Tradenet 2.0 စနစ်အသုံးပြုမှုသင်တန်း (၁/၂၀၂၃) အား Virtual Online စနစ်ဖြင့် ဖွင့်လှစ်မည်

Wed, 12/28/2022 - 05:32 -- ictadmin

ကုန်သည်လုပ်ငန်းရှင်များအတွက် Tradenet 2.0 စနစ်အသုံးပြုသင်တန်း (၁/၂၀၂၃) သင်တန်းသားခေါ်ယူခြင်း

 

        Virtual Online စနစ်အသုံးပြု၍ “ကုန်သည်လုပ်ငန်းရှင်များအတွက် Tradenet 2.0 စနစ် အသုံးပြု သင်တန်း (၁/၂၀၂၃)အား သင်တန်းသားဦးရေ (၅၀၀-ဦး) ဖြင့် အောက်ပါအစီအစဉ်အတိုင်း ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ပါသည် -

သင်တန်း နေ့ရက်/အချိန်/နေရာနှင့် ဘာသာရပ်များ

(၁)  သင်တန်းနေ့ရက်             - (၂၁-၁-၂၀၂၃)ရက်နေ့ မှ (၂၂-၁-၂၀၂၃) ရက်နေ့ထိ

(၂)  သင်တန်းအချိန်               - နံနက် (၁၀:၀၀) မှ (၁၅:၃၀) နာရီအထိ

(၃)  သင်တန်းနေရာ               - Virtual Online

(၄)  ပို့ချမည့် ဘာသာရပ်များ   - *Tradenet2.0  Brief, *Tradenet Member, * HS Code အကြောင်း          

                                             *ပသကနှင့်ဆက်စပ်ကတ်များ(မူဝါဒပိုင်း၊ စနစ်အသုံးပြုပုံ)

                                             *ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်များ(မူဝါဒပိုင်း၊ စနစ်အသုံးပြုပုံ)

                                             *ကုန်သွယ်မှုဆိုင်ရာငွေပေးသွင်းမှု(e-Commerce Pay) 

                                             * ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Online Co)               

လျှောက်လွှာလက်ခံမည့်နေ့ရက်နှင့် သင်တန်းကြေး

(၁)   အများသိရှိနိုင်ရန်ကြော်ငြာမည့်ရက်                        -    (၂၈-၁၂-၂၀၂၂)

(၂)   သင်တန်း Form လက်ခံခြင်း                                   -   (၃-၁-၂၀၂၃) မှ (၉-၁-၂၀၂၃)    

(၃)   သင်တန်းဝင်ခွင့်ရရှိသည့် သင်တန်းသားအား             -   (၁၁-၁-၂၀၂၃)

       ထုတ်ပြန်အကြောင်းကြားခြင်း          

(၄)   သင်တန်းကြေးပေးသွင်းရမည့်ရက်                         -   (၁၂-၁-၂၀၂၃) မှ (၁၆-၁-၂၀၂၃)

(၅)   Webinar Register ပြုလုပ်ရမည့်ရက်                    -   (၁၈-၁-၂၀၂၃) ရက်နေ့

(၆)   သင်တန်းကြေး                                                   -   ၃၀၀၀၀ ကျပ်

လျှောက်ထားခြင်း/ငွေသွင်းခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်

(၁)    လျှောက်လွှာနှင့် [email protected] သို့ သတ်မှတ်ရက်ထက်မကျော်လွန်ဘဲ ပေးပို့ လျှောက်ထားရန်။

        (လျှောက်လွှာနှင့်ကုမ္ပဏီထောက်ခံချက်ပုံစံ www.myanmartradenet.com တွင် Download ရယူရန်)

        (၁၁-၁-၂၀၂၃) တွင်တက်ရောက်ခွင့်ရရှိမှုအား လျှောက်လွှာပါ e-mail သို့ အကြောင်းပြန်ကြားမည်ဖြစ်ပြီး Commerce Website,

        Tradenet Website, Commercial New Facebook Page နှင့် Tradenet 2.0 Facebook Page တို့တွင် ကြော်ငြာပေးသွားမည်။

(၂)    သင်တန်းတက်ရောက်ခွင့် e-mail ရရှိပါက KBZ Quick Pay ဖြင့် သင်တန်းကြေးပေးသွင်းရန်။

       (Quick Pay ပေးသွင်းရန် Title - Department of Trade/Tradenet Training Fees)(သင်တန်းတက်ရောက်ခွင့်ရရှိသူများသာ

       ငွေပေးသွင်းရန်)

(၃)   သင်တန်းကြေးပေးသွင်းပြီး Screen Shot အားလျှောက်လွှာပေးပို့ခဲ့သည့် e-mail ဖြင့် Reply mail ပေးပို့ရမည်။

(၄)   ငွေပေးသွင်းမှုစိစစ်ပြီးပါက (၁၈-၁-၂၀၂၃) ရက်နေ့တွင် လျှောက်လွှာပါ e-mail သို့ Webinar Register ပြုလုပ်ရန်အတွက်

        Link နှင့် သင်ခန်းစာများအားပေးပို့သွားမည်။

စည်းကမ်းချက်များ

(၁)   သတ်မှတ်ရက်ကျော်လွန်လျှောက်ထားလာသည့် လျှောက်လွှာများ လက်ခံခြင်းမပြုပါ။

(၂)    လျှောက်လျှောက်လွှာတွင်ပါရှိသော အချက်များအားပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းရန်လိုအပ်ပါသည်။ လက်ရေး ဖြင့် ဖြည့်သွင်းပါက

        ရှင်းလင်းပီသစွာရေးသွင်းရမည်ဖြစ်ပြီး တက်ရောက်ခွင့်ရရှိပါက Quick Pay တွင် ပါရှိသည့် အချက်များအား

        သေချာစွာဖြည့်သွင်းရမည်။

(၃)    လျှောက်လွှာပါ e-mail သို့ Register Link ပေးပို့မည်ဖြစ်၍ သင်တန်းသား (၁) ဦးလျှင် e-mail(၁) ခု ပေးပို့မှသာ Register Link နှင့်

         သင်ခန်းစာများ တစ်ဦးချင်းစီသို့ သီးခြားပေးပို့နိုင်မည်ဖြစ်သည်။

(၄)    သင်တန်းသားဦးရေကျော်လွန်ပါက နောက်ဖွင့်လှစ်မည့်သင်တန်းတွင်သာ တက်ရောက်ခွင့်ရရှိမည်။

(၅)    သင်တန်းအားအချိန်ပြည့်ပြီးဆုံးအောင် တက်ရောက်နိုင်သူဖြစ်ရမည်။

(၆)    သင်တန်းဆင်းလက်မှတ် e-Certificate အား (၂)ပတ်အတွင်း လျှောက်လွှာပါ email သို့ ပေးပို့သွား မည်ဖြစ်သည်။

 

မှတ်ချက်   -   အခက်အခဲရှိပါက ၀၆၇-၄၀၈၄၁၂, ၀၆၇-၄၀၈၂၄၁, ၀၆၇-၄၀၈၆၇၁, ၀၆၇-၄၀၈၄၈၅

 

ကုန်သွယ်ရေးဦးစီးဌာန

နောက်ဆုံးရသတင်းများ

Pages