လျှပ်စစ်သုံးမော်တော်ယာဉ်များ မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့ ရောက်ရှိ

Tue, 05/16/2023 - 03:47 -- mocadmin

  အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်‌ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Myanmar Brilliance Auto Co.,Ltd မှ တင်သွင်းလာသော HAIMA 7X-E အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၂)စီးသည် ရန်ကုန်တိုင်း ဒေသကြီး မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့ရောက်ရှိလာပါသဖြင့် ၁၅.၅.၂၀၂၃ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ ပါကြောင်းနှင့် အဆိုပါလျှပ်စစ်သုံးယာဉ်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

Pages