မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်

Fri, 06/24/2022 - 10:05 -- mocadmin

နေပြည်တော် ဇွန် ၂၄ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ယနေ့နံနက် (၀၇:၃၀) နာရီအချိန်က နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန ရုံးဆောက်လုပ်မည့် မြေနေရာအနီး၌  ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက မဟော်ဂနီအပင်ကို ဦးဆောင်စိုက်ပျိုးပြီး ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက မဟော်ဂနီပင်များနှင့် ရတနာတန်းဝင်ကျွန်းပင် (၁၉၇) ပင်၊ စုစုပေါင်း (၂၀၀) ပင်ကိုပါဝင်စိုက်ပျိုးကြပြီး နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့များသည် ဝန်ထမ်းများ သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။ ဝန်ကြီးဌာနအနေဖြင့်  ၂၀၂၀ ပြည့်နှစ်၊ မိုးရာသီနှင့် ၂၀၂၁ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်တွင် ရတနာတန်းဝင်ကျွန်းပင် (၂၀၀) ပင်၊ ပျဉ်းကတိုး (၁၅၀) ပင်၊ မဟော်ဂနီ (၁၅၀) ပင်၊ ဒန့်တလွန် (၅၀၀) ပင်၊ မန်ဂျန်ရှား (၁၀၀၀) ပင်၊ တစ်ရှူးငှက်ပျော (၂၀၀) ပင်၊ ထိုင်ဝမ်သင်္ဘော (၃၀၀) ပင်၊ စိန်တလုံးသရက် (၈၅၀) ပင်၊ ဝါးပိုးဝါး (၁၀၀၀) ပင်တို့အား စိုက်ပျိုးပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages