ဝါသီးနှံကဏ္ဍတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် Stakeholders များပါဝင်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြောကြား

Tue, 05/10/2022 - 09:53 -- mocadmin

 ၂၀၂၂ ခုနှစ်၊ မေလ ၁၀ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် ဝါသီးနှံကဏ္ဍတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် Stakeholders များပါဝင်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။

          ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စိုက်ပျိုးထုတ်လုပ်သူတောင်သူ၊ ဝါကြိတ်စက်လုပ်ငန်းရှင်များမှအစ ပြည်ပတင်ပို့သည့် Exporter များအထိ သင့်တင့်မျှတသည့် ဈေးနှုန်းများ၊ ထိုက်သင့်သည့် အကျိုးအမြတ်များရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တက်ရောက်လာကြသည့် ဌာနများနှင့် သက်ဆိုင်ရာအသင်း အဖွဲ့များမှ ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက် ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးစေလိုပါကြောင်းနှင့် အခက်အခဲများရှိပါကလည်း သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပံ့ပိုးကူညီဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာသူများက ဝါစိုက်ပျိုးထုတ်လုပ်မှု၊ နိုင်ငံပိုင် စက်ရုံများနှင့်တိုင်းရင်းသားချည်လုပ်ငန်းရှင်များက ဝါဂွမ်းဝယ်ယူရရှိမှုအခြေအနေနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ဝယ်ယူရန်လျာထားမှုအခြေအနေများ၊ ပြည်ပတင်ပို့မှုနှင့် ဝါသီးနှံနှင့် ဝါဂွမ်း လက်ကျန် ကျန်ရှိမှုအခြေအနေများနှင့်ပတ်သက်ပြီး ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်ဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          အစည်းအဝေးသို့ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဝါနှင့် ဝါထွက် ပစ္စည်းလုပ်ငန်းရှင်များအသင်း၊ ဝါလုပ်ငန်းနှင့်ပတ်သက်သည့် အသင်းအဖွဲ့များနှင့် ဝါဂွမ်းတင်ပို့ သည့် Exporter များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages