ဥရောပ ပို့ကုန် ဈေးကွက်သို့ တက်လှမ်းခြင်း

Wed, 12/05/2012 - 10:23 -- Anonymous (not verified)

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ( UMFCCI) နှင့် နယ်သာလန်နိုင်ငံ Center For the Promotion of Imports From Developing Countries တို့ပူးပေါင်း၍ UMFCCI တွင် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့ နှင့် ၁၅ ရက်နေ့တို့တွင် Market Access Requirements Awareness Training သင်တန်း ကျင်းပခဲ့ပါသည်။  

ယင်းသင်တန်းသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန နှင့် ပုဂ္ဂလိက ကုမ္ပဏီများမှ ဝန်ထမ်းများ ပါဝင်တက်ရောက်ခဲ့ပါသည်။

ယင်းသင်တန်းကို CBI မှ ကြီးမှူးကျင်းပပြီး ဥရောပကုလသမဂ္ဂနိုင်ငံများ European Union-EU သို့ မြန်မာ့ ပို့ကုန်များ ထိုးဖောက်တင်ပို့နိုင်သည့် ကုန်ပစ္စည်းများ၏ စံချိန်စံညွှန်း ဝယ်လိုအား ဈေးကွက်တို့ကို ရှာဖွေဖော်ထုတ် နိုင်ရန် ရည်ရွယ် ၍ သင်တန်းပို့ချခြင်း ဖြစ်ပါသည်။ Eu ၏ တင်သွင်းလိုသော ကုန်ပစ္စည်းအမျိုးအစား၊ စံချိန်စံညွှန်း၊ အထွေထွေသတ်မှတ်ချက်၊ ဆောင်ရွက်ရမည့် အစီအမံများအား အောက်ပါ Websites များတွင် လေ့လာ သိရှိ နိုင်ကြောင်း အသိပေးသွားခဲ့ပါသည်။

မြန်မာ့ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်ကဏ္ဍ မြှင့်တင်ရေး ဈေးကွက်ထိုးဖောက်ရှာဖွေရေးတို့ကို တစ်စိတ်တစ်ဒေသအဖြစ် အထောက်အကူရရှိစေရေးအတွက် ရေးသားတင်ပြအပ်ပါသည်။

( 1 ) www.cbi.eu

( 2 ) www.intracen.org

(3 ) www.exporthelp.europa.eu

 

စမ်းစမ်းဝင်း

( ပို့ကုန် )