စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်သည့် (၇၆) နှစ်မြောက် ပြည်ထောင်စုအနေ့အကြို တိုင်းရင်းသားရိုးရာ အစားအသောက်ပွဲတော်သို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အားပေး

Fri, 02/10/2023 - 08:51 -- mocadmin

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တိုင်းရင်းသားရိုးရာအစားအသောက် ပွဲတော်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အားပေးအမှာစကား ပြောကြားခဲ့သည်။

          အခမ်းအနားတွင် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဝန်ထမ်းများက တိုင်းရင်းသားရိုးရာအစားအစာမျိုးစုံကို ဌာနအလိုက်တပျော် တပါးချက်ပြုတ်ပြင်ဆင်ကြပြီး ပါဝင်တက်ရောက်လာသည့် ဝန်ထမ်းများအား ဧည့်ခံကျွေးမွေးကြပါသည်။ ဝန်ထမ်းများ၏ ပြင်ဆင် ချက်ပြုတ်ဧည့်ခံမှုများအား ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်  ဌာနအကြီးအကဲများက အားပေးကြည့်ရှုခဲ့ကြပါသည်။ အစီအစဉ် အရ ဌာနအသီးသီးက တိုင်းရင်းသားရိုးရာအစားအစာများ ပြင်ဆင်ချက်ပြုတ် ဧည့်ခံကျွေးမွေးမှုနှင့်ပတ်သက်၍ အကဲဖြတ်အမှတ်ပေး ခြင်းကိုလည်းဆောင်ရွက်ခဲ့ရာ ဆုရရှိသည့်ဌာနများအား ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေး မှူးချုပ်များက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages