ပဲဈးကွက် အခြေအနေ (11.3.2013)

Fri, 05/17/2013 - 10:48 -- admin

ယခုတစ်ပတ်တွင် အဓိကပဲ (၄)မျိုးတွင် ပြည်တွင်းဈေးနှုန်းများ အနေဖြင့် မတ်ပဲ၊ ပဲစင်းငုံနှင့် ကုလားပဲဖြူလုံးကြီးတို့မှာ ယခင်အပတ်ထက်ဈေးတက် နေပါသည်။ ပဲတီစိမ်းတစ်မျိုးသာ (၇၉၃၀၀၀) ကျပ်ဖြင့် ယခင်အပါတ်အတိုင်း ဈေးငြိမ်နေပါသည်။ မတ်ပဲပြည်တွင်းဈေး ၄၇၃၀၀၀ ကျပ်၊ ပြည်တွင်း FOB ဈေး ၅၇၀ ဒေါ်လာ၊ အိန္ဒိယမွန်ဘိုင်းဈေး ၆၀၉ ဒေါ်လာ၊ ပဲတီစိမ်း ပြည်တွင်းဈေး ၇၉၃၀၀၀ ကျပ်၊ ပြည်တွင်း FOB ဈေး ၉၈၀ ဒေါ်လာ၊ အိန္ဒိယမွန်ဘိုင်းဈေး ၁၀၁၂ ဒေါ်လာ၊ ပဲစင်းငုံပြည်တွင်းဈေး ၆၂၂၀၀၀ ကျပ်၊ ပြည်တွင်း FOB ဈေး ၇၆၀ ဒေါ်လာ၊ အိန္ဒိယမွန်ဘိုင်းဈေး ၇၉၅ ဒေါ်လာနှင့် ကုလားပဲဖြူလုံးကြီး ပြည်တွင်းဈေး ၅၈၁၇၀၀ ကျပ် FOB ၆၈၀ ဒေါ်လာ၊ အိန္ဒိယမွန်ဘိုင်းဈေး ၆၀၇ ဒေါ်လာ ဖြစ်ကြောင်း သိရပါသည်။