ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် မန္တလေးမြို့ ပွဲစား ၊ ကုန်သည် ၊ စက်ပိုင်များ ၊ စက်မှုလက်မှု လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

Wed, 07/25/2012 - 05:26 -- Anonymous (not verified)

dsc01947 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည် မန္တလေး မြို့ ပွဲစား ၊ ကုန်သည် ၊ စက်ပိုင်များ မဟာကထိန်တော် အသင်းကြီးသို့ ဇူလိုင်လ ( ၂၁ ) ရက် နံနက် ( ၁၀း၀၀ ) နာရီအချိန်တွင် ရောက်ရှိပြီး ပွဲစား ၊ ကုန်သည်များ ၊ စက်မှှုလက်မှုလုပ်ငန်းရှင်များ ၊ သီးနှံစိုက်ပျိုး ထုတ်လုပ်သူများနှင့် တွေ့ဆုံပြီး အမှာစကားပြောကြားကာ တက်ရောက်သူများ၏ တင်ပြချက်များအပေါ် ရှင်းလင်းဆွေးနွေး ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးမြို့ရှိ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များ အသင်း ( မန္တလေးတိုင်းဒေသကြီးရုံး ) သို့ သွားရောက်၍ အသင်းမှတာဝန်ရှိသူများနှင့် ဆန်စပါးစီးဆင်း ရောင်းဝယ်မှု အခြေအနေများအား ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့ပြီး တင်ပြချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။