အရန်ဆန်ဝယ်ယူရေး အစိုးရမှ ငွေကျပ် ၁၀ ဘီလီယံ ခွင့်ပြုချထား

Mon, 01/30/2012 - 07:30 -- Anonymous (not verified)

မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း၊ ဗဟို သမဝါယမအသင်းနဲ့ နိုင်ငံတော်တို့ ပူးပေါင်းပြီး နိုင်ငံတော်အရန်ဆန်ဝယ်ယူရေး ဆောင်ရွက်လျက် ရှိရာမှာ ပထမအဆင့်အနေနဲ့ စပါးတင်း ၁၀၀ ကို ကျပ် ၃၃၀၀၀၀ နဲ့ဝယ်ယူဖို့အတွက် နိုင်ငံတော် အစိုးရမှ ဇန်နဝါရီ ၂၇ ရက်က ငွေကျပ် ၁၀ ဘီလီယံ ခွင့်ပြုချထား ပြီဖြစ်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းအနေနဲ့ လည်း အရန်ဆန်ဝယ်ယူရေးမှာ အချိုးကျထည့်ဝင် ရေးအတွက် ဆန်တင်ပို့သူများ၊ လုပ်ငန်းရှင်များ  စုစည်းကာ အများပိုင်ကုမ္ပဏီတစ်ခု  ဖွဲ့စည်းဖို့ အတွက် ပြင်ဆင်လျက်ရှိပါတယ်။ ဇန်နဝါရီ ၂၈ ရက်အထိ အများပိုင်ကုမ္ပဏီ Founder  ၅၃ ဦးမှ အဆိုပြု မတည်ရင်းနှီးငွေ ကျပ် ၇ ဒသမ ၆ ဘီလီယံရရှိထားပြီးဖြစ်တယ်လို့ အသင်းတွဲဖက်အတွင်းရေးမှူးမှ ပြောကြားပါတယ်။ အဲဒီအဆိုပြု မတည်ရင်းနှီးငွေရဲ့ ၄၀ ရာခိုင် နှုန်းဖြစ်တဲ့  ၃ ဒသမ ၀၄ ဘီလီယံကိုတော့ စုစည်းရရှိထားပြီးဖြစ်ကြောင်းနဲ့ အရန်ဆန်ဝယ်ယူရရှိမှု အခြေအနေပေါ်မူတည်လို့  ကျန်ရင်းနှီးငွေ ၆၀ ရာခိုင်နှုန်းထဲက လိုအပ်တဲ့ပမာဏကိုလည်း  စုစည်း သွားမယ်လို့ ဆိုပါတယ်။ နိုင်ငံတော်မှလည်း ခွင့်ပြု ငွေရရှိပြီဖြစ်လို့ အရန်ဆန်ဝယ်ယူမှု  လက်တွေ့ အကောင်အထည်ဖော်တာကို  ဇန်နဝါရီလကုန် ပတ်မှာ စတင်တော့မယ်လို့လည်းသိရပါတယ်။
လမင်း