လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

Mon, 06/05/2023 - 03:40 -- mocadmin

    အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် N.P.K Motors Co., Ltd. မှ တင်သွင်းလာ‌သော MG Marvel အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၂) စီး၊ MG, MG4 (Mulan) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၄) စီးနှင့် Amazing Auto Co., Ltd. မှ တင်သွင်းလာသော Dongfeng Honda ENS1 လျှပ်စစ်သုံး မော်တော်ယာဉ် (၂၇) စီး၊ စုစုပေါင်းလျှပ်စစ်သုံး မော်တော်ယာဉ် (၃၃) စီးသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါလျှပ်စစ်သုံးမော်တော်ယာဉ်များတင်သွင်းမှု အတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages