မန်းဈေးကွက်သို့ အောင်ပန်းအာလူး အဝင်လှိုင်ပြီး မြစ်သားငရုတ် အထွက်နှုန်းကျလို့ ဈေးမြင့်

Mon, 07/16/2012 - 09:22 -- Anonymous (not verified)

မန္တလေးဈေးကွက်သို့  အောင်ပန်း အာလူးသစ်များ ယခုရက်ပိုင်း အဝင် လှိုင်လာကြောင်းသိရပါတယ်။ ယခင် လက အာလူးအဝင်နည်းလို့ ဈေးမြင့်ခဲ့ ရာတစ်ပိဿာ ၄၅၀ ကျပ်၊ ၅၀၀ ကျပ်မှ ၇၀၀ ကျပ်၊ ၇၅၀ ကျပ်ထိ ဈေးမြင့်ခဲ့ပြီး၊ ယခုနောက်ပိုင်းမှာတော့ အဝင်လှိုင်လာ တဲ့အတွက် တစ်ပိဿာ ၃၀၀ ကျပ်၊ ၄၀၀ ကျပ်ကနေ ရှယ် (အကြော်စ) ဆို ရင် ၇၀၀ ကျပ်ထိသာ ရှိတော့ကြောင်း ပွဲရုံဈေးကွက်မှသိရပါတယ်။ မန္တလေး ဈေးကွက်သို့ အာလူးမှာ ရှမ်းပြည်နယ် မြောက်ပိုင်းမှလည်း အဝင်ရှိပေမဲ့ ရှမ်း ပြည်နယ်တောင်ပိုင်းမှဝင်တဲ့  အာလူး အရည်အသွေး (အစေးဓာတ်) မမီတဲ့ အတွက် ရှမ်းပြည်နယ်တောင်ပိုင်း အာလူးက ဈေးပိုလေ့ရှိပါတယ်။ ယခု အဝင်လှိုင်နေတဲ့ အောင်ပန်းအာလူးဟာ မန္တလေးဈေးကွက်ကို တစ်ရက်ပျမ်းမျှ ကား ၄ စီးဝန်းကျင် အဝင်ရှိတယ်လို့ ပွဲရုံဈေးကွက်မှ သိရပါတယ်။
ကျောက်ဆည်မြစ်သား  နယ်မှာ ယခုနှစ်ရာသီဥတုအခြေအနေကြောင့် မိုးထောင်ငရုတ်များ  အပွင့်ပွင့်သော် လည်း အသီးမတင်တဲ့အတွက် ငရုတ် အထွက်နှုန်းကျဆင်းတယ်လို့  သိရပါ တယ်။ အထွက်နှုန်းကျဆင်းတာနဲ့ အမျှ ဈေးကွက်ကို  အဝင်နည်းပြီး ဈေးမြင့် လေ့ရှိရာ ယခုနှစ်ဈေးပိုတာကို တွေ့ရ ပါတယ်။ ယခုနှစ်မှာ အမြင့်ဆုံး လက် ကားဈေး တစ်ပိဿာ ၂၅၀၀ ကျပ်ထိ ဈေးရှိခဲ့သော်လည်း   ယခုရက်မှာ အရောင်းပါးတဲ့အတွက် တစ်ပိဿာ ၂၃၀၀ ကျပ်နဲ့  ဈေးနှုန်းပြန်လည်ကျ ဆင်းသွားတယ်လို့ သိရပါတယ်။ ငရုတ် ထွက်ရှိရာ   ပင်ရင်းဒေသမှာတော့ အညှာေတင်ဇာဝါခင်