ရသင့်ရထိုက်သော အခွန်အခများ ရရှိစေရန် ဆန်စက်များ၏ စက်စွမ်းအားအလိုက် တိုးမြှင့် ပြင်ဆင်သတ်မှတ်ခြင်း

Fri, 03/23/2018 - 07:59 -- dotadmin

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန (ယခင် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး) မှ ထုတ်ပြန်ခဲ့သည့် ဆန်စက်များ တည်ဆောက်ခြင်း၊ မှတ်ပုံတင်ခြင်း၊ ပြောင်းရွှေ့ခြင်း၊ ဖျက်သိမ်းခြင်းဆိုင်ရာ ညွှန်ကြားစာအမှတ် (၁/၈၉)၊ တည်ဆောက်ပြီး ဆန်စက်များ မှတ်ပုံတင်ရန်အတွက် ညွှန်ကြားစာအမှတ် (၂/၈၉)၊ ပဲခွဲစက်များတည်ဆောက်ခြင်း၊ မှတ်ပုံတင်ခြင်း၊ ပြောင်းရွှေ့ခြင်း၊ ဖျက်သိမ်းခြင်းကိစ္စများအတွက် ညွှန်ကြားစာအမှတ် (၃/၈၉) ညွှန်ကြားစာများတွင် ပါရှိသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိရာ ဆန်စက်၊ ပဲခွဲစက်များ မှတ်ပုံတင်သက်တမ်းတိုး လဲလှယ်ရာတွင် ပေးဆောင်ရမည့် မှတ်ပုံတင်ကြေးများမှာ ၁၉၈၉ ခုနှစ်က သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် သက်တမ်းအားခြင်း (၂၈) နှစ်မျှ ကြာမြင့်ခဲ့ပြီးဖြစ်၍ လက်ရှိ မှတ်ပုံတင်နှုန်းထားများအား ကာလငွေကြေးတန်ဖိုး အခြေအနေနှင့် လိုက်လျောညီထွေမှုရှိစေရန်နှင့် နိုင်ငံတော်အနေဖြင့် ရသင့်ရထိုက်သော အခွန်အခများ ရရှိစေရန် ဆန်စက်များ၏ စက်စွမ်းအားအလိုက် တိုးမြှင့် ပြင်ဆင်သတ်မှတ်ခြင်း

နှစ်အလိုက်အမိန့်ကြော်ငြာစာများ