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ နောက်ထပ်စီမံချက်တစ်ခုမှာ Regional Training Workshop on Self-Employment for Out-of-School Youth ဖြစ်ပြီး ၂၀၀၂ ခုနှစ်၊ မေလ ၂၆ရက်မှ ဇွန်လ ၂ ရက်အထိ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပခဲ့သည်။ အာဆီယံလူငယ်ဆိုင်ရာ ဆုများကို ၁၉၉၉ခုမှ စတင်ချီးမြှင့်ခဲ့ရာ နှစ်စဉ်ဆုများတိုးမြှင့်ချီးမြှင့်ခဲ့သည်။ နှစ်စဉ်အာဆီယံလူငယ်များနေ့ အစည်းအဝေးကို ကျင်းပခဲ့သည်။ ပထမတွင် ဂျပန်အစိုးရမှ ကမကထပြုလုပ်ပေးခဲ့ပြီး ၂၀၀၃ခုနှစ်မှစတင်၍ အာဆီယံနိုင်ငံများမှ အိမ်ရှင်အဖြစ် အလှည့်ကျလက်ခံကျင်းပရမည်ဖြစ်ပါသည်။

၆၉။     ပညာရေးနှင့်အာဆီယံတက္ကသိုလ်ကွန်ယက်(Education and ASEAN University Network) ။   အာဆီယံ ပညာရေးကော်မတီ ASEAN Committee on Education (ASCOE) သည် ပညာရေးပူးပေါင်းလှုပ်ရှားမှု ငါးနှစ် စီမံကိန်းအရ လမ်းညွှန်အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ မလေးရှားနိုင်ငံသည် ပထမအကြိမ် အာဆီယံကျောင်းသားများဖလှယ်ရေး အစီအစဉ်ကိုလက်ခံခဲ့ပြီး စင်္ကာပူမှ ဒုတိယအကြိမ်၊ ထိုင်းမှ တတိယအကြိမ် လက်ခံဆောင်ရွက်ခဲ့သည်။ အာဆီယံပညာရေးပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာခဲ့ရာ အာဆီယံတက္ကသိုလ် ကွန်ယက် AUN တွင် တက္ကသိုလ်ပေါင်း (၁၇)ခု ပါဝင်လျက်ရှိပါသည်။ အာဆီယံပညာရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တွင် ပုံမှန်လှုပ်ရှားမှုအဖြစ် အာဆီယံနိုင်ငံများအတွင်း တက္ကသိုလ်ချင်းဖလှယ်၍ လက်ခံသင်ကြားပေး လျက်ရှိပါသည်။ ပဉ္စမအကြိမ်မြောက် ပညာရေးဆွေးနွေးပွဲ အစီအစဉ်ကို ၂၀၀၂ မေလတွင် မလေးရှားမှလက်ခံ ကျင်းပခဲ့ပါသည်။ AUN ၏ တက္ကသိုလ်ချင်းဖလှယ်ရေးအစီအစဉ်ရည်ရွယ်ချက်မှာ ပညာရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြင့်မားလာစေရန်နှင့် သိပ္ပံပညာရှင်၊ ထူးချွန်ပညာရှင်များ ပေါ်ထွန်းလာစေရေးဖြစ် သည်။

၇၀။     ယဉ်ကျေးမှုနှင့်သတင်းအချက်အလက် (Culture and Information) ။     အာဆီယံ၏ပုံရိပ်ကို ဖော် ဆောင်နိုင်မည့် စီမံချက်အသစ်များ စတင်ချမှတ်ရန်ယုံကြည်လျက် အာဆီယံယဉ်ကျေးမှုနှင့် သတင်းအချက် အလက်ကော်မတီ (Committee on Culture and Information ) COCI အစီအစဉ် စာအုပ်သစ်ကိုထုတ်ဝေရန် စီစဉ်ခဲ့သည်။ ထိုစာအုပ်တွင် အရှေ့တောင်အာရှဒေသများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများကိုဖော်ပြထားသည်။ အထူးသဖြင့် အနုပညာလက်ရာများဖြစ်သည်။ စာအုပ်အမည်မှာ “ Perspective on Southeast Asia Humanities” ဖြစ်ပါသည်။ COCI သည် အာဆီယံအနုပညာဆိုင်ရာပြပွဲများကို နိုင်ငံတကာအဆင့် ကျင်းပပေးလျက်ရှိသည်။ ထိုပြပွဲများသည် ပရိတ်သတ်သစ်များနှင့် အာဆီယံအနုပညာရှင်များကို မိတ်ဆက်ခြင်းဖြစ်ပြီး ဒေသတွင်းယဉ်ကျေးမှု အဆင့်အတန်းကို ဖော်ထုတ်တင်ဆက်ခြင်းဖြစ်သည်။

နိဂုံး

၇၁။     အာဆီယံအဖွဲ့ကြီးသည် ယနေ့ကမ္ဘာတွင် တစ်နိုင်ငံတည်းအထီးကျန်ရပ်တည်၍ မရနိုင်ကြောင်း လေး နက်စွာယုံကြည်သဖြင့် ဒေသတွင်းနိုင်ငံများအချင်းချင်းချစ်ကြည်ရင်းနှီးစွာဖြင့် အာဆီယံအဖွဲ့ကြီးကို တည်ထောင် ခဲ့ရာ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များမှ တစ်ဆင့်ဒေတွင်းစီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေး မှုတိုးတက်ဖြစ်ပေါ်ရေးကို မြှင့်တင်နိုင်ခဲ့ကြပါသည်။ အင်အားကြီးနိုင်ငံများ၏ ပြိုင်ဆိုင်မှု၊ ကြီးစိုးမှုများ ဒေသအတွင်း စိမ့်ဝင်ပျံ့နှံ့မလာစေရေးအတွက် ဒေသအတွင်းနိုင်ငံရေးနှင့် စီးပွားရေးတည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်ဆောင် ရွက်လျက်ရှိပြီး ဒေသအတွင်းနိုင်ငံအချင်းချင်း ဖြစ်ပေါ်လာသော သဘောထားကွဲလွဲမှုများကို ငြိမ်းချမ်းစွာညှိနှိုင်း ဖြေရှင်းပေးလျက်ရှိသည့် အဘက်ဘက်မှ တိုးတက်လျက်ရှိသော အဖွဲ့ကြီးအဖြစ် ရပ်တည်လျှက်ရှိသည်။ ထို့အပြင် ကမ္ဘာ့နိုင်ငံအသီးသီးက အလေးထားရသော အဖွဲ့အစည်းကြီးဖြစ်ကြောင်း တင်ပြအပ်ပါသည်။

အာဆီယံဒေသတွင်းကုန်သွယ်မှု

Selected Data of ASEAN Member States

Source: Extracted data from the books of "ASEAN Community in Figures"

          အာဆီယံဒေသတွင်းကုန်သွယ်မှုသည် အာဆီယံနှင့်အခြားနိုင်ငံကုန်သွယ်မှုထက် သိသာမြန်ဆန်လာသည်။ ၁၉၉၃ မှ ၂၀၁၃ အထိ ကာလအတွင်း အာဆီယံနှင့် အခြားနိုင်ငံများ၏ကုန်သွယ်မှု (၈.၉%) (သို့မဟုတ်) အာဆီယံဒေသတစ်ခုလုံး၏ ကုန်သွယ်မှု (၉.၂%) တို့နှင့် နှိုင်းယှဉ်ပါက နှစ်အလိုက် ပျမ်းမျှကုန်သွယ်မှုတိုးတက်လာ ခြင်း (၁၀.၅%) နှင့်အတူ အာဆီယံဒေသတွင်း ကုန်သွယ်မှုသည် အမြင့်ဆုံးနှုန်းအထိ တိုးတက်ခဲ့သည်။ အာဆီယံ ဒေသတစ်ခုလုံးတွင် အာဆီယံဒေသတွင်း ကုန်သွယ်မှု အပိုင်းသည် ၁၉၉၃ ခုနှစ်တွင် ၁၉.၂ % မှ  ၂၀၀၀ ခုနှစ်တွင် ၂၂% သို့လည်းကောင်း၊ ၂၀၁၃ ခုနှစ်တွင် ၂၄.၂% သို့လည်းကောင်း တိုးတက်ခဲ့သည်။ ၎င်းအပြင် ၂၀၁၃ ခုနှစ်တွင် ဒေသတွင်းစုစုပေါင်း GDP သည် ၂၅% ဖြစ်ခဲ့သည်။ အာဆီယံသည် အာဆီယံနိုင်ငံအများစုအတွက် (၁၅% (သို့မဟုတ်) ၎င်းထက်ပိုများသော ပမာဏနှင့်) အရေးကြီးသော ကုန်တင်ပို့သည့် ဈေးကွက်တစ်ခုဖြစ်သည်။ ထို့အပြင် အာဆီယံ (၁၀) နိုင်ငံအတွက် (၁၅% (သို့မဟုတ်) ၎င်းထက်များသောပမာဏနှင့် အတူ) အရေးပါသော သွင်းကုန်အထောက်အပံ့ပေးသူလည်း ဖြစ်သည်။

ASEAN trade aggregates

source: ASEAN Trade Statistics Database, as of 20 December 2013

အာဆီယံ၏ နိုင်ငံရေးှနှင့် လုံခြုံရေးအသိုက်အဝန်း၊ စီးပွားရေးအသိုက်အဝန်းနှင့် လူမှုရေးနှင့် ယဉ်ကျေးမှု အသိုက် အဝန်းများအကြောင်း အသေးစိတ်ကို အောက်ဖော်ပြပါ link မှ အသေးစိတ်ဝင်ရောက်လေ့လာရရှိနိုင်ပါသည်။

http://www.asean.org/

 

 

 

သတင်းအချက်အလက်များ

AUTOMOBILE