ပုသိမ်မြို့နယ်အရန်ဆန်ဝယ်ယူရေးလုပ်ငန်းကော်မတီမှ စပါးများ စတင်ဝယ်ယူနေပြီ

Mon, 02/13/2012 - 05:03 -- Anonymous (not verified)

ဧရာဝတီတိုင်းဒေသကြီး၊ အရန်ဆန်ဝယ်ယူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးဝင်းမြင့်လှိုင်၊ ပုသိမ်မြို့နယ် အရန်ဆန် ဝယ်ယူရေးလုပ်ငန်းကော်မတီ ဥက္ကဌ ဦးစိုးဝင်းနဲ့ ကော်မတီ အဖွဲ့ဝင်များသည် ၂၀၁၂ ခုဖေဖော်ဝါရီလ ၇ ရက်က ပုသိမ်မြို့ အမှတ် ၁၀ နယ်မြေ စက်ကလေးရပ် ဧရာပုသိမ် ဆန်စပါး ရောင်းဝယ်ရေး၊ ကုမ္ပဏီလီမိတက် ၁ ပိုင်ဆန်စက်မှာနိုင်ငံတော် အရန်ဆန်အတွက် စပါးများဝယ်ယူရန် ကုန်ဝယ်ဒိုင်အမှတ် ၁ ဖွင့်လှစ်ပြီး၊ အရန်ဆန် ကြိတ်ခွဲရန် စပါးအရည်အချင်းပြည့်မီတဲ့ ဧည့်မထ အုပ်စုဝင်စပါးများကို ၄၆ ပေါင်၊ တစ်တင်းကို ၃၃၀၀ ကျပ်နှုန်းနဲ့ စတင်ဝယ်ယူလျက်ရှိကြောင်း သိရပါတယ်။
အရန်ဆန်ဝယ်ယူရေးလုပ်ငန်းကော်မတီမှ ဧည့်မထ ၂၅ ရာခိုင်နှုန်းမှတ်အဆင့်မီ ဆန်ကြိတ်ခွဲနိုင်ရန် ဝယ်ယူမယ့် စပါးများအား အမျိုးအစား၊ အရည်အသွေး သတ်မှတ်ချက် ကိုက်ညီမှု ရှိ၊မရှိ စစ်ဆေးခြင်း၊လိုအပ်ပါက စပါးအရည်အချင်း ကို ကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ ဝယ်ယူရန်နဲ့ စိုက်ပျိုးထုတ် လုပ်တဲ့တောင်သူများထံမှ သာတိုက်ရိုက်ဝယ်ယူမှာဖြစ်ကြောင်း သိရပါတယ်။
စပါးများ ဝယ်ယူရာမှာ ရေတင်စာရင်း၊ စပါးစစ်ဆေး ချက် မှတ်တမ်း၊ ကုန်ချိန်မှတ်တမ်း၊ ကုန်ဝယ်ပြေစာ၊ ကုန်ရ/ ကုန်ထုတ်လက်ကျန် စာရင်းများ၊ နေ့စဉ်ကုန်ဝယ် စာရင်း ချုပ်၊ စပါးအမျိုးအစားအလိုက် လယ်ဂျာ၊ ငွေစာရင်းသွင်း ထားရှိမှု များကိုလည်း အဆင့်ဆင့် စနစ်တကျပြုစုဆောင်ရွက်ပြီး၊ နေ့စဉ် စပါးအဝယ်စာရင်းများ ကိုလည်း တိုင်းဒေသကြီး၊ ဆန် စပါးအသင်းရုံးကို အချိန်မီပေးပို့နိုင်ဖို့ စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း အရန်ဆန်ဝယ် ယူရေးလုပ်ငန်းကော်မတီက ပြော ကြားပါတယ်။
ပုသိမ်မြို့နယ် ဦးတိုကျေးရွာအုပ်စု၊ ဦးတိုကျေးရွာနေ တောင်သူ ဦးကျင်ငွေပိုင် ဦးပိုင်အမှတ် ၃၇/၅ ကွင်း အမှတ် ၁၀၅ မှ စိုက်ပျိုးထွက်ရှိတဲ့ ဧည့်မထ အုပ်စုဝင် ဆင်းသုခစပါး တင်းရေ ၁၀၀ ကို အရန်ဆန်ဝယ်ယူရေး လုပ်ငန်းကော်မတီမှ စတင်ဝယ်ယူထားရှိကြောင်း သိရပါတယ်။   
မင်းမင်းဦး