ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်းအမှတ်စဉ်(၂/၂၀၂၂) သင်တန်းဖွင့်ပွဲ

Wed, 10/19/2022 - 05:47 -- DotTrading
ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားခြင်း

၁။      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ကုန်သွယ်ရေးဦးစီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဦးစီးဌာနများရှိ ဝန်ထမ်းများအား ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းများ ကိုသိရှိပြီး ပေးအပ်သောတာဝန်အပေါ် စွမ်းဆောင်ရည်မြင့်မားစွာဖြင့်ကျေပွန်စွာထမ်းဆောင်နိုင်ရန်၊ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ပို့ကုန်သွင်းကုန် လုပ်ထုံးလုပ်နည်း သင်တန်းအမှတ်စဉ် (၂/၂၀၂၂) ကို ၂၀၂၂ ခုနှစ် ၊ အောက်တိုဘာလ(‌၁၇) ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

၂။         သင်တန်း မစတင်ခင် အချိန်တွင် ညွှန်ကြားရေးမှူးချုပ် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် တို့သည် သင်တန်းသားများကိုတွေ့ဆုံအားပေးခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်မှ အမှာစကား ပြောကြားခဲ့ပါသည်။

၃။      အဆိုပါသင်တန်းကို ၂၀၂၂ ခုနှစ် ၊ အောက်တိုဘာလ (၁၇) ရက်နေ့မှ ဒီဇင်ဘာလ (၁၂) ရက်နေ့ထိ နေ့စဉ်တနင်္လာနေ့ မှသောကြာနေ့ထိ၊ နံနက် (၀၉ : ၃၀) နာရီမှ (၁၂ : ၀၅) နာရီထိ ရက်သတ္တပတ် (၈) ပတ်ကြာ Covid-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာညွှန်ကြားချက် ၊ စည်းကမ်း ချက်များနှင့်အညီ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ အရာထမ်း ၊ အမှုထမ်း စုစုပေါင်း (၃၀)ဦးတို့ဖြင့် တက်ရောက် သင်ကြားလျက်ရှိပါသည်။

 

                                                                                                                                                                                                                                                                                                           ကုန်သွယ်မှုပညာပေးရေးဌာနခွဲ