ပြည်တွင်းစက်သုံးဆီဖူလုံစေရေးအတွက် စက်သုံးဆီများပုံမှန်တင်သွင်းနိုင်‌ရေးစီမံဆောင်ရွက်လျက်ရှိ

Tue, 10/11/2022 - 08:24 -- mocadmin

    စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီသည် ပြည်တွင်း စက်သုံးဆီဖူလုံမှုရှိစေရေးအတွက် စက်သုံးဆီ အမျိုးအစားများအလိုက် ပုံမှန် စိစစ်တင်သွင်းဆောင် ရွက်လျက်ရှိရာ ၁၀-၁၀-၂၀၂၂ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Terminal များတွင် MT YU DONG သင်္ဘောမှ ဓာတ်ဆီ 92 Ron (၀.၀၂) ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ (၂.၈၀) ဂါလန်သန်းကို လည်းကောင်း၊ MT Bowmore သင်္ဘောမှ ဓာတ်ဆီ 92 Ron (၀.၁၄) ဂါလန် သန်းကိုလည်းကောင်း ဆီချလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ပရီမီယံဒီဇယ်ဆီ (၂.၉) ဂါလန်သန်း တင်ဆောင်လာသည့်  MT Aulac Vision သင်္ဘောနှင့် ရိုးရိုးဒီဇယ်ဆီ (၁.၆) ဂါလန်သန်းနှင့် ပရီမီယံ ဒီဇယ်ဆီ (၁.၈၆) ဂါလန်သန်း တင်ဆောင်လာသည့် MT Yu Yi သင်္ဘောများသည်လည်း ထပ်မံဆိုက် ကပ်လာပြီး ဆီချလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ရာ စက်သုံးဆီ လက်ကျန်အခြေအနေအရ စက်သုံးဆီဖူလုံမှုရှိကြောင်းတွေ့ရှိရသည်။

   ယခုရက်သတ္တပတ်အတွင်း စက်သုံးဆီဈေးနှုန်းများသည် ကမ္ဘာ့စက်သုံးဆီ ဈေးနှုန်းမြင့်တက်လာမှုကြောင့် အနည်းငယ် မြင့်တက်လာသည်ကိုတွေ့ရှိရသည်။

   တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ကုမ္ပဏီပိုင်စက်သုံးဆီအရောင်းဆိုင်များနှင့် ပုဂ္ဂလိကစက် သုံးဆီ အရောင်းဆိုင်များသို့ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး အချိန်မီပို့ဆောင်ပေးလျက်ရှိသော်လည်း ယခင်ရက်သတ္တပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ မြောင်စက်သုံးဆီ အရောင်းဆိုင်သို့ စက်သုံးဆီပြတ်လပ်မည်ဖြစ်သောကြောင့် အရေးပေါ်စက်သုံးဆီ ပို့ဆောင်စဉ် မြောင်-ပရိမ္မလမ်းပိုင်းတွင် အမည်မသိ အကြမ်းဖက်လက်နက်ကိုင်တစ်စုမှ အဆိုပါစက်သုံးဆီတင် ယာဉ်နှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား ဖမ်းဆီးခေါ်ဆောင်သွားသည့်အတွက် သက်ဆိုင်ရာ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီများအချိန်မီ ရောက်ရှိနိုင်ခြင်း မရှိခဲ့ကြောင်းသိရှိရသည်။

နောက်ဆုံးရသတင်းများ

Pages