ဒုတိယအကြိမ် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာအဖွဲ့အစည်း အကြီးအကဲများအစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ တက်ရောက်ဆွေးနွေး

Tue, 03/15/2022 - 11:03 -- competition

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်၊ ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင်သည်  ၂၀၂၂ ခုနှစ်၊ မတ်လ ၁၅ ရက် (အင်္ဂါနေ့)၊ (၁၃:၀၀) နာရီအချိန်တွင် Virtual စနစ်ဖြင့်  ကျင်းပပြုလုပ်သော ဒုတိယအကြိမ် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ အဖွဲ့အစည်းအကြီးအကဲများ အစည်းအဝေးသို့ တက်ရောက်ဆွေးနွေးပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံမှ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း ASEAN Chairmanship Theme နှင့် စီးပွားရေးကဏ္ဍဆိုင်ရာ ဦးစားပေးနယ်ပယ်များ၊ အာဆီယံအကြီးတန်းစီးပွားရေးအရာရှိများ အစည်းအဝေးမှ  ဆွေးနွေးမှုရလဒ်များ၊ အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူညီစာချုပ်ဆိုင်ရာ သဘောတရားစာတမ်း၊ အာဆီယံ ယှဉ်ပြိုင်မှုဆိုင်ရာမူဘောင် သဘောတူညီစာချုပ်ရေးဆွဲရေး ဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် ညှိနှိုင်းအစည်းအဝေးများမှ ဆွေးနွေးမှုရလဒ်များ၊ အာဆီယံ ယှဉ်ပြိုင်မှုဆိုင်ရာမူဘောင် သဘောတူညီစာချုပ်ရေးဆွဲရာတွင် အခြေခံရမည့် လမ်းညွှန်ချက်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြပါသည်။ ထို့အပြင် ကိုဗစ် ၁၉ ကူးစက်ရောဂါ ကာလအတွင်း စီးပွားရေးပြန်လည်ဦးမော့လာစေရေးအတွက် ယှဉ်ပြိုင်မှုမူဝါဒ၏ အခန်းကဏ္ဍများ ပိုမိုခိုင်မာအားကောင်းလာစေရေးအတွက် ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပူးတွဲထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိပါသည်။

အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ယှဉ်ပြိုင်မှုဆိုင်ရာအဖွဲ့အစည်း အကြီးအကဲများ၊ ဒုတိယအကြီးအကဲများနှင့် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို (၁၆:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။