စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၁၃၈၄-၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်အကြို ရေသဘင်ပွဲတော်သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အားပေးချီးမြှင့်

Sun, 04/09/2023 - 03:00 -- mocadmin

နေပြည်တော်၊ ဧပြီ ၇           စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစု များ၏  သင်္ကြန်အကြို ရေကစားဧည့်ခံပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့ (၁၅:၀၀)နာရီ အချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၃)၊ ဝန်ကြီးဌာန ပရဝဏ်အတွင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ ပွင့်ဆန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသော  ဒေါက်တာ ဝါဝါမောင်၊ ဦးညွန့်အောင်နှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ အဖွဲ့ဝင်၊ ဦးသန်းအောင်ကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး၊ H.E. Mr. Chen Hai ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ဝန်ထမ်းများတက်ရောက်ခဲ့ပါသည်။

          အခမ်းအနား၌ စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက နှုတ်ခွန်းဆက် နှစ်သစ်ကူးအမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးညွန့်အောင်က ဝန်ကြီးဌာနမှ ဝန်ထမ်းများအတွက် နှစ်သစ်ကူးထောက်ပံ့ငွေပေးအပ်ရာ ဝန်ထမ်းများ ကိုယ်စား အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက လက်ခံရယူပါသည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သံအမတ်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသောဧည့်တော်များက ဝန်ထမ်းများနှင့်အတူ ဝန်ကြီး ဌာနရေကစားမဏ္ဍပ်၌ ပျော်ရွှင်စွာ ရေပက်ကစားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ဝန်ထမ်းများက စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးကြပါသည်။ ဖျော်ဖြေရေးအစီအစဉ်အဖြစ် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သင်္ကြန်ယိမ်းအဖွဲ့များ၊ ဖိတ်ကြားထားသည့်  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ သင်္ကြန်ယိမ်းအဖွဲ့များမှလည်း အကအလှများဖြင့် ကပြဖျော်ဖြေခဲ့ပြီးနောက် ယိမ်းအဖွဲ့များအား ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်နိုင်ဦးက ဆုငွေများချီးမြှင့်ကာ အခမ်းအနားကို မန်းတောင်ရိပ်ခိုသီချင်း သံပြိုင်သီဆိုကပြ၍ ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိသည်။

နောက်ဆုံးရသတင်းများ

Pages