ဈေးကွက်အခြေအနေ သုံးသပ်တင်ပြချက် (25.3.2013)

Fri, 05/17/2013 - 10:49 -- admin

ယခုတစ်ပတ်တွင် အဓိကပဲ (၄)မျိုးတွင် ပြည်တွင်းဈေးနှုန်းများ အနေဖြင့် မတ်ပဲတစ်မျိုးသာ ယခင်အပတ်ထက် (၈၀၀၀)ကျပ် ဈေးတက်၍(၅၃၈၀၀၀)ကျပ် ဖြစ်နေပါသည်။ ပဲတီစိမ်းမှာ (၇၉၃၀၀၀)ကျပ်နှင့် ကုလားပဲဖြူလုံးကြီးတို့မှာ (၅၈၁၇၀၀) ကျပ်ဖြင့် ယခင်အပါတ်အတိုင်း ဈေးငြိမ်နေပါသည်။ မတ်ပဲပြည်တွင်းဈေး ၅၃၈၀၀၀ ကျပ်၊ ပြည်တွင်း FOB ဈေး ၆၁၀ ဒေါ်လာ၊ အိန္ဒိယမွန်ဘိုင်းဈေး ၆၃၅ ဒေါ်လာ၊ ပဲတီစိမ်း ပြည်တွင်းဈေး ၇၉၃၀၀၀ ကျပ်၊ ပြည်တွင်း FOB ဈေး ၉၉၀ ဒေါ်လာ၊ အိန္ဒိယ မွန်ဘိုင်း ဈေး ၁၀၄၉ ဒေါ်လာ၊ ပဲစင်းငုံပြည်တွင်းဈေး ၆၇၄၀၀၀ ကျပ်၊ ပြည်တွင်း FOB ဈေး ၈၀၀ ဒေါ်လာ၊ အိန္ဒိယမွန်ဘိုင်းဈေး ၇၉၁ ဒေါ်လာနှင့် ကုလားပဲဖြူလုံးကြီး ပြည်တွင်းဈေး ၅၈၁၇၀၀ ကျပ် FOB ၇၀၀ ဒေါ်လာ၊ အိန္ဒိယမွန်ဘိုင်းဈေး ၆၀၅ ဒေါ်လာ ဖြစ်ကြောင်း သိရပါသည်။