ပြည်ထောပတ်ပဲ ဝယ်လိုအားရှိသော်လည်း လက်ကျန်နည်း

Fri, 09/30/2011 - 08:04 -- Anonymous (not verified)

ယခုတစ်ပတ် ပြည်ဈေးကွက်မှာ ထောပတ်ပဲအဝင်လုံးဝမရှိတော့ဘဲ လက်ကျန်ပဲများနဲ့ အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။ ထောပတ်ပဲဈေးမှာ တစ်တင်း ၁၇၃၀၀ ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးငြိမ်နေခဲ့ပြီး၊ ဒေသတွင်း လက်လီသမားများဖြင့် အိတ် ၂၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။