ဟင်္သာတခရိုင်မှာ နိုင်ငံတော်အရန်ဆန်အတွက် မိုးစပါးတင်း တစ်သိန်းသုံးသောင်းကျော် ဝယ်ယူပြီး

Wed, 03/28/2012 - 06:24 -- Anonymous (not verified)

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ ဟင်္သာတ၊ ဇလွန်၊ လေး မျက်နှာ၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်များရှိ စိုက်ပျိုးထုတ်လုပ်သူ တောင်သူ လယ်သမားများထံမှ နိုင်ငံတော်အရန်ဆန်အတွက် မိုးစပါးများ အား ကုန်ဝယ်ဒိုင် များ ဖွင့်လှစ်ပြီး၊ ဖေဖော်ဝါရီလ ပထမပတ်မှ စတင်တိုက်ရိုက်ဝယ်ယူလျက် ရှိခဲ့ပါတယ်။ မတ်လ ၁၅ ရက်ထိ ဟင်္သာတမြို့နယ်မှာ ၁၇၈၆၅ တင်း၊ ဇလွန်မြို့နယ် ၂၉၉၆၇ တင်း၊ လေးမျက်နှာမြို့နယ် ၁၇၈၂၃ တင်း၊ မြန်အောင် မြို့နယ်  ၂၇၂၃၃ တင်း၊ ကြံခင်းမြို့နယ် ၁၀၆၀၀ တင်း၊ အင်္ဂပူမြို့နယ် ၂၉၉၃၇ တင်း၊ ခရိုင်တွင်း စုစုပေါင်း ၁၃၃၄၂၅ တင်း ဝယ်ယူပြီးသွားပြီဖြစ်ကြောင်း သိရှိရ ပါတယ်။ နွေစပါးများ ထွက်ပေါ်လာပါက ခရိုင်တွင်းရှိ အချို့မြို့နယ်များမှာ စတင်ဝယ်ယူသွားမှာဖြစ် ကြောင်း သိရပါတယ်။             
အေးအေးခိုင်