ပြည်တွင်းစက်သုံးဆီဖူလုံစေရေးအတွက် ပြည်ပမှ စက်သုံးဆီများကို စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့်အညီ ပုံမှန်တင်သွင်းဆောင်ရွက်လျက်ရှိ

Mon, 10/31/2022 - 10:05 -- mocadmin

   စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စက်သုံးဆီအမျိုးအစားအလိုက် ဖူလုံမှုရှိစေရေး စိစစ်တင်သွင်းဆောင်ရွက်လျက်ရှိရာ စက်သုံးဆီတင်သွင်းမှုအခြေအနေမှာ ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Terminal များတွင် ရိုးရိုးဒီဇယ်ဆီ(၃.၀၇) ဂလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ (၃.၀၇)ဂါလန်သန်း တင်ဆောင်လာသည့် MT Harmony One သင်္ဘော သည် ဆီချလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဓာတ်ဆီ 92 Ron(၂.၇၆)ဂါလန်သန်း၊ ဓာတ်ဆီ 95 Ron (၀.၉၂)ဂါလန်သန်းနှင့် ရိုးရိုးဒီဇယ်ဆီ (၁.၆၅) ဂါလန်သန်း တင်ဆောင်လာသည့် MT Yu Dong သင်္ဘော၊ ပရီမီယံဒီဇယ်ဆီ (၄.၃၁) ဂါလန်သန်း တင်ဆောင်လာသည့် MT Beluga Pacific သင်္ဘောတို့သည် သက်ဆိုင်ရာ Terminal များသို့ ဆိုက်ကပ်၍ ဆီချလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သဖြင့် ရန်ကုန်သီလဝါ ဆီလှောင်ကန်လက်ကျန်များ၊ စက်သုံးဆီအရောင်းဆိုင်များနှင့် ဖြန့်ဖြူးမှု လက်ကျန်အခြေအနေများအရ စက်သုံးဆီဖူလုံမှုရှိကြောင်း စိစစ်တွေ့ရှိရသည်။

   စက်သုံးဆီဈေးနှုန်းများအနေဖြင့် ယခုရက်သတ္တပတ်တွင် အစိုးရရုံးပိတ်ရက်များ၌ ပြည်တွင်းခရီးသွားလာမှုများပြားခဲ့သဖြင့် စက်သုံးဆီသုံးစွဲမှုမြင့်တက်ခဲ့ပြီး ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ကြောင်းတွေ့ရှိရသည်။

နောက်ဆုံးရသတင်းများ

Pages