ဗဟိုဝန်ထမ်းတက္ကသိုလ် အရာထမ်းငယ်အခြေခံသင်တန်းအမှတ်စဉ် (၈၈)နှင့် (၁၁၈)ဆင်းပွဲများကျင်းပ

Wed, 04/07/2021 - 09:16 -- tradetraining
ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) အရာထမ်းငယ်အခြေခံသင်တန်းအမှတ်စဉ်(၈၈)
ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အရာထမ်းငယ်အခြေခံသင်တန်းအမှတ်စဉ်(၁၁၈)

 သတင်းအကျဉ်း

          ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) အရာထမ်းငယ်အခြေခံသင်တန်း အမှတ်စဉ် (၈၈)ကို (၁-၂-၂၀၂၁) ရက်နေ့မှာလည်းကောင်း၊  (အောက်မြန်မာပြည်) အရာထမ်းငယ်အခြေခံ သင်တန်းအမှတ်စဉ် (၁၁၈)ကို (၁-၂-၂၀၂၁) ရက်နေ့မှာလည်းကောင်း Virtual Online စနစ်ဖြင့် ဖွင့်လှစ်ခဲ့ပါတယ်။

          ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)နှင့် (အောက်မြန်မာပြည်)ရဲ့ Online စနစ်ဖြင့် ဖွင့်လှစ်တဲ့ အရာထမ်းငယ်အခြေခံသင်တန်းတွေမှာ ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးအောက်ရှိ ဦးစီးဌာနများမှ သင်တန်းသား (၂၃၉)ဦး တက်ရောက်ခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး (၃)ဦး တက်ရောက်ခဲ့ပါတယ်။

          သင်တန်းမှာ ဘာသာရပ်တွေကို Online Learning System ဖြင့် သင်ကြားလေ့ကျင့်ပေး ခဲ့ပြီး သင်တန်း(၂)ခုလုံးရဲ့ သင်တန်းဆင်းပွဲကို (၁-၃-၂၀၂၁) ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

 

 

 

                                                                                      ကုန်သွယ်မှုပညာပေးရေးဌာနခွဲ