လျှပ်စစ်သုံးယာဉ်များအတွက် အားသွင်းစက်များရောက်ရှိ

Wed, 04/19/2023 - 11:04 -- mocadmin

    အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Chin Dwin Shan Construction Co.,Ltd. မှ တင်သွင်းလာသော AONENG အမျိုးအစား၊ လျှပ်စစ်သုံးယာဉ် အားသွင်းစက် (EV Charger) 60 KW (၃) စုံနှင့် (EV Charger) 7 KW (၃၀) စုံ၊ စုစုပေါင်း လျှပ်စစ်သုံးယာဉ် အားသွင်းစက် (၃၃) စုံသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပြီး အဆိုပါလျှပ်စစ်သုံးယာဉ် အားသွင်းစက်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages