ကုန်သွယ်မှုသင်တန်းကျောင်း (ရန်ကုန်)၊ သင်တန်းအမှတ်စဉ် (၆) တက်ရောက်ပို့ချလျှက်ရှိသည့် အခြေအနေများအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ကြည့်ရှုစစ်ဆေး

Sat, 01/21/2023 - 07:18 -- mocadmin

       နေပြည်တော်၊ ဇန်နဝါရီ ၂၁ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့ ၁၂:၀၀ နာရီအချိန်၌ ရန်ကုန်တိုင်းဒေသကြီးရုံး၊ ကုန်သွယ်မှုသင်တန်းကျောင်း (ရန်ကုန်)တွင် အစိုးရဝန်ထမ်းနှင့်ပုဂ္ဂလိကကဏ္ဏမှလုပ်ငန်းရှင်များ ကုန်သွယ်မှုနှင့်စီးပွားရေးလုပ်ငန်းဆိုင်ရာ ဗဟုသုတများတိုးပွားစေရန်၊ အရည်အသွေးမှီသင်တန်းများပို့ချခြင်းဖြင့် စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရန်နှင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုစေရန်တို့အတွက် ရည်ရွယ်ဖွင့်လှစ်သော သင်တန်းအမှတ်စဉ် (၆)  တက်ရောက်ပို့ချလျှက်ရှိသည့်အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့သည်။

          အမှာစကားပြောကြားရာတွင် ပုဂ္ဂလိကကဏ္ဏမှ ကုန်သွယ်မှုဆိုင်ရာလုပ်ငန်း လုပ်ကိုင်နေသူများ အနေဖြင့် နိုင်ငံတကာနှင့် ဆက်စပ်၍ ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် သိရှိထားရမည့် အခြေခံအချက်များ တတ်ကျွမ်းနားလည်ရေး၊ ကုန်သွယ်မှုဆိုင်ရာ ဗဟုသုတများပိုမိုသိရှိစေရေး၊ အမြဲပြောင်းလဲလျှက်ရှိသည့် နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ လုပ်နည်းလုပ်ဟန်များ စဉ်ဆက်မပြတ် လေ့လာသင်ယူရေးနှင့် ကုန်သွယ်မှုကဏ္ဏဖွံ့ဖြိုးတိုးတက်မှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်၍ ကုန်သွယ်မှု ကဏ္ဏဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေးများကို ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းများ

Pages