ယူရိုငွေသည် ကန်ဒေါ်လာနှင့် လဲလှယ်ရာတွင် ထပ်မံတန်ဖိုးကျဆင်းလိမ့်မည်ဟု အလောင်းအစားပြုကြ

Thu, 09/29/2011 - 07:13 -- Anonymous (not verified)

အီးယူဒေသ စီးပွားရေးနှေးကွေးနေမှုကြောင့် ကြွေးမြီအကျပ်အတည်းကို ဖြေရှင်းပေးဖို့ မူဝါဒချမှတ်သူ တွေအနေနဲ့ ကြိုးပမ်းရုန်း ကန်နေရဦးမယ်လို့ ရင်းနှီးမြှုပ်နှံသူတွေက စိုးရိမ်လာကြတယ်။ ဒါကြောင့် ယူရိုငွေက ကန်ဒေါ်လာနဲ့ လဲလှယ်ရာမှာ ၈ လအတွင်း အနိမ့်ဆုံးနှုန်းကို ရောက်ရှိခဲ့သလို ဂျပန်ယန်းနဲ့ လဲလှယ်ရာမှာလည်း ၁၀ စုနှစ် ကာလအတွင်း တန်ဖိုးကျဆင်းလာတယ်လို့ သိရ တယ်။