အဝင်လှိုင်ပြီးအရောင်းသွက်နေတဲ့ ဟင်္သာတပြောင်းဈေးကွက်

Wed, 05/02/2012 - 04:17 -- Anonymous (not verified)

ဟင်္သာတကုန်စည်ဒိုင်ဈေးကွက်ကို အစေ့ထုတ်ပြောင်းများ မတ်လ ဒုတိယ ပတ်မှ ဈေးကွက်ကို စတင်ဝင် ရောက်လာပြီး၊ ပိဿာ ၂၀ ဝင်တစ်တင်းကို ၅၂၀၀ ကျပ်နဲ့ ဈေးဖွင့်ခဲ့ပါတယ်။မတ်လနောက်ဆုံးပတ်မှာတစ်တင်းကို ၄၈၀၀ ကျပ်၊ ဧပြီ လဆန်းပိုင်းမှာ ၄၉၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ပြုလုပ်ကြပြီး ယခုဧပြီလ တတိယ ပတ်သြင်္ကန်ကာလအလွန်မှာ အစေ့ထုတ်ပြောင်းဈေး တစ်တင်း ၅၃၀၀ ကျပ်ဈေး ကို မြင့်လာပြီး အရောင်းအဝယ်လည်း သွက်နေကြောင်း သိရှိရပါတယ်။ ရန်ကုန် ဝယ်လက် အစာစပ်ကုန်သည်လုပ်ငန်းရှင်ကြီးများရဲ့ ဝယ်လိုအားကြောင့် တစ်ရက် ပျမ်းမျှအိတ် ၂၀၀၀ ခန့် တင်ပို့နိုင်တယ်လို့ သိရပါတယ်။        
အေးအေးခိုင်