တတိယအကြိမ် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ အဖွဲ့အစည်းအကြီးအကဲများအစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ တက်ရောက်ဆွေးနွေး

Mon, 10/17/2022 - 04:20 -- competition

တတိယအကြိမ် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ အဖွဲ့အစည်းအကြီးအကဲများ (ASEAN Heads of Competition Agencies-AHCA) အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ  အဖွဲ့အစည်းအကြီးအကဲများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ စုစုပေါင်း (၄၇) ဦး ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးတွင် “အာဆီယံယှဉ်ပြိုင်မှုမူဘောင်သဘောတူစာချုပ်” ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်သွားမည့်အစီအစဉ်၊ မူဘောင်သဘောတူစာချုပ်အား တရားဝင်စည်းနှောင်မှုရှိသည့် သဘောတူစာချုပ်အဖြစ် ရေးဆွဲရေးနှင့်စပ်လျဉ်း၍ အဖွဲ့ဝင်နိုင်ငံများ၏ ရပ်တည်ချက်သဘောထားများ၊ ဒုတိယအကြိမ်  AHCA အစည်းအဝေးတွင် ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်အပေါ် တိုးတက်ဖြစ်ပေါ်မှုများ၊ အာဆီယံ၏ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အတွက် အဓိကဦးစားပေးဆောင်ရွက်ရမည့် ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။