ပြည်တွင်းစက်သုံးဆီဖူလုံစေရေးအတွက်စက်သုံးဆီများ ပုံမှန်တင်သွင်းနိုင်‌ရေး စီမံဆောင်ရွက်လျက်ရှိ

Wed, 10/05/2022 - 03:56 -- mocadmin

   စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စက်သုံးဆီအမျိုးအစားအလိုက် ဖူလုံမှုရှိစေရေး စိစစ်တင်သွင်းဆောင်ရွက်လျက်ရှိရာ စက်သုံးဆီတင်သွင်းမှုအခြေအနေမှာ ၁-၁၀-၂၀၂၂ ရက်နေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Terminal တွင် MT Intan Premier သင်္ဘောသည် ဓာတ်ဆီ 92 Ron (၂.၀၉) ဂါလံသန်းနှင့် ဓာတ်ဆီ 95 Ron (၀.၁၇) ဂါလံသန်း ဆီချလုပ်ငန်းဆောင်ရွက်လျက်ရှိသည်။

   တစ်ပတ်အတွင်း စက်သုံးဆီဈေးနှုန်းများအနေဖြင့် စက်တင်ဘာလ၂၉ ရက်နေ့တွင် MOPS ဈေးမြင့်တက်မှုကြောင့် အနည်းငယ် မြင့်တက်ခဲ့ပြီး နောက်ပိုင်းတဖြည်းဖြည်းကျဆင်းလျက်ရှိကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages