ပခုက္ကူခရိုင်အတွင်းရှိ ကြက်သွန်နီဈေးကွက်အခြေအနေ

Fri, 05/25/2018 - 09:30 -- admin_ygn

ယခုတစ်ပတ် ပခုက္ကူခရိုင်အတွင်း သို့   ကြက်သွန်နီများ  နယ်အသီးသီးမှ ဝင်ရောက်လျက်ရှိပါတယ်။ ပခုက္ကူ ကြက် သွန်နီ ကုန်ဝယ်ဒိုင်သို့ ပေါက်၊  ရေပြာမှ သာမက မုံရွာနယ်များမှလည်း  ဝင်ရောက်  တင်သွင်းသည်ကိုလည်း သိရှိရပါတယ်။  ကြက်သွန်နီဈေးနှုန်းများသည် သြင်္ကန် မတိုင်မီကာလများထက်  ဈေးနှုန်းများ အနည်းငယ် ကျဆင်းနေသည်ကိုလည်း တွေ့ရှိရပါတယ်။ သြင်္ကန်မတိုင်မီ ကြက် သွန်နီလက်ကားဈေးနှုန်းမှာ ကြက်သွန်နီ ထိပ်စ တစ်ပိဿာလျှင်  ကျပ် ၈၀၀၊ အလတ်စ တစ်ပိဿာလျှင် ကျပ် ၅၀၀၊  အနိမ့်စမှာ တစ်ပိဿာလျှင် ကျပ် ၃၀၀ ထိရှိခဲ့ပြီး သြင်္ကန်ပြီးကာလ ကြက်သွန်နီ ဈေးနှုန်းများမှာ  ထိပ်စ တစ်ပိဿာ လျှင်ကျပ် ၅၅၀ ၊ လတ်စ တစ်ပိဿာလျှင် ကျပ် ၄၀၀ အနိမ့်စ တစ်ပိဿာလျှင်ကျပ် ၃၅၀ ဖြစ်ပါတယ်။ ဈေးနှုန်းများကို နှိုင်းယှဉ် ကြည့်လျှင် အနည်းငယ် ကျဆင်းလာပြီး ကြက်သွန်နီစိုက် တောင်သူများမှာ မျှော်မှန်း သလောက် ဈေးမရရှိခဲ့ပါ။ဆိပ်ဖြူ ကြက် သွန်နီ ကုန်ဝယ်ဒိုင်၏ လက်ကား ဈေးမှာ ထိပ်စ တစ်ပိဿာလျှင်ကျပ် ၅၂၀၊  လတ်စ တစ်ပိဿာလျှင် ကျပ်၄၅၀ ၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ် ၃၅၀  ဖြင့် နေ့စဉ် ပိဿာချိန် ၁၀၀၀၀ မှ   ၂၀၀၀၀ ကြား အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ပခုက္ကူ ကြက်သွန်နီကုန်ဝယ်ဒိုင်၏ ယခု တစ်ပတ် ကြက်သွန်နီ လက်ကားဈေးမှာ ထိပ်စ တစ်ပိဿာလျှင်    ၅၃၅ ကျပ်၊ လတ်စ တစ်ပိဿာလျှင်ကျပ် ၄၀၀၊ အနိမ့်စတစ် ပိဿာလျှင် ကျပ်  ၃၅၀  ရှိခဲ့ပြီး လက်လီ ဈေးနှုန်းများမှာ ကြက်သွန်နီ အမျိုးအစား လိုက်၍ ထိပ်စတစ်ပိဿာလျှင် ကျပ် ၁၀၀၀၊ အလတ်စ  တစ်ပိဿာလျှင် ကျပ် ၈၀၀၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ် ၆၀၀ ဖြစ်၍ နေ့စဉ် ကုန်ဝယ်ဒိုင်သို့ ပိဿာ ချိန် ၅၀၀၀၀  မှ ၁၅၀၀၀၀ ကြား အရောင်း အဝယ် ဖြစ်နေသည်ဟု သတင်းရရှိပါ တယ်။

 

လှိုင်ဥမ္မာဦး(ပခုက္ကူ)