ASEAN Network of Intellectual Property Enforcement Expert (ANIEE)ကဦးစီးကျင်းပမည့် Poster နှင့် Video ပြိုင်ပွဲသို့ ဖိတ်ခေါ်ခြင်း

Mon, 07/11/2022 - 09:24 -- ipICTdep
ASEAN

၁။      ASEAN Network of Intellectual Property Enforcement Expert (ANIEE) မှ မူပိုင်ခွင့် ဆိုင်ရာ Poster နှင့် Video ပြိုင်ပွဲများကို ကျင်းပမည်ဖြစ်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပါဝင် ယှဉ်ပြိုင်နိုင်သဖြင့် လူငယ်လူရွယ်များ ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

၂။       ပိုစတာပြိုင်ပွဲ စည်းကမ်းသတ်မှတ်ချက်များမှာ-

(က)    “Respecting Intellectual Property Rights in Midst of the Pandemic to Protect MSMEs”ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ရပါမည်။

          (ခ)     အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်လူရွယ်များပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။

          (ဂ)     Poster အရွယ်အစားသည် A4 (8.27’x 11.69’)(300 DPI) PORTRAIT ဖြစ်ရမည်။

          (ဃ)    ပြိုင်ပွဲဝင်သူသည် ပိုစတာပြုလုပ်နေသည့် အထောက်အထား video ကိုတင်ပြရမည်။

(င)     ပြိုင်ပွဲဝင်သူသည် တီထွင်ဖန်တီးမှုဖော်ပြရန်အတွက် Photoshop ၊ Paint(သို့မဟုတ်) မည်သည့် graphics software ကိုမဆို အသုံးပြုနိုင်ပါသည်။

(စ)     ပိုစတာသည် high resolution JPEG Format ၊ Maximum File size- 10 MB ဖြစ်ရ မည်၊ အနည်းဆုံး 1920 x 1080 pixels နှင့် 300 dpi ဖြစ်ရမည်။

(ဆ)    ပြိုင်ပွဲဝင်သူကိုယ်တိုင်ဖန်တီးထားသည့် Static digital Imageဖြစ်ရမည့်အပြင် ဖော်ပြချက် အကျဉ်းချုပ်သည် စကားလုံး ၁၀၀ ထက်မပိုရပါ။

(ဇ)     ယခင်ပြိုင်ပွဲများတွင် ပြိုင်ခဲ့သည့်အကြောင်းအရာများ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေများကို ချိုးဖောက်သည့်အကြောင်းအရာ များအား ပါဝင်ယှဉ်ပြိုင်ခွင့်မရှိပါ။

          (ဈ)     လူပုဂ္ဂိုလ်များ၏ ပုံရိပ်များပါဝင်ပါက အဆိုပါ ပုဂ္ဂိုလ်၏ သဘောတူညီချက်ပါရှိရမည်၊

          (ည)    ပြိုင်ပွဲဝင်သူသည် Poster တစ်ခုသာ တင်သွင်းယှဉ်ပြိုင်ရမည်။

(ဋ)     ပြိုင်ပွဲဝင်လက်ရာများအနက်မှ အကောင်းဆုံးလက်ရာရှင်တစ်ဦးကို စိစစ်ရွေးချယ်ပြီး အာဆီယံဒေသတွင်း နိုင်ငံများနှင့် ယှဉ်ပြိုင်ရန် ပေးပို့သွားပါမည်။

၃။      Video ပြိုင်ပွဲအတွက် စည်းကမ်းချက်များမှာ-

(က)    “IP and Youth: Digital Enforcement, Innovating for a Better Future” ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ရပါမည်။

(ခ)     အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်လူရွယ်များ(တစ်ဦးချင်း/အဖွဲ့)ပါဝင် ယှဉ်ပြိုင် နိုင်ပါသည်။

(ဂ)     Video သည် ၁ မိနစ်မှ ၃ မိနစ်အတွင်း ကြာမြင့်ရမည်ဖြစ်ပြီး အင်္ဂလိပ်ဘာသာစကား ဖြစ်ရမည်။ (မြန်မာဘာသာဖြင့် စာတန်းထိုးရေးသားနိုင်သည်။)

(ဃ)    ယှဉ်ပြိုင်သည့် Video သည် အခြား Social Media များအပါအဝင် You Tube Terms of Service and Community Guideline နှင့်ကိုက်ညီရမည်။

(င)     အဆိုပါ Video သည် ပြိုင်ပွဲဝင်၏ ကိုယ်ပိုင်လက်ရာဖြစ်ရမည်ဖြစ်ပြီး လူပုဂ္ဂိုလ်များ၏ ပုံရိပ်များပါဝင်ပါက အဆိုပါပုဂ္ဂိုလ်၏ သဘောတူညီချက်ပါရှိရမည်။

          (စ)     ပြိုင်ပွဲဝင်သည် Video တစ်ခုသာတင်သွင်းယှဉ်ပြိုင်ရမည်။

(ဆ)    ပြိုင်ပွဲဝင်လက်ရာများအနက်မှ အကောင်းဆုံးလက်ရာရှင်တစ်ဦးကို စိစစ်ရွေးချယ်ပြီး အာဆီယံ ဒေသတွင်းနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်ရန် ပေးပို့သွားပါမည်။

၄။      ANIEE မှ Poster နှင့် Video တစ်ခုချင်းစီအတွက် အောက်ပါအတိုင်း ဆုချီးမြှင့်မည်ဖြစ်ပါသည်-

          (က)    ပထမဆု        -        500 USD

          (ခ)     ဒုတိယဆု      -        300 USD

          (ဂ)     တတိယဆု     -        200 USD

၅။      ပြိုင်ပွဲဝင်များသည် ပြိုင်ပွဲဝင်လက်ရာ(hard copy နှင့် soft copy)တို့ကို မိမိ၏ကိုယ်ရေးအကျဉ်း၊ မှတ်ပုံတင်မိတ္တူပူးတွဲလျက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)၊ နေပြည်တော်သို့လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ၊ [email protected] emailသို့ဖြစ်စေ(၁-၈-၂၀၂၂)ရက်နေ့နောက်ဆုံးထား၍ ပေးပို့ယှဉ်ပြိုင်သွားရန်နှင့် ပြိုင်ပွဲဝင်လက်ရာ များအနက်မှ သတ်မှတ်စည်းကမ်းချက်နှင့်ကိုက်ညီသည့် Poster နှင့် Video ပြိုင်ပွဲတစ်ခုစီအတွက် အကောင်းဆုံးလက်ရာ(၁)ခုစီအား စိစစ်ရွေးချယ်ပြီး ရွေးချယ်ခံရသည့် ကာယကံရှင်ထံသို့ အကြောင်း ကြားပါမည်။ အဆိုပါ လက်ရာ(၂)ခုအား အာဆီယံဒေသတွင်းပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အာဆီယံဒေသတွင်း ပြိုင်ပွဲတွင် ဆုရရှိပါက ဆက်သွယ်ပေးမည်ဖြစ်ပါသည်။

၆။      အာဆီယံဒေသတွင်း ဆုရရှိသူ၏ မူပိုင်ခွင့်သည် ကာယကံရှင်ဖြစ်သော်လည်း အဆိုပါ Poster နှင့် Video အား အသုံးပြုခွင့်သည် ANIEE နှင့်သက်ဆိုင်သည်။

၇။      အဆိုပါ ပြိုင်ပွဲနှင့်စပ်လျဉ်း၍ စုံစမ်းသိရှိလိုပါက မူပိုင်ခွင့်ဦးစီးဌာန၏ တယ်လီဖုန်းနံပါတ် ၀၆၇-၄၃၀၅၉၅ သို့မဟုတ် ၀၆၇-၄၃၀၅၉၆ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

                                                                                                                                                                                                                                                                                                                                                                                                                                                                မူပိုင်ခွင့်ဦးစီးဌာန

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

 

နောက်ဆုံးရသတင်းများ

Pages