ငါးရှဉ့် တင်ပို့မှုအခြေအနေ

Thu, 05/09/2013 - 04:26 -- admin

ငါးရှဉ့် တင်ပို့မှုအခြေအနေ ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ် ရေထွက်တင်ပို့မှုတွင် ငါးရှဉ့်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၃၀ ရရှိရန်လျာထားပြီး ယခုနှစ် နိုဝင်ဘာလထိ ၃၁ သန်းကျော် တင်ပို့ပြီးှ၍လျာထားချက်ထက် ၁၀၃.၇၅% ကျော်လွန် တင်ပို့နိုင်ပြီဖြစ်ကြောင်း ၊ ငါးပုဇွန်အရည်အသွေး စစ်ဆေးထိန်းချုပ်ရေးအဖွဲ့မှ သိရသည်။ ငါးရှဉ့်တင်ပို့မှု အနေဖြင့်လည်း ယခင်နှစ်က တင်ပို့မှုလျာထားချက် ၂၅ သန်းကျော်ထက် ပိုမိုတင်ပို့နိုင်ခဲ့သည်။ ငါးရှဉ့်ဈေးကွက်အနေဖြင့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ နယ်စပ်ဒေသကုန်သွယ်မှူ ထွက်ပေါက် များမှ အများဆုံးတင်ပို့ခဲ့သည်ကိုတွေ့ရှိရပြီ တရုတ်နိုင်ငံမှ အများဆုံးဝယ်လိုအားမြင့်မားပြီး ချင်းရွှေဟော် မှ အများဆုံးတင်ပို့ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ ယခုနှစ်အတွင်း ငါးရှဉ့်လေလံဈေး တွင် စက်တင်ဘာလအတွင်းက ငါးရှဉ့် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၅၆၀၀ ကျော် ရရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၀၀၀ အထိ အမြင့်ဆုံး ဈေးရရှိခဲ့ ကြောင်း ၊ ငါးရှဉ့်လုပ်ငန်းရှင်များ အသင်းမှ သိရသည်။ မြင့်မြင့်အေး (ပို့ကုန်)