သင်္ဘောသားများအတွက်ကားပါမစ် (၃၀၉) စောင်ထုတ်ပေးပြီး

Fri, 02/03/2012 - 09:22 -- Anonymous (not verified)

နေပြည်တော် ဖေဖော်ဝါရီလ ၃ ရက်နေ့

မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာကြီးကြပ်ရေးကော်မတီသို့ ပို့ဆောင်ရေးဝန်ကြီးဌာနမှ သင်္ဘောသားများအတွက် ပြည်ပမှမော်တော်ယာဉ်တင်သွင်းရန် အမည်စာရင်း ပေးပို့လာမှုသည် ၇-၁၂-၂၀၁၁ ရက်နေ့ မှ ၃-၂-၂၀၁၂ ရက်နေ့ အတွင်း စုစုပေါင်း (၁၈၈၇) ဦးရှိသွားပြီဖြစ်ကြောင်း နှင့် ၂-၂-၂၀၁၂ ရက်နေ့အထိ ပါမစ်အမှန်တကယ်လာရောက်လျှောက်ထားသူ (၃၀၉) ဦးကို ပါမစ်ထုတ်ပေးပြီးကြောင်း သတင်းရရှိ ပါသည်။

ထို့ပြင် ပြည်ပနိုင်ငံရှိမြန်မာသံရုံးများတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများက မော်တော်ယာဉ်လာရောက်လျှောက်ထားမှုကို ၂-၂-၂၀၁၂ ရက်နေ့မှ စတင်ဆောင်ရွက်ပေးလျှက် ရှိရာ ၃-၂-၂၀၁၂ ရက်နေ့ နေ့ခင်း ၁၅း၀၀ နာရီအချိန်တွင်း စုစုပေါင်းပါမစ် (၁၂) စောင်ကိုထုတ်ပေးပြီး သွားပြီဖြစ် ကြောင်းသိရှိရပါသည်။

အေးမွန်မွန်လှိုင်