စားသောက်ကုန်ထုတ်လုပ်ရေးနည်းပညာနှင့် အစားအစာဘေးကင်းရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

Thu, 04/27/2023 - 03:37 -- mocadmin

   Korea  - Myanmar Technology Advice and Solutions from Korea(TASK) စီမံကိန်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊  မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့်  Korea Food Research Institute(KFRI)တို့ပူးပေါင်းပြီး ပို့ကုန် မြှင့်တင်ရေးအတွက်  စားသောက်ကုန်ထုတ်လုပ်ရေး နည်းပညာနှင့်အစားအစာဘေးကင်းရေးဆိုင်ရာ ဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဧပြီ လ ၂၆ ရက် (ဗုဒ္ဓဟူးနေ့) နံနက် (၉:၀၀) နာရီအချိန်တွင် မန္တလေး မြို့၊ Mingalar Mandalay Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဦးသိန်းဌေး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါနှင့် ကိုရီးယား သမ္မတနိုင်ငံ၊ Korea Food Research Institute (KFRI) ၊ သုတေသနဌာနမှ ဥက္ကဌ Dr. HONG Seok In တို့ကအဖွင့်အမှာစကားများပြောကြားခဲ့ကြပါသည်။

   အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ကုမ္ပဏီများက ၎င်းတို့ထုတ်လုပ်သည့် စားသောက်ကုန်နမူနာများကို ခင်းကျင်းပြသ ထားရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက လှည့်လည်ကြည့်ရှုပြီး၊ ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက် ရေး ဆောင်ရွက်ရန် လိုအပ်ချက်များကို မှာကြားခဲ့သည်။

   ထို့နောက် ကိုရီးယား စားသောက်ကုန်ထုတ်လုပ်ရေးကဏ္ဍ  ကျွမ်းကျင်ပညာရှင်များက အစားအစာဘေးကင်းရေးစီမံခန့်ခွဲမှု၊ စားသောက်ကုန်အရည်အသွေးထိန်းသိမ်းမှု၊  ထုတ်ကုန်သစ်များဖွံဖြိုးတိုးတက်ရေးစသည့် ခေါင်းစဉ်များဖြင့်ဆွေးနွေးဟောပြောခဲ့ကြပါ သည်။  အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ  စားသောက်ကုန်ထုတ်လုပ်သည့်  ကုမ္ပဏီဖြစ်သည့် NNK Top Myanmar Company နှင့် ကိုရီးယားသမ္မတနိုင်ငံမှ စားသောက်ကုန် ကုမ္ပဏီဖြစ်သည့် Ozoniad Company တို့အကြား  စားသောက်ကုန်ထုတ်လုပ် မှုဆိုင်ရာ  နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာ (MOU ) ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

   အဆိုပါဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များ၊ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်းမှ ကိုယ်စားလှယ်များ၊ Korea Food Research Institute(KFRI) မှ စားသောက်ကုန်ထုတ်လုပ် ရေးပညာရှင်များ၊ မြန်မာ့စားသောက်ကုန်ထုတ်လုပ်ရေးကုမ္ပဏီ (၁၈) ခု မှ ကိုယ်စားလှယ်များ စုစုပေါင်း (၄၅) ဦးခန့် ပါဝင်တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

Pages