ပြည်တွင်းစက်သုံးဆီ ဖူလုံစေရေးအတွက် ပြည်ပမှ စက်သုံးဆီများကို စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့်အညီ ပုံမှန် တင်သွင်းဆောင်ရွက်လျက်ရှိ

Thu, 11/03/2022 - 03:30 -- mocadmin

  စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စက်သုံးဆီအမျိုးအစားအလိုက် ဖူလုံမှုရှိစေရေး စိစစ်တင်သွင်း ဆောင်ရွက်လျက်ရှိရာ စက်သုံးဆီတင်သွင်းမှုအခြေအနေမှာ ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Terminal များတွင် ဓာတ်ဆီ 92 Ron(၁.၆၀၃) ဂါလန်သန်း၊ ဓာတ်ဆီ 95 Ron (၀.၈၈) ဂါလန်သန်းနှင့် ရိုးရိုးဒီဇယ်ဆီ (၁.၆၂၂) ဂါလန်သန်းတင်ဆောင်လာသည့် MT Yu Dong သင်္ဘောသည် ဆီချလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပရီမီယံဒီဇယ်ဆီ (၂.၆၇) ဂါလန်သန်း တင်ဆောင်လာသည့် MT Intan Premier သင်္ဘော၊ ရိုးရိုးဒီဇယ်ဆီ (၁.၉၂၂) ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ (၂.၁၃၆) ဂါလန်သန်း တင်ဆောင်လာသည့် MT YU YI သင်္ဘောတို့ရောက်ရှိနေပြီဖြစ်သဖြင့် ရန်ကုန်၊ သီလဝါဆီလှောင်ကန် လက်ကျန်များ၊ စက်သုံးဆီအရောင်းဆိုင်များနှင့် ဖြန့်ဖြူးမှု လက်ကျန် အခြေအနေများအရ စက်သုံးဆီဖူလုံမှုရှိကြောင်း စိစစ်တွေ့ရှိရသည်။

   စက်သုံးဆီဈေးနှုန်းများအနေဖြင့် ယခုရက်သတ္တပတ်တွင် ဓါတ်ဆီဈေးနှုန်း အနည်းငယ်မြင့်တက်ပြီး ဒီဇယ်ဆီဈေးနှုန်း အနည်းငယ်ကျဆင်းကြောင်းတွေ့ရှိရပါသည်။

နောက်ဆုံးရသတင်းများ

Pages