စင်္ကာပူနိုင်ငံသို့ ပင်လယ်ရေကြောင်းမှ သွားမည့် မြန်မာ့သာကူစေ့

Mon, 12/10/2012 - 07:20 -- Anonymous (not verified)

စင်္ကာပူနိုင်ငံသို့ ပင်လယ်ရေကြောင်းမှ သွားမည့် မြန်မာ့သာကူစေ့ ကုမ္ပဏီတစ်ခုမှ မြန်မာနိုင်ငံမှာ ထွက်ရှိသော ပီလောပီနံဥအမှုန့်ဖြင့် တန်ဖိုးမြှင့် ကုန်ချောပစ္စည်းအဖြစ် ပြုလုပ်ထားသည့် မြန်မာ့ သာကူစေ့၊ ကုန်သွယ်မှုအခေါ် (Tapioca ) (30)တန်အား တစ်တန်လျှင် အမေရိကန်ဒေါ်လာ(730)ဈေးနှုန်းဖြင့် စင်္ကာပူနိုင်ငံသို့ တင်ပို့ရန်အတွက် ပို့ကုန်လိုင်စင် လာရောက်လျှောက်ထား ထုတ်ယူခဲ့ကြောင်းသိရှိရပါတယ်..... သာကူစေ့အား အစားအစာအဖြစ်ပြုလုပ် စားသုံး ကြောင်းသိရှိရပါတယ်…… ပီလောပီနံဥအမှုန့်အား ကုန်ကြမ်းအတိုင်း တင်ပို့ မည် ဆိုပါက တစ်တန်လျှင် အမေရိကန်ဒေါ်လာ (300-320) ခန့်သာ ရရှိကြာင်း သိရှိရပြီး ယခုကဲ့သို့ကုန်ချောအဖြစ်ပြုပြင်ထုတ်လုပ်တင်ပို့ခြင်းဖြင့် တိုင်းပြည်အတွက် နိုင်ငံခြားဝင်ငွေသိသာစွာတိုးမြှင့်ရရှိ ခြင်း၊ ပြည်တွင်းတွင် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်များလာခြင်း၊စိုက်ပျိုးထုတ်လုပ်သူများအကျိုး အမြတ်ပိုမိုရရှိလာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာနိုင် မည်ဖြစ်သဖြင့် အမယ်သစ်တန်ဖိုးမြှင့်ကုန်ချောပစ္စည်းများ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး ကြိုးစား ဆောင်ရွက်သွား နိုင်ကြစေဖို့ သတင်းကောင်းပါးအပ်ပါ တယ်ခင်ဗျာ………. Export mg mg lwin