ကမ္ဘောဒီးယားနိုင်ငံက မနီလာ ဆန်ဈေးကွက်သစ်ရှာဖွေ

Thu, 03/22/2012 - 05:46 -- Anonymous (not verified)

နိုင်ငံတကာဆန်ဈေးနိမ့်ခြင်းကမ္ဘောဒီးယားဆန်တင်ပို့သူများအတွက် အဟန့်အတားဖြစ်နေ သော်လည်း ဖိလစ်ပိုင်မှ ဆန် ဝယ်ယူဖို့ ပမာဏများများ အော်ဒါမှာယူလာတဲ့အတွက် ကမ္ဘောဒီးယားနိုင်ငံရဲ့ ဆန်အများဆုံးတင်ပို့သူများမှ တစ်ဦးကို ဆန်တင်ပို့နိုင်ရေး တွန်း အားပေးခဲ့ပါတယ်။ ကုမဏီမှာ Mega Green Imex Cambodia ဖြစ်ပြီး ယခုနှစ်မှာ ဖိလစ်ပိုင်ကို ဆန်တန်ချိန် ၅၀၀၀၀ တင်ပို့ရန် အော်ဒါရထားပါတယ်။ အဆိုပါကုမ္မဏီမှာ ယခင်နှစ်က ဥရောပသို့ ၁၃၀၀၀ တန်တင်ပို့ခဲ့ပြီး ယခုဖိလစ်ပိုင်မှရရှိတဲ့ အော်ဒါမှာ ပထမဆုံး ပမာဏများများမှာယူတာဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ဆန်ဈေးနှုန်းမှာ ဒေသ တွင်း ဆန်တင်ပို့နိုင်ငံများထက် ဈေးပိုမြင့်တဲ့ကာလအတွင်း အနောက်ဈေးကွက်များကနေ ဝယ် လက်များ ပြောင်းသွားခဲ့ တာဖြစ် ပါတယ်။